Wednesday, January 28, 2026

ကိုဗစ် – ၁၉ ကြောင့် ထိုင်းတင်ပို့မည့် မိုင်းပန် ကြက်သွန်ဖြူ အရှုံးပေါ်

ကိုဗစ် – ၁၉ ကြောင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် ကြက်သွန်ဖြူများ အရှုံးပေါ်နေကြောင်း တောင်သူများ ပြောပြချက်အရ သိရသည်။

Photo by Nang Moe Kham/ SHAN

ကုန်စည် ကူးသန်းရောင်းဝယ်နေသည့် ထိုင်း – မြန်မာ နယ်စပ် ဂိတ်များအားလုံး မတ်လ ကုန်ပိုင်း တွင် ပိတ်လိုက်သည့် အတွက် တင်ပို့ ရောင်းချရန်အတွက် ခက်ခဲကြောင်း မိုင်းပန် တောင်သူ စိုင်းဘ က ပြောသည်။

“မိုင်းပန် ဒေသခံ အားလုံးနီးပါးက ခရမ်းစွဲ ကြက်သွန်ကို စိုက်ပျိုးပြီး ထိုင်းနိုင်ငံကို တင်ပို့ရောင်းချတယ်။ ခုက ဂိတ်တွေ ပိတ်လိုက်တော့ ကြက်သွန်တွေ အရှုံးပေါ်နေတယ်”ဟု စိုင်းဘ ကဆိုသည်။

မိုင်းပန်မြို့နယ်တွင် ဒေသခံ တောင်သူများ အဓိက လုပ်ကိုင်စိုက်ပျိုးသည်မှာ ပြောင်း၊ စပါး နှင့် ကြက်သွန်ဖြူ တို့ဖြစ်ကြသည်။

ယခုချိန်သည် စပါး စိုက်ပျိုးရမည့် ရာသီဖြစ်သည့်အတွက် ကြက်သွန်ဖြူကို အရှုံးခံပြီး ရောင်းရငွေ ကို စပါးခင်းအတွက်အရင်းအနှီးလုပ်ရကြောင်း မိုင်းပန်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့် ကပြောသည်။

ထို ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်နယ် အစိုးရထံ အကူအညီ တောင်းခံသွားမည်ဖြစ်ပြီး လွှတ်တော်အတွင်း ကြယ်ပွင့်မပြ မေးခွန်း မေးမြန်းခဲ့ကြောင်းသိရသည်။

“ ကြက်သွန်ဖြူ ရာသီဖြစ်ပြီး ပြည်ပကို တင်ပို့ရောင်းချလို့ မရတဲ့အတွက် အစိုးရအနေနဲ့ ထိုင်းအစိုးရ နဲ့ ညှိနှိုင်းပေးစေချင်တယ်။ တရားဝင် တံတား ပြန်ဖွင့်နိုင်အောင်၊ ထပ်တစ်ချက်က ထိုင်းအစိုးရ ကောက်တဲ့ အခွန် လျှော့ပေးအောင်” လွှတ်တော်အမတ် စိုင်းနောင့် ကပြောသည်။

ခရမ်းစွဲ ကြက်သွန်ဖြူ ကို သျှမ်းပြည်တောင်ပိုင်း လဲချား ၊ မိုင်းပန် ၊ မိုးနဲ ၊ သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်၊ မိုင်းတုံ တို့ဒေသမှာ အများဆုံး စိုက်ပျိုးကြပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခြင်း ဖြစ်သည်။

ကြက်သွန်ဖြူ များကို ဒီဇင်ဘာလအထိ တင်ပို့ရောင်းချနိုင်ခြင်း မလုပ်နိုင်လျှင် တောင်သူများ အရှုံးပေါ်ပြီး လွှင့်ပစ်ရမည့် အခြေအနေရှိပြီး ပြီးခဲ့သည့်နှစ်တွင်လည်း ကြက်သွန်ဖြူများ များစွာ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

မိုင်းပန်တွင် ညသန်းခေါင်ယံ ချောင်းရေတက်လာခြင်းကြောင့် ညတွင်းချင်း ဘေးလွတ်ရာပြောင်းရွှေ့ရ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် ညသန်းခေါင်အချိန် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာသောကြောင့် ညတွင်းချင်း ဘေးလွတ်ရာ ပြောင်းရွှေ့လိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၆ ရက်)တွင် မိုင်းပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာပြီး ညသန်းခေါင်ယံအချိန်တွင် ရေများ နေအိမ်အတွင်းသို့ ဝင်ရောက်လာသည်။ ထိုသို့ နမ့်ပန်ချောင်းရေ...

ဟိုပန်မြို့အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ‘ဝ’ပြည် သွေးစည်းညီညွတ်‌ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ (၁၀၀)ကျော်ကို UWSA မှ ဝင်ရောက်ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်) ညသန်းခေါင် လူအိပ်မောကျသည့်အချိန် ဟိုပန်မြို့အတွင်း မိန်းပန်း(ရှမ်း) ရပ်ကွက်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို UWSA...

NCA ငြိမ်းချမ်းရေးကျောက်တိုင်ဖွင့်ပွဲ နှင့် သျှမ်းပြည်အမျိုးသားနေ့ မိုင်းပန်မြို့နယ်တွင် RCSS ကျင်းပ

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အထိမ်းအမှတ် ငြိမ်းချမ်းရေးကျောက်တိုင်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာ၌ ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် ဖွင့်လှစ်လိုက်သည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာတွင် ကျင်းပနေသည့် ဖေဖော်ဝါရီ (၇) ရက်တွင် ကျရောက်မည့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...