အကြမ်းဖက်ခံရ ကျေးလက် အမျိုးသမီးတွေ ဓလေ့ထုံးစံတွေနဲ့သာ ကျေအေးနေရသေး

တိုင်းရင်းသား ဒေသတွေ မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ၊ အတင်းအဓမ္မပြုကျင့်ခံရရင် ဓလေ့ ထုံးစံတွေနဲ့ ကျေအေးနေကြပါတယ်လို့ သျှမ်းပြည်နယ် အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေသူတွေ က ပြောဆိုကြပါတယ်။

ကျေးရွာ ဒေသတွေ မှာ အသိပညာ ဗဟုသုတ နည်းပါး မှုတွေကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ၊ အတင်းအဓမ္မပြုကျင့်ခံရရင် တိုင်ကြားဖို့ ခက်ခဲနေသလို သွားရောက်တိုင်ကြားဖို့လည်း မသိရှိကြောင်း သျှမ်းပြည်နယ် အတွင်း အမျိုးသမီးအရေး စွမ်းရည် မြှင့်တင်ရေး ပြုလုပ်နေသူများက ပြောဆိုကြပါတယ်။

“ အမျိုးသမီးတွေ အကြမ်းဖက်ခံရရင်တော့ ဒီတိုင်း ငြိမ်ခံကြတာများတယ်။ အတင်းအဓမ္မပြုကျင့်မှုတွေ မုဒိမ်းပြုကျင့်ခံရရင်တော့ ကျေးရွာ သူကြီးနဲ့ ပဲ ပြီးသွားတာရှိတယ်။ ရွာဓလေ့နဲ့ ကျေအေးနေရတာတွေရှိပါတယ်” လို့ အမျိုးသမီး စွမ်းရည် မြှင့်တင်ရေး ပညာပေးမှု ပြုလုပ်နေတဲ့ နောင့်ဟွမ် က ပြောပါတယ်။

ဆက်လက်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှ နန်းမြဦး က နယ်က အမျိုးသမီး တွေ အကြမ်းဖက်ခံရမှုနဲ့ မုဒိမ်း ကျင့်ခံရမှု နဲ့ ပတ်သတ်ပြီး “ များသောအားဖြင့် တရားရုံးသွားမယ့် စာရိတ်၊ အရှက်တရား အကြောက်တရား ပါပဲ။ ကျမတို့ ပြောလည်း လက်မခံဘူး။ တရှက်ကနေ ၂ရှက် ဖြစ်မှာ ကို စိုးရိမ်ကြတယ်” လို့ ဆိုပါတယ်။

ကျေးလက်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေ ဟာ အမှု တွေဖြစ်လာခဲ့ပါက တရားရုံး သွားဖို့ အလှမ်း ဝေးနေဆဲ ပါလို့ နန်းမြဦး က ပြောပါတယ်။

“တရား ရုံး ၊ ရုံးချိန်းတွေ ကလည်း ဝေးတယ်၊ တရားရင်ဆိုင်ရင် စာရိတ်က လည်း မတတ်နိုင်၊ ပတ်ဝန်းကျင် ဖိအား ပေးမျက်လုံး မခံနိုင် တဲ့ အတွက် အမှုတွေက အလိုလို ပျောက်ပြယ်သွားတယ်” လို့ လည်း နန်းမြဦး က ထပ်လောင်း ပြောပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသ ပြည်သူ တွေ အဓိက အမျိုးသမီးတွေ ကို တရားရုံး၊ သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေး မေးမြန်းတဲ့အခါ သုံးနှုန်းတဲ့ စကားလုံးတွေ ကို နားမလည်မှု နဲ့ မေးခွန်းများကို နှိုက်နှိုက် ချွတ်ချွတ် မေးမြန်းမှုကြောင်းလည်း ဘာသာစကား နားမလည်တဲ့ သူတွေ အတွက် အခက်အခဲ ဖြစ်စေပါတယ်လို့လည်း နန်းမြဦးက မှတ်ချက်ပြုလိုက်ပါတယ်။

“မုဒိမ်း မှုတွေ ၊ အကြမ်းဖက်ခံရ မှုတွေ ကို မေး တဲ့ အခါမှာ မိန်းကလေး အချင်းချင်းမေးတာ၊ ကလေးကို မေးတဲ့ အခါမှာလည်း ကလေး မျက်နှာ ကွယ်ပြီး မေးတာတွေလုပ်သင့် ပါတယ်” လို့ သူမ ရဲ့ အမြင်ကို ပြောပါတယ်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ အမျိုးသမီး အိမ်တွင်း အကြမ်းဖက်ခံရမှု၊ မုဒိမ်းမှုတွေနဲ့ ပတ်သတ်လာရင် ကျေးရွာသူကြီး ရဲ့ အဆုံးအဖြတ် ညှိနှိုင်းမှုသာ ပြုလုပ်ကြကြောင်းအမျိုးသမီး နှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုကွန်ယက်(သျှမ်းပြည်) မသန္တာဦး ကပြောပါတယ်။

“ရွာသူကြီး အဆုံးအဖြတ် ညှိနှိုင်းမှုက အမျိုးသမီးများ ကို ထိရောက်တဲ့ အကာကွယ်ပေးမှု မဟုတ်သလို အိမ်တွင်း အကြမ်းဖက်မှု မှစပြီး နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုတွေလျော့ကျ အောင် လုပ်ဆောင်ရာမှာလည်း အဟန့်အတားဖြစ်စေတယ်၊ အမျိုုးသမီး များအတွက်ကြီးမားတဲ့နစ်နာမှုလည်းဖြစ်တယ်” လို့ မသန္တာဦး ကဆိုပါတယ်။

