နမ့်ခမ်းမြို့နယ် မိုင်းပေါက်ကွဲ ဘုန်းကြီးတပါးနှင့်အရပ်သားတဦးသေဆုံး၊ ကိုရင်ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာတွင် ယမန်နေ့ ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဆရားတော် တပါး နှင့်ကျေးရွာသားတဦး မိုင်းနင်းမိ သေဆုံးခဲ့ပြီး ကိုရင် တပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ပျံ့တော်မူသွားသည့် ဆရာတော် ( Photo by မိုင်းညီမောင်ဦး)

ဇူလိုင် ၁၄ ရက် ညနေ ၅နာရီ ခွဲအချိန်က လော့နော်ကျေးရွာ ရှိ ဘုန်းကြီးကျောင်း မှ ကျောင်းထိုင်ဆရာတော်၊ ကိုရင် တပါးနှင့် အရပ်သားတဦးတို့သည် ဘုန်းကြီးကျောင်းဝန်းရှိ စေတီ အနီးတွင် သန့်ရှင်းရေး ပြုလုပ်နေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နမ့်ခမ်းမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် “ ကျောင်းထိုင်ဆရာတော်က အဲ့နေရာမှာပဲ ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်။ ဆရာတော်က တကိုယ်လုံးနီးပါးထိတယ်။ အရပ်သား ကတော့ လက်ပြတ်သွားတယ်။ နောက် အိမ်ရောက်မှ ဆုံးသွားတယ်။ ကိုရင်တပါးကတော့ ဒဏ်ရာ အနည်းငယ်ရသွားတယ်” ဟု ဦးအေးမောင်က ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် သက်တော် (၃၆)နှစ် ဝါတော် (၁၆) ဝါရှိသည့် လော့နော်ကျေးရွာ မှ ကျောင်းထိုင်ဆရာတော်ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြီး၊ အသက် ၂၀ အရွယ်ရှိ ကျေးွရာလူငယ်လည်း သေဆုံးခဲ့ရသည်။

နမ့်ခမ်းဒေသခံတဦး လူမှုကွန်ရက်စာမျက်နှာတွင်တင်ထားသောဓါတ်ပုံများအရ အရပ်သားသည် ဝမ်းဗိုက်ပေါက်ကာ လက်တဖက်လည်း ပြတ်သွားသည်ကိုတွေ့ရသည်။

“ မိုင်းတွေက ဘုန်းကြီးကျောင်းပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတော့ တော်တော်လည်းတော့ စိုးရိမ်ရတဲ့အဆင့်ပါပဲ။ အခုလို ကျောင်းထိုင်ဆရာတော်နဲ့ကိုရင်တွေ အရပ်သားတွေ က မိုင်းနင်းမိနေတော့ စိတ်တော့မကောင်းဘူး” ဟု ဦးအေးမောင် က ဆိုသည်။

ပျံလွန်တော်မူသွားသည့် ကျောင်းထိုင်ဆရာတော် ကို လော့နော်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပတ်ထားပြီးမှ သဂြိုလ်မည်ဖြစ်ပြီး၊ ဒဏ်ရာရသည့် ကိုရင်လေးသည် ဒဏ်ရာမပြင်းထန်သည့် အတွက် ကျေးရွာတွင်သာ ဆေးကုသခံနေကြောင်းသိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသည့် ကိုရင်( Photo by မိုင်းညီမောင်ဦး)

ထိုကျေးရွာအတွင်း အစိုးရ တပ်မတော် စစ်ကြောင်း မကြာခဏ ဝင်ရောက်သည့်နေရာဖြစ်ပြီး၊ ထို ဘုန်းကြီးကျောင်းတို့ စစ်ကြောင်း မကြာခဏ နားခိုသည့်နေရာလည်း ဖြစ်ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

