ပအိုဝ်း လူထုဆန္ဒအရ ကြံ့ခိုင်ရေး ပါတီ ကို မဟာမိတ် အဖြစ် မှ PNO ရပ်စဲ

ပအိုဝ်းတိုင်းရင်းသားများက PNO ပါတီကိုသာ မဲပေးချင်သည်ဟု တောင်းဆိုလာသည့်အတွက် ပြည်ခိုင်ဖြိုးပါတီကို မဟာမိတ် အဖြစ် မှ ရပ်စဲလိုက်ရခြင်းဖြစ်ကြောင်း PNO ကပြောသည်။

Photo by Pa-O National Organization

ပြီးခဲ့သည့် ရွေးကောက်ပွဲ သက်တမ်းများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ပြည်ခိုင်ဖြိုးပါတီ (USDP) နှင့် မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်ခဲ့သည်။

သို့သော် လာမည့် ရွေးကောက်ပွဲတွင် PNO အနေဖြင့် UDSPပါတီကို မဟာမိတ် အဖြစ်လက်မတွဲတော့ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများ၏ တောင်းဆိုချက်အရ မဟာမိတ်အဖြစ်ရပ်စဲလိုက်ရခြင်းဖြစ်ကြောင်း PNO အထွေထွေ အတွင်းရေးမှူး ခွန်သိန်းဖေ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့ ပြည်သူ (ပအိုဝ်း တိုင်းရင်းသား) တွေက ဘာပြောတုန်းဆိုတော့ ရွေးကောက်ပွဲက ၃ ကြိမ်လောက် ရှိလာပြီ။ ၂ ကြိမ် က ကိုယ့်လူမျိုးပါတီကို မဲမပေးလိုက်ရဘူး။ ကျနော်တို့လည်း ကိုယ့်လူမျိုးပါတီကိုပဲ မဲပေးချင်တယ် လို့ ပြောလာလို့ပါ” ဟု ခွန်သိန်းဖေ က ပြောသည်။

Photo by Pa-O National Organization/ Facebook

PNO အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ USDP အား ရွေးကောက်ပွဲ တွင် လက်တွဲဖြုတ်ခဲ့သော်လည်း ကျန် နိုင်ငံတော် အကျိုး၊ ပြည်နယ် အကျိုး၊ ဒေသ အကျိုးတို့ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဟု ခွန်သိန်းဖေ က ထပ်လောင်း ပြောသည်။

“ ဘယ်နေရာမှာပဲ ဝင်ပြိုင်ပြိုင် ကိုယ့်ဒေသ ကိုယ့်မြို့နယ် ကိုယ့်တိုင်းပြည်အတွက် အမှန်တကယ်ကို စွမ်းစွမ်းတမံ နဲ့ အရည်အချင်းပြည့်ဝတဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးတွေ ဝင်ပြိုင်တယ်ဆိုရင်တော့ လက်ခံကြိုဆိုပါတယ်” ဟု ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်တွင်နေထိုင်သည့် ဒေသခံတဦးကပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် သျှမ်းပြည် လွှတ်တော် ၌ အဆိုတင်ပြ ဆွေးနွေးခြင်းမပြုသည့် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ကျော် ရှိသည့်အတွက် သျှမ်းပြည်လူထုအနေဖြင့် ၅နှစ်သာ ကာလ မဲပေးလိုက်ရသည်မှာ ဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO) ပါတီမှ သျှမ်းပြည်အပြင်တခြား ပြည်နယ် မှာ မဲဆန္ဒနယ် (၃၅) နေရာ ရွေးကောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) သည် အမျိုးသား လွှတ်တော် (၅)နေရာ၊ ပြည်သူ့လွှတ်တော် (၁၀) နေရာ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးလွှတ်တော် (၁၈) နေရာ နှင့် မွန်ပြည်နယ် ရှိ တိုင်းရင်းသား ရေးရာ ဝန်ကြီး (၁) နေရာ နှင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသား ရေးရာဝန်ကြီး (၁) နေရာ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်း ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာများသည် ပအိုဝ်းတိုင်းရင်းသားများအနေများသည့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လာင်းမြို့နယ်၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင် နှင့် ကယားပြည်နယ် လွိုင်ကော်တို့တွင်ဖြစ်ကြောင်း သိရသည်။

“ပအိုဝ်း တော်တော်များများ နေထိုင်တဲ့ မြို့နယ်တွေတော့ နိုင်မယ်လို့တော့ ကျနော်တို့ ယုံကြည်တယ်။ ဥပမာ တောင်ကြီးတို့ လွိုင်လင်တို့ အဲ့ဘက်မှာ ပအိုဝ်းများတယ်လေ အဲ့ဒါတွေတော့ နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ခွန်သိန်းဖေ က ဖြည့်စွက်ပြောသည်။

လာမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းလုံးရေး ကာလသည် ကမ္ဘာတဝှမ်းရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်သည့် အချိန်ကာလလည်းဖြစ်သော်လည်း PNO အနေဖြင့် အခက်အခဲ စိန်ခေါ်မှုများ မရှိနိုင်ကြောင်းလည်း သူ က ပြောသည်။

“ရွေးကောက်ပွဲဝင်တာတော့ ဘာမှတော့ အခက်ခဲမရှိဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ပရိသတ်နဲ့ကိုယ်လေ။ ကိုယ့်လူမျိုးနဲ့ကိုယ် ဆိုတော့ အခက်ခဲတော့မရှိဘူး” ဟု ခွန်သိန်းဖေ က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခု ရှိပြီး၊ သျှမ်းပြည်တောင်ပိုင်း တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထားရှိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...