ဆီဆိုင်ကုန်းမြင့်မြေ ကို အစားထိုးပေးပါက တိုင်းရင်းသားအချင်းချင်းပြဿနာဖြစ်လာနိုင်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ တပ်သိမ်းမြေနှင့် ပတ်သက်ပြီး အစားထိုး ပြန်ပေးမည့် ကိစ္စသည့် တိုင်းရင်းသားအချင်းချင်းကြား ပြဿနာ ဖြစ်နိုင်ကြောင်း မြေသိမ်းခံရသည့် တောင်သူများက ပြောဆိုလိုက်သည်။

အဆိုပါပြောဆိုမှုသည် ယနေ့ ဇူလိုင် (၂၀)ရက်တွင် တောင်ကြီးမြို့ ထိန်သာဟိုတယ်တွင် ပြုလုပ်သည့် မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများ၏ သတင်းစာရှင်းလင်းပွဲတွင် တောင်သူများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆီဆိုင်မြို့နယ် တပ်သိမ်းခံရသည့် မြေများ အစားထိုး ပြန်ပေးရာတွင် သျှမ်းတိုင်းရင်းသားတို့ နေထိုင်ရာ ဒေသရှိ ကုန်းမြင့်မြေများကို ဖော်ပြီးပြန်ပေးမည်ဖြစ်သဖြင့် တိုင်းရင်းသားအချင်းချင်း ပြသာနာဖြစ်အောင် လုပ်ပေးလိုက်သည့် သဘောဖြစ်ကြောင်း လယ်ယာမြေသိမ်းခံရသည့် ပအိုဝ်းတောင်သူ ခွန်ချစ်ထွေးက ပြောသည်။

“တိုင်းရင်းသားတွေ တစ်စုနဲ့ တစ်စု အန္တရာယ်ဖြစ်အောင် ပြဿနာဖြစ်အောင် လုပ်ပေးတာလား။ ကျနော်တို့က ရချင်တယ်လို့ ပြောလိုက်ရင် ရေရှည် ပြသာနာတွေ ဖြစ်သွားနိုင်တယ်” ဟု ခွန်ချစ်ထွေး က ဆိုသည်။

အစားထိုး ပြန်ပေးမည့် မြေယာများသည် ကုန်းမြင့်မြေများဖြစ်ပြီး သျှမ်းတိုင်းရင်းသားများ ဘိုးဘွားစဉ်ဆက် စိုက်ပျိုး ထိန်းသိမ်းထားသည့် သစ်တောများဖြစ်ပြီး၊ ထိုဖော်ထားသည့်မြေများကို ပအိုဝ်းတောင်သူများလက်ခံလိုက်ပါက ပအိုဝ်း နှင့် သျှမ်း နောက်ဆက်တွဲပြဿနာဖြစ်လာနိုင်ကြောင်း ခွန်ချစ်ထွေး က ထပ်လောင်းပြောသည်။

ဆီဆိုင်မြို့နယ်တွင် တောင်သူများ ပိုင်ဆိုင်သည့် မြေယာမြေ ဧက (၁၉၀၀) ကျော် ကို ဆီဆိုင်အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၃) တပ်နှင့် (၄၂၄) တပ်တို့က သိမ်းဆည်းခဲ့သည်။

ထိုသိမ်းဆည်းခဲ့သည့်မြေများအစား ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဌာန တို့က ကုန်းဆွတ်ကျေးရွာအုပ်စု နှင့် ပင်စုံကျေးရွာအုပ်စုအတွင်း ရှိ မြေယာများကို အစားထိုး ပြန်လည်ပေးမည်ကို သိမ်းဆည်းခံရသည့် တောင်သူများက လုံးဝ လက်ခံမည်မဟုတ်ကြောင်းလည်း သိရသည်။

“ကြီးနေတဲ့ သစ်ပင်သစ်တော အုပ်ကြီးကို ဖျက်ဆီးပြီးမှ အန်တီတို့ကို အစားထိုး ပေးမယ်ဆိုတာ အန်တီတို့က လုံးဝ လက်မခံပါဘူး။ လက်ခံလို့လည်း မသင့်ပါဘူး။ လက်ခံဖို့လည်း မစဉ်းစားခဲ့ပါဘူး” ဟု လယ်ယာမြေ သိမ်းခံရသည့် တောင်သူ ဒေါ်ချိုချိုဝင်း က ပြောသည်။

ထို အစားထိုး မြေယာများ ပြန်ပေးမည့် ကုန်းမြင့်လယ်ယာမြေ ဧက (၂၀၀) ကျော်ကို ဖော်ဆောင်မည် ဟု သိရှိရပြီး၊ မြေယာများကို ဖော်သည့်အခါ သစ်ပင်များ ခုတ်ရမည်ဖြစ်ပြီး သစ်တောပြုန်းမှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် အစားထိုးမြေများဖော်ရန် အတွက် သစ်တောများခုတ်ရန် မလိုလားကြောင်း၊ သစ်တောပြုန်းတီးရန် လက်မခံနိုင်ကြောင်း ထိုနေရာတွင် နေထိုင်သည့် ဒေသခံများက ဇူလိုင် (၁၈)ရက်တွင် ကန့်ကွက် ကန်ပိန်း ပြုလုပ်ခဲ့ပြီး၊ သက်ဆိုင်ရာ အာဏာပိုင်းများ သျှမ်းပြည်အစိုးရသို့ထံ စာတင်သွားမည် ဟုလည်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာ ၅ ရွာပိုင်ဆိုင်သည့် မြေယာ ကိစ္စနှင့် ပတ်သက်ပြီး တောင်သူ နှင့် တပ်သည် မေလနှောင်းပိုင်းမှ စတင်ကာ မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ကာ တောင်သူ ၇၀ ကျော်ကို တပ်မှ တရားစွဲဆိုထားခဲ့ကြောင်း သိရသည်။

ထိုမြေယာများသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်တွင် တပ်မှ (၁၉၀၀) ဧက ကျော် သိမ်းဆည်းခဲ့သည်။တပ်မှ ထိုမြေများကို သိမ်းဆည်းသည်ဟု တရားဝင် လာရောက်အကြောင်းကြားအသိပေးခြင်း မရှိသကဲ့သို့ ထိုမြေပေါ်တွင် လုပ်ကိုင်စားသောက်သည့် တောင်သူများ နစ်နာကြေး လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

သျှမ်းပြည်တွင် ကျောင်းတက်သူ ၅ သောင်းကျော် လျော့နည်းလာ

0
သျှမ်းပြည်အတွင်း စစ်ရေးပဋိက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူဦးရေ ၅ သောင်းကျော်အထိ သိသိသာသာ လျော့နည်းသွားကြောင်း သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...