“ ဘုန်းကြီးကျောင်းနားကို စစ်ကြောင်း တွေ တခါတလေ လာတယ်။ ဘုန်းကြီးကျောင်းထဲတောင် သူတို့ လာနားကြသေးတယ်။ တိုက်ပွဲတော့မရှိဘူး” ဟု နမ့်ခမ်းမြို့နယ် ဒေသခံအမျိုးသားတဦး ကပြောသည်။

လော့နော် ကျေးရွာ ပတ်ဝန်းကျင် အနီးထောင်ထားသည့် မြေမြုပ်မိုင်းမျာကို လည်း သက်ဆိုင်ရာ လက်နက်ကိုင်များအနေဖြင့် လာရောက်ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

လော့နော်ကျေးရွာသည် နမ့်ခမ်းမြို့ နှင့် မိုင် ၃၀ကျော် ဝေးသည့်နေရာဖြစ်ပြီး တိုက်ပွဲ ထိတွေ့မှု မရှိသော်လည်း စစ်ကြောင်းများ မကြာခဏ ဝင်ထွက်နေသည့် ကျေးရွာတခုဖြစ်ကြောင်းသိရသည်။

ထိုနေရာတွင် အစိုးရ တပ်မတော် နှင့် တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ သွားလာ လှုပ်ရှားသည့်နေရာတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ ၃ ဦးပါ နိုင်ငံခြားသားများကို နေထိုင်ခွင့်ကတ်ပြားအတုထုတ်ပေးခဲ့သည့် ခရိုင်အရာရှိဟောင်း ချင်းရိုင်တွင်ဖမ်းခံရ

0
ထိုင်းနိုင်ငံသားဖြစ်ခွင့် မရှိသေးသည့် ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာ "G-Code" မှတ်ပုံတင်ဒေတာဘေ့စ်ကို အလွဲသုံးစားပြုကာ၊ တရားမဝင် နိုင်ငံခြားသား ၃၀၀ ကျော်အား နေထိုင်ခွင့်ကတ်ပြားများ မမှန်မကန် ထုတ်ပေးနေသည့် ချင်းရိုင်၊ ဝိန်းကန် (Wiang Kaen) ခရိုင် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အခြား တာဝန်ထမ်းဆောင်ဆဲအရာရှိ ၂ ဦးအား...

မူဆယ် နဂါးနှစ်ကောာင် KTV မီးလောင် ၄ ဦးထိခိုက်ဒဏ်ရာရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၁၉ ရက်) မနက် ၉ နာရီခန့်တွင် တရုတ်-မြန်မာ မူဆယ်မြို့ဘက်ခြမ်း ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV ၌ မီးလောင်မှု...

တရုတ်အရိပ်အောက်က အာဏာသိမ်းသမ္မတ၏ အနာဂတ်

0
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အပြီး သီတင်းပတ် နှစ်ပတ်ခန့်အကြာတွင် တရုတ်နိုင်ငံသို့ ထပမဆုံးအကြိမ် သမ္မတအဖြစ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။   ဦးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ဘဝမှ ယခုအချိန်အထိ တရုတ်နိုင်ငံသို့ (၁၃) ကြိမ်တိုင် သွားရောက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် အရပ်သားအစိုးရအသွင်ဖြင့် သမ္မတ ရာထူးရယူပြီးနောက် ပထမဆုံးခရီးစဉ် ဖြစ်သည်။  အဆိုပါခရီးစဉ်အတွင်း...

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို ID ကတ်ပြား ထုတ်ပေးသည့် အစီအစဉ် ထိုင်းအစိုးရ တရားဝင်စတင်

0
လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ယာယီခိုလှုံရာစခန်းများ၌ အထူးခွင့်ပြုချက်ဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID cards) များ စတင်ထုတ်ပေးမည့် လူဦးရေစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း Khaosod...

မိုင်းလားမြို့သို့ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး NDAA ခေါင်းဆောင်များနှင့် ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး မိုင်းလားတပ်ဖွဲ့ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ စစ်အစိုးရဘက်မှ...