ဆက်လက်ပြီး မသန္တာဦး က ” ကျေးရွာဓလေ့ထုံးတမ်းတွေ အရ ရွာထဲကကိစ္စ ရွာပြင်မထုတ်ရဘူး ဆိုတဲ့စကားများအရ အမျိုးသမီးဟာ တရားမျှတမှု ရရှိရေး ၊ မလုပ်ဆောင်နိုင်သလို အကြမ်းဖက်မှု များကိုထိရောက်သောဟန့်တားမှုများကိုမလုပ်ဆောင်နိုင်လို့ ထိခိုက်နစ်နာမှုဆုံးရှုံးမှု များ ပြား နေရတယ် ” လို့လည်း ထောက်ပြ ပြောဆိုလိုက်ပါတယ်။
တချို့ ကျေးလက်ဒေသတွမှာ လင်မယား အိမ်ထောင်ကွဲ ဆိုရင် မိန်းမကလျော်ကြေးပေးရ သလို မုဒိမ်းကျင့်တဲ့အမှုတွေမှာဆိုရင်လည်း ကျူးလွန်တဲ့သူရော၊ မတရားအကျင့်ခံရသူကပါ ရွာကိုလျော်ကြေးပေး တာတွေ ရှိကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒါ့အပြင် တချို့မှာ မတရားအကျင့်ခံရတဲ့မိန်းကလေးကို ရွာပြင်ထုတ်နေစေတာမျိုး တွေပါ ရှိနေတဲ့အတွက် အမျိုးသမီးတွေကို ပိုမိုထိခိုက်နစ်နာမှု ပြီး ကျူးလွန်သူအမျိုးသားများကို သွယ်ဝိုက်သောနည်းဖြင့် အားပေးရာလည်းရောက်သွားတယ် လို့လည်း ဆိုပါတယ်။

“ အစကတော့ ကျမတို့ အမျိုးသမီး အဖွဲ့ကို လာပြီး တိုင်ပင်တာတွေ ရှိတယ်။ ကျမတို့ကလည်း ဥပဒေ လမ်းကြောင်း အရ လမ်းဖွင့်ပေးတယ်။ ကူညီပေးတယ်။ တရားရင်ဆိုင်ဖို့ တကယ်လုပ်မယ်ဆိုခါကျတော့ သူတို့က ရင်မဆိုင်တော့ဘူး။ တရားရင်ဆိုင်ဖို့ မရင်ဆိုင်ဖို့က လည်း ခံရတဲ့သူပေါ် မူတည်တယ်လေ” လို့ ပအိုဝ်း အမျိုးသမီး သမဂ္ဂ မှ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး သင်တန်း ပေးနေတဲ့ နန်းခမ်းမို့ က ဆိုပါတယ်။

 

ကျေးလက်ဒေသမှာ နေထိုင်တဲ့အမျိုးသမီးတွေက ပညာ ဗဟုသုတ နည်းပါးပြီး၊ မိမိ အခွင့်အရေး ကိုလည်း မသိရှိသလို ဓလေ့ထုံးစံတွေကို ယုံကြည်နေကြသေးတဲ့ အမျိုးသမီး တွေဖြစ်နေကြောင်းလည်း နန်းခမ်းမို့ က ပြောပါတယ်။

အမျိုးသမီး တွေ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ အတင်းအဓမ္မကျင့်ခံရတာတွေ ဖြစ်လာခဲ့ရင် တရားရင်ဆိုင်ဖို့ အတွက် သက်ဆိုင်ရာ အာဏာပိုင်၊ ကျင့်ခံရတဲ့ ပတ်ဝန်းကျင်တွေ အနေနဲ့ အကူအညီ များစွာ ပေးသင့်ကြောင်း လည်း သျှမ်းပြည် နယ် အမျိုးသမီး အရေး ဆောင်ရွက်သူတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

 

လက်ရှိ တိုင်းရင်းသားဒေသမှာ ဖြစ်ပွားတဲ့အိမ်တွင်း အကြမ်းဖက်ခံရမှု၊ အတင်းအဓမ္မပြုကျင့်ခံရတွေမှာ ကျေးရွာသူကြီး ကျေးရွာ အာဏာပိုင်တွေ ရဲ့ ဆုံးဖြတ်မှုကြောင့် ဓလေ့ထုံးစံ ကျေအေးမှုကို မပြုလုပ်သင့်ကြောင်းလည်း အမျိုးသမီး အရေး ဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ပြည့်တန်ဆာ လုပ်ရန်လိမ်ခေါ်ခံရသည့် အမျိုးသမီး(၃)ဉီး ကယ်တင်နိုင်ခဲ့

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်သို့ အဓမ္မစေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ် (၃) ဦးကို လူမှုကူညီရေးပရဟိတအသင်းက ကယ်တင်ခဲ့ရကြောင်း သတင်းသိရသည်။ ဒုက္ခရောက်နေသည့် အမျိုးသမီးငယ်များက မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံသို့ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ အဆိုပါအသင်းမှ တာဝန်ရှိသူများသည် ယနေ့...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...