Tuesday, January 27, 2026

မူစယ်မြို့ပေါ်ရက်ဆက် ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများလုံခြုံရေးအထူးစိုးရိမ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့တွင် ရက်ဆက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ဒေသခံများ သွားရေးလာရေး၊လုံခြုံရေးအတွက် အထူးစိုးရိမ် မှုရှိနေကြောင်း သတင်းရရှိသည်။

ဧပြီ ၁၉ ရက်က မူစယ် ပြည်ထောင်စု လမ်းမကြီး အင်းဝဘဏ် အနီးရှိ အမှိုက်ပုံတွင် ဗုံး တလုံးပေါက်ကွဲ

ဧပြီ ၁၈ ရက်က မူစယ် စက်မှုဇုံ တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ၊ ဧပြီ ၁၉ ရက်က ပြည်ထောင်စု လမ်းမကြီး အင်းဝဘဏ် အနီးရှိ အမှိုက်ပုံတွင် ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း မူစယ် ဒေသခံများက ပြောပြသည်။

“ မနေ့ည က ပေါက်တဲ့ မိုင်း ကအသံအရမ်းကျယ်တယ်။ ကျမတို့ အိမ်ထိတောင်တုန်တယ်။လူထိခိုက်မှုတော့ မရှိဘူး” ဟု မူစယ်မြို့ မိုင်းပေါက်တဲ့ နေရာ အနီးတွင် နေထိုင်သည့် နန်းမွေ က ပြောသည်။

မကြာခဏ ဗုံးပေါက်ကွဲမှု များ ဖြစ်ပွားနေသဖြင့် ဒေသခံ အနေဖြင့် ည အိမ်ပြင်ထွက်ရန် စိုးရိမ်မှုများရှိနေကြောင်း၊ နေထိုင်သွားလာရေးအတွက်လည်း လုံခြုံရေးးအထူးစိုးရိမ်နေကြကြောင်း နန်းမွေ က ပြောသည်။

“ ဒီမှာ တော့ ခဏခဏ ဗုံးပေါက်တယ်။ ဘယ် အဖွဲ့ ဆိုတာတော့ ဗုံးပေါက်တိုင်းလည်း အဖြေမပေါ်ဘူး။ ညမိုးချုပ်ရင် အိမ် အပြင် မထွက်ရဲတော့ဘူး” ဟု မူစယ် ဒေသခံ စိုင်းထွေး က ပြောသည်။

မူစယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များစွာလှုပ်ရှားနေသည့် နယ်မြေ ဖြစ်ပြီး၊ တရုတ်နယ်စပ်ဒေသလည်း ဖြစ်သည့်အတွက် ဗုံးပေါက်ကွဲမှုလက်သည်မှာ မှန်းဆပြောဆိုရခက်ခဲကြောင်း ဒေသခံစိုင်းထွေးက ဆိုသည်။

တဖက်တွင်လည်း မူစယ်မြို့တွင် မကြာခဏ လုယက်မှုများ၊ ဆိုးခိုး ဓါးပြများ လှုပ်ရှားသည့် ဒေသ တခု ဖြစ်သည့် အတွက် လုံခြံုရေး စိုးရိမ်စရာ နယ်မြေ ဖြစ်ပြီး၊ မိမိ လုံခြံုရေး ကို မိမိ သာ တာဝန်ယူနေရသည့် အနေအထားဖြစ်ကြောင်း မူစယ် ဒေသခံ လူငယ်များက ပြောဆိုလိုက်သည်။

မူစယ်မြို့ ဗုံးပေါက်ကွဲ မှု ကိစ္စ နှင့် ပတ်သတ်ပြီး မူစယ်ခရိုင် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တဦး က “ အသံမိုင်းပါပဲ။လူထိခိုက်တာလည်း မရှိဘူး။ ခြိမ်းခြောက်တဲ့သဘောပါပဲ။ စိုးရိမ်စရာ မရှိပါဘူး။ မူစယ် လုံခြံရေး ကိုလည်း တိုးမြှင့်ထားပါတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည်နှစ် ဧပြီလ တွင် မူစယ်မြို့ မြဝတီ ဘဏ် အနီးတွင် ဗုံး ၃လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါပေါက်ကွဲမှုတွင်လည်း ယနေ့တိုင် လက်သည်အစစ်အမှန် ကိုအာဏာပိုင်များတရားဝင်ကြေငြာခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းနောင်မြို့အနီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီက လမ်းများပိတ်ထား

0
သျှမ်ပြည် မိုင်းနောင်မြို့အနီးတွင် ယနေ့ (ဇန်နဝါရီ ၁၀ရက် ) နံနက် ၂နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီက လမ်းများကို ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဇန်နဝါရီလ ၁၀ ရက် ) နံနက် ၂ နာရီဝန်းကျင် ကျေးသီးမြို့နှင့် မိုင်းနောင်မြို့ကြားရှိ မိုင်းနန်းကျေးရွာ...

မင်းအောင်လှိုင် တရုတ်ခရီးစဉ် နေပြည်တော်လေဆိပ်၌ ဗုံးကွဲမှု ဘယ်သူ့လက်ချက်လဲ

0
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသည့် ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် လေဆိပ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။ တရုတ်နိုင်ငံတွင် မနက်ဖြန် ကျင်းပမည့် မဟာမဲခေါင်နှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ နံနက်...

လားရှိုး ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့(ဇွန်လ ၂၀ ရက်) နေ့လည် ၁၂ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၇) တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်တွယ်မိရာမှ ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃...

လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၃ အတွင်းရှိ ဆိုင်ခန်းရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၃ ၊ သီရိလမ်းပေါ်ရှိ...

လားရှိုး Fully Light ဟိုတယ် အနီးပေါက်ကွဲမှုနောက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထား

0
သျှမ်းပြည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ရှိသည့် Fully Light ဟိုတယ် အနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင် တွင် လားရှိုးမြို့...