Tuesday, January 27, 2026

ကျားဖြူပါတီ သျှမ်းပြည်အစိုးရ ဖြစ်ရန် ရည်မှန်းထား

လာမည့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အနေဖြင့် သျှမ်းပြည် အစိုးရ ဖြစ်ရန် ရည်မှန်းထားကြောင်း ပါတီ ဥက္ကဌ ကပြောသည်။

Photo by Nang Moe Kham / SHAN

ယနေ့ ဇူလိုင် (၁၆) ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပသည့် ကျားဖြူပါတီ၏ (၁၇) ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အဖွဲမှ ၂၀၂၀ ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း ကပြောကြားလိုက်သည်။

“သျှမ်းပြည်နယ် အစိုးရဖြစ်ဖို့ ရည်ရွယ်ထားတယ်။ ၂၀၁၅ ရွေးကောက်ပွဲက မဖြစ်လည်း ဒီ ၂၀၂၀ ရွေးကောက်ပွဲတော့ ဖြစ်တော့မှာ ယုံကြည်ထားတယ်” ဟု စိုင်းအိုက်ပေါင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျားဖြူပါတီသည် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား ပါတီ (၁၁) ပါတီ နှင့် မဟာမိတ်ဖြစ်ထားပြီး ပြည်နယ် လွှတ်တော်နေရာမှာ (၃၀) ကျော် အနိုင်ရလျှင် မဟာမိတ် နှင့် ပူးပေါင်းပြီး သျှမ်းပြည်အစိုးရ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း စိုင်းအိုက်ပေါင်း ကပြောသည်။

“မဟာမိတ်တွေ လုပ်ထားတာ ၁၁ ပါတီရှိတယ်။ ဒါတွေကို လာပူးပေါင်းပြီးတော့ သျှမ်းပြည်အစိုးရ ဖွဲ့စည်းလို့ရတယ်။ ယုံကြည်မှုက (၁၀၀) ရာခိုင်နှုန်းပဲ။ မယုံကြည်ရင် နိုင်ငံရေး လာလုပ်မလား” ဟု စိုင်းအိုက်ပေါင်း ကပြောသည်။

SNDP အနေဖြင့် သျှမ်းပြည်အစိုးရ ဖြစ်ပါက ပညာရေး၊ လူမှုရေး စီးပွားရေး တိုးတက်အောင် ပြုလုပ်ပေးမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးမည် ဟု စိုင်းအိုက်ပေါင်း က ပြောသည်။

“ လူဆိုတာ ချမ်းသာလာရင် စီးပွားရေး ကောင်းလာရင် ဘာဆေးကောင်းလည်း ဆိုတာ ဝယ်စားတတ်လာမယ်။ ရောဂါ လည်း လျော့နည်းသွားမယ်။ သျှမ်းတိုင်းရင်းသားတွေ ကြီးပွားချမ်းသာအောင် လုပ်ပေးမယ်” ဟု စိုင်းအိုက်ပေါင်း က ဆိုသည်။

ကျားဖြူပါတီသည် ၂၀၁၀ ရွေးကော်ပွဲတွင် ဝန်ကြီးနေရာ ၆ နေရာ အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ် လွှတ်တော်အမတ် ၁ နေရာသာ ရခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

0
၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...

SNLD၊ SNDP၊ SSPP ခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီ လူမှုထူးချွန်ဆုပေး

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် သျှမ်းပြည်တွင်း ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၇)...

စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့နှင့် NSPNC တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး

0
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉၊ ၂၀ ရက်)တို့တွင် စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...