Tuesday, January 27, 2026

ကိုဗစ်-၁၉ ကာလ လွိုင်လင်မြို့နယ်ကျေးလက်ဒေသခံများ စားနပ်ရိက္ခာ ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်ရှိ ဟိုခိုက်ရွာတွင် နေထိုင်သူများ စားနပ်ရိက္ခာအတွက် ခက်ခဲနေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ဇူလိုင် ၂၀ ရက်က အဆိုပါ ဟိုခိုက်ရွာသားများအတွက် သျှမ်းပြည် စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ သွားရောက်လှူဒါန်းပြုပေးခဲ့ကြောင်း သိရသည်။

(လွိုင်လင်မြို့နယ်အတွင်း လွိုင်လင်နှင့် ပင်လုံကြားရှိ ဟိုခိုက်ရွာသည် အနာကြီးရောဂါ ဖြစ်ပွါးနေသူနှင့် ၄င်းတို့မိသားစုများ နေထိုင်သည့်ရွာဖြစ်ပါသည်။)

“အနာကြီးကျေးရွာမှာ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေတယ်ဆိုတာ ကြားသိရတယ်။ ဒါကြောင့်မလို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့ဟာကို ကျနော်တို့ ကူညီထောက်ပံ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားလှူရခြင်းဖြစ်တယ်။” ဟု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ ဒုဥက္ကဌ ကိုတူးငယ် ကပြောသည်။

လွိုင်လင်မြို့နယ် ဟိုခိုက်ကျေးရွာအပြင် လွိုင်လင်မြို့ရှိ မသန်စွမ်း နှင့် သက်ကြီးရွယ်အို စခန်းများကိုလည်း စားနပ်ရိက္ခာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျနော်တို့ စားနပ်ရိက္ခာ ကိုတာ (ခွဲတန်းစနစ်) နဲ့ ဟိုခိုက်ကျေးရွာမှာ လူဦးရေ ၃၀၀ ကိုလှူဒါန်းခဲ့ပြီး လွိုင်လင် မသန်စွမ်း မှာ လူဦးရေ ၈၀ လှူဒါန်းနိုင်ခဲ့ပါတယ်။” ဟု ကိုတူးငယ် ကပြောသည်။

သွားရောက်လှူဒါန်းသည့် အဆိုပါ ခရီးစဉ်တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှန်တစ်လုံ၊ သျှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီအဖွဲ့များ ၊ သျှမ်းတောင် ပရဟိတ ညီနောင်များ ကွန်ရက် နှင့် ကမ္ဘောဇဘဏ် တို့ပါ၀င်ကြောင်းသိရသည်။

သျှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသည် ကမ္ဘောဇဘဏ် နာယဂ ဥက္ကဌကြီး ဦးအောင်ကိုဝင်းမှ ဦးဆောင်ပြီး ကိုဗစ်-၁၉ အတွင်း စားနပ်ရိက္ခာ ခက်ခဲသည့် ဒေသများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

လွိုင်လင် – မိုင်းပွန် အကြောင်းမရှိလမ်းပိတ်မှုကြောင့် ကားသမားအခက်ကြုံနေ

0
သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန်လမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက အကြောင်းရင်းမရှိလမ်းပိတ်၍ တွဲကားကြီးများကို အချိန်ကန့်သတ် သွားလာခိုင်းနေသဖြင့် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း လွိုင်လင် - မိုင်းပွန် လမ်းပိုင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်မှစ၍ စစ်ကောင်စီ လက်အောက်ခံရဲများက...

လွိုင်လင် စစ်ကောင်စီက ဆေးသမားများကိုဖမ်းဆီး မြို့အဝင် ဂိတ် ကင်းစောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီက ဆေးသမားများကို ဖမ်းဆီးပြီး မြို့အဝင်၊အထွက် ဂိတ်များတွင် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်မှ စပြီး စစ်ကောင်စီတပ်မှ ဒေသတွင်း စစ်မှုထမ်းခေါ်ယူရန် လူအင်အားနည်းလာသောကြောင့် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ တပ်သားသစ်အဖြစ် အစားထိုးစုဆောင်းလာကြောင်း သိရသည်။ အဆိုပါ တပ်သားသစ်များသည်...

လွိုင်လင်မြို့နယ်မြေပြိုဒဏ်ခံရသည့် နေရာအချို့ အကူအညီလိုအပ်နေဆဲ 

0
 သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ရေဘေးကြောင့် မြေပြိုခဲ့သော နောင်စံဖူးကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရသည်။ စက်တင်ဘာလ ပထမအပတ်မှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လွိုင်လင်မြို့နယ် နောင်စံဖူးကျေးရွာ အတွင်း မြေပြို၊ မြေကွဲမှုများဖြစ်ပေါ်ခဲ့သောကြောင့် နေအိမ် ၁၁ လုံးနှင့် ကျေးရွာဘုန်းကြီးကျောင်းရှိဇရပ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိတွင် ကျေးရွာတွင်းဒေသခံများ ပြောင်းရွေ့နေထိုင်နေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း  သွားရောက်...

လွိုင်လင် နှင့် မိုင်းပွန်ကြား ရေကြီး မြေပြိုမှုတွင် သေဆုံးမှုများရှိနေ

0
သျှမ်းပြည် တောင်ပိုင်း လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် ‌ရေကြီး မြေပြိုမှုများ ဖြစ်ပွားကာ အမျိုးသားနှစ်ဦး သေဆုံးနေ ကားများစွာ ပိတ်မိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လွိုင်လင် နှင့် မိုင်းပွန် ကြားရှိ...