သီပေါမြို့နယ် အတွင်း SSPP/SSAနှင့် တပ်မတော် တိုက်ပွဲဖြစ် ဒေသခံများ စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ခွဲခန့်က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ နေရပ်မှ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။

ယနေ့ ညနေပိုင်းက သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ဆောင်ကြဲကျေးရွာ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးခိုလှုံနေရကြောင်း စစ်ရှောင်ရွာသူတယောက်ဖြစ်သည့် နန်းလှဝင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ညနေ ၄နာရီခွဲကျော်က ဖြစ်တာ။ ကျမတို့ လယ်ထဲမှာရှိနေတုန်း။ အခု လယ်စိုက်တဲ့ ဝတ်စုံနဲ့ ထွက်ပြေးလာရတယ်။ ဘာမှ မပါလာဘူး” ဟု နန်းလှဝင်း က ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် နားအုံကျေးရွာ ဒေသခံများ ကောက်စိုက်နေ ကြောင်း ၊ သေနတ်သံ ကြားသည်နှင့် ပျိုးပင်ချကာ ထွက်ပြေးလာကြသဖြင့် အရေးကြီးပစ္စည်းများပါ ဝင်မယူနိုင်ကြောင်းလည်း နန်းလှဝင်း က ပြောသည်။

“ ရွာထဲကလူတွေ တချို့ က မရောက်သေးဘူး။ ထော်လဂျီတွေနဲ့ လာနေကြတယ်။ တိုက်ပွဲက ငြိမ်ပေမယ့် ကျမတို့မနေရဲဘူး” ဟု နန်းလှဝင်း က ထပ်လောင်းပြောသည်။

လူလတ်လူငယ် ကျေးလက်ရွာသားများ အားလုံးနီးပါး ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သော်လည်း ရွာတွင်သက်ကြီးရွယ်အို တချို့ ကျန်ခဲ့သဖြင့် ၎င်းတို့အတွက်လည်း စိုးရိမ်နေရကြောင်း ဆောင်ကြဲ ဘုန်းကြီးကျောင်းရောက် စစ်ရှောင်များကပြောသည်။

လက်ရှိသတင်းရေးသားနေချိန် ည ၈ နာရီကျော်အထိ ဒေသခံများ ဘုန်းကြီးကျောင်း သို့ တဖွဲဖွဲ ရောက်ရှိလာနေကြဆဲဖြစ်ကြောင်းလည်း သိရသည်။

ထိုနေရာသည် SSPP/SSA တို့အစဉ်လှုပ်ရှားသွားလာသည့်နေရာဖြစ်ရာ ယခင်က ပစ်ခတ်မှုများမရှိခဲ့ဖူးသော်လည်း ယခု ရက်ပိုင်းမှ တိုက်ပွဲပြန်ဖြစ်ပွား လာသည့်အပေါ် စဉ်းစားစရာဖြစ်ကြောင်းလည်း နန်းလှဝင်း ပြောသည်။

သီပေါမြိုဒေသခံ စိုင်းလောဝ်မိန်း က “ ကျနော့်အမျိုးသမီးနဲ့ကျနော့် ယောက္ခမတွေလည်း အခု ထွက်ပြေးနေရတယ်။ ဆောင်ကြဲ ဘုန်းကြီးကျောင်းကို တိမ်းရှောင်နေကြတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် တိုက်ပွဲဖြစ်လေ့ဖြစ်ထနေရာမဟုတ်ကြောင်း၊ ကားလမ်းမ နှင့် ၃မိုင်သာ ဝေးကွာသည့် အတွက် စဉ်းစားစရာဖြစ်နေကြောင်း လည်း စိုင်းလောဝ်မိန်း ကပြောသည်။

ယခုအချိန်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်ဝင်ချိန်ဖြစ်ပြီး၊ ရွေးကောက်ပွဲလည်း နီးလာပြီးဖြစ်ကြောင်း၊ တဖက်တွင်လည်း တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA)ဆွေးနွေးနေချိန်ဖြစ်နေကြောင်း သိရသည်။

SSPP/SSAသည် ငြိမ်းချမ်းရေးအတွက် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ SSPP/SSA နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဌာနကို ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။

လွန်ခဲ့သည့် ဇွန် ၂၅ ရက်မှ ယနေ့ထိတိုင် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ စစ်ရေး တင်းမာနေကြဆဲ ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...