Wednesday, January 28, 2026

ကိုဗစ်ကြောင့် ကိုယ်ပိုင်ကျောင်း၊အဆောင်နေ ကျောင်းသားများ သက်ဆိုင်ရာဒေသကျောင်းသို့ ပြောင်းနိုင်

ကိုဗစ်-၁၉ ကြောင့် ကိုယ်ပိုင်ကျောင်း၊ဘော်ဒါဆောင်များ ဖွင့်ခွင့်မပြုသေးသည့်တွက် ကလေးများ သက်ဆိုင်ရာ ဒေသရှိ အခြေခံကျာင်းသို့ ပြောင်းနိုင်ကြောင်း သျှမ်းပြည် ပညာရေး ဌာန က ပြောဆိုလိုက်သည်။

ကိုဗစ် – ၁၉ ကြောင့် ဘော်ဒါဆောင်ထားရှိမည့် ကိုယ်ပိုင်အထက်တန်းကျောင်းများ ဘော်ဒါဆောင်များ နှင့် ပတ်သက်ပြီး ပြန်လည်ဖွင့်လှစ်ခွင့် မပြုကြောင်း ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး ဗဟိုကော်မတီ က ဇူလိုင် (၁၄) ရက် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အထက်ပါ ကျန်းမာရေး ဝန်ကြီးနှင့်အညီ လက်ရှိမှာ သျှမ်းတောင် တွင် ကိုယ်ပိုင်ကျောင်း ၆ ကျောင်း ဖွင့်လှစ်ခွင့် ရထားပြီး မိဘများ ကိုယ်ပိုင်ကျောင်း မထားချင် ပါက ကျောင်းပြောင်းလက်မှတ်ယူပြီး သက်ဆိုင်ရာ မြို့နယ်တွင် အခြေခံကျောင်းများ ပြန်တက်လို့ ရကြောင်း သျှမ်းပြည် ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင် ကပြောသည်။

ကိုယ်ပိုင်ကျောင်းမှာ မိဘတွေ မထားချင်ဘူးဆိုရင် ကိုယ်ပိုင်ကျောင်းက ကျောင်းပြောင်းလက်မှတ်ယူပြီးတော့ ကိုယ့်ဒေသမှာ ကျောင်းပြန်တက်မယ်ဆိုလို့ရှိရင် ကျနော်တို့က လက်ခံဖို့ ညွှန်ကြားထားပါတယ်ခင်ဗျာ” ဟု ဦးဝင်းမောင် ကပြောသည်။

ယခုအချိန်ထိ ကိုယ်ပိုင်ကျောင်းများ ဘော်ဒါဆောင်များ တရားဝင် ညွှန်ကြားချက် အရ ဘော်ဒါဆောင် ဖွင့်ခွင့်မပေးသည့်အပေါ် ကိုယ်ပိုင်ကျောင်းမှ ကျောင်းပြောင်း လက်မှတ်ရယူပြီး သက်ဆိုင်ရာ ဒေသရှိ အခြေခံ ပညာကျောင်းမှာ ပြောင်းတက်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ဦးဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုဗစ် -၁၉ ကြောင့် သျှမ်းတောင်တွင် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ဘော်ဒါဆောင်များ ပြန်လည် ဖွင့်လှစ်ခွင့် (၆) ကျောင်းသာ ရရှိထားကြောင်း သျှမ်းပြည် ပညာရေးဌာန က သိရသည်။

“ကိုယ်ပိုင်ကျောင်းကို မနေ့ကထိ ၆ ကျောင်းဖွင့်ဖို့ စိစစ်ထားတယ်။ ကျန်းမာရေး နဲ့ အားကစား ဝန်ကြီးဌာန ခွင့်ပြုထားသော စိစစ်ရထားသော ကျောင်း ၆ ကျောင်းရထားပါတယ်။” ဟု သျှမ်းပြည်နယ် ပညာရေး ညွန်ကြားရေးမှူး ဦးဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဇူလိုင် ၂၁ ရက်တွင် အခြေခံ ပညာ အထက်တန်းကျောင်းနှင့် ထခွဲကျောင်း အပါအဝင် (၁၈၄) ကျောင်း ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း ဦးဝင်းမောင် ကပြောသည်။

“သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း အပြည့်လာတက်ပါတယ်။ ကျောင်းသားတွေ အားလုံးလာတက်နေပါတယ်” ဦးဝင်းမောင် ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တစ်နေ့ထက် တစ်နေ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုမိုများပြားလာသည့်အတွက် ကျောင်းသား မိဘများသည် မိမိကလေးများကို ကျောင်းလွှတ်ရင် စိုးရိမ်နေကြသေးသည်။

တချို့ ကျောင်းသားမိဘများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးမှသာလျှင် ကျောင်းသို့ တက်ခွင့်ပြုမည်ဟုလည်း ပြောဆိုနေကြသည်။

“ ကျောင်းက မနေ့က စဖွင့်တာ။ စာသင်ခန်းမှာတော့ အရင်ကထက် လူတဝက်လောက်ပဲသင်တယ်။ နောက် တချိန်လုံး မျက်နှာဖုံးတွေ၊ အကာတွေနဲ့ နေရတော့ အဆင်မပြေဘူး။ အသက်ရှူကျပ်တယ်” ဟု လားရှိုးမြို့တွင် နဝမတန်းကျောင်းတက်နေသည့် စိုင်းအာကာ က ပြောသည်။

ကျောင်းဝင်းထဲသို့ ဝင်သည့်အခါ ကျောင်းတံခါးတွင် ဆရာမများက ကိုယ်အပူချိန် တိုင်းကာ စာသင်ခန်းထဲတွင် မျက်နှာဖုံး၊နှာခေါင်းစည်းများဖြင့် တနေကုန် တပ်ကာ စာသင်ကြားရသဖြင့် အဆင်မပြေကြောင်း လည်း စိုင်းအာကာ က ဆိုသည်။

ဇူလိုင် (၂၁) ရက်နေ့တွင် မြန်မာတဝှမ်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများ ဖွင့်ခဲ့သော်လည်း အခြေခံ ပညာအလယ်တန်း နှင့် မူလတန်းသည် ယနေ့ချိန်ထိ မဖွင့်လှစ်နိုင်သေးပေ။

ယခုနှစ် ကျောင်းဖွင့်ချိန်သည် ကိုဗစ် -၁၉ ကြောင့် အခြေခံ ပညာကျောင်းများ သတ်မှတ်သည့် လ ထက် နောက်ကျပြီး ကျောင်းဖွင့်ခဲ့ရပြီး ယခုချိန်ထိ အထက်တန်းအဆင့်ကိုသာ ကျောင်းအပ်လက်ခံပြီး၊ ကျောင်းဖွင့်ပေးနိုင်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...