Tuesday, January 27, 2026

ထိုင်းရောက်မြန်မာနိုင်ငံသားများ ရွေးကောက်ပွဲ အတွက် ပုံစံ(၁၅) စတင်တင်သွင်းနိုင်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် နိုင်ငံ ပြည်ပရောက် မဲဆန္ဒရှင် များပုံစံ ၁၅ ကို ဇူလိုင် ၁၆ ရက်မှ စတင် တင်သွင်းနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ကို ဇူလိုင် ၁၆ရက်တွင် စတင်တင်သွင်းနိုင်ပြီး၊ သြဂု တ် ၅ရက် နောက်ဆုံးတင်သွင်းရမည် ဟု ချင်းမိုင် ခရိုင် ကောင်စစ်ဝန်ရုံးက ထုတ်ပြန်လိုက်သည်။

ပုံစံ ၁၅ ဖြည့်သွင်းရာတွင် လက်မှတ်၊ လက်ဗွေ ပါရှိရန်၊ တကြိမ်ထက် ပိုမိုတင်သွင်းခြင်းမပြုရန်၊ နိုင်ငံကူး လက်မှတ် မိတ္တူ ပူးတွဲတင်ပြရန် လိုအပ်ကြောင်းသိရသည်။

“ ပုံစံ ၁၅ ဖြည့်တဲ့အခါမှာ အင်္ဂလိပ်လိုနဲ့ မြန်မာလိုပဲဖြည့်ပါ။ တခြားဘာသာ ဖြည့်ရင် ပယ်ခံရမယ်။ ဒါကို သတိရှိစေချင်တယ်” ဟု ချင်းမိုင်ခရိုင်မြန်မာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများက ပြောသည်။

ပုံစံ ၁၅ တင်သူများ၊ ကြိုတင် မဲပေးပိုင်ခွင့်ရှိသူများသည် ပြည်ထောင်စု အစိုးရခွင့်ပြုချက် ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများဖြစ်ပြီး၊ တရားဝင်ရောက်ရှိနေသူများ (သက်တမ်းရှိ CI Certificate of Identification မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူများ အပါအဝင်) ဖြစ်ရမည် ဟု သိရသည်။

“ အလုပ်သမားကဒ် သက်တမ်းရှိ CI ကိုင်ဆောင်သူတွေ မှာ မှတ်ပုံတင်ရှိရမယ်။ နောက်ပြီး တော့ သန်းခေါင်စာရင်း ရှိရမယ်” ဟု ချင်းမိုင်ခရိုင် မြန်မာ ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု အတွက် ကြိုတင်မဲ ပေးရာတွင် အခက်အခဲရှိနိုင်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများသည် တရားမဝင်သူများရှိသကဲ့သို့ တရားဝင်နည်းလမ်းဖြင့်ရောက်ရှိအလုပ်လုပ်ကိုင်နေသူများလည်းရှိကြသည်။

ထို့ပြင်များသောအားဖြင့် ထိုင်းနိုင်ငံ တွင်နေထိုင်ပြီး အလုပ်လုပ်နေသူ CI ကိုင်ဆောင်သူများသည် မှတ်ပုံတင် မရှိသူများကြောင်း၊ တချို့မှာလည်း မှတ်ပုံတင် နာမည်နှင့် CI ကဒ်ရှိနာမည် လွှဲနေသူလည်း ရှိနေသည့် အတွက် ပုံစံ ၁၅ ကြိုတင်မဲပေးရန် ခက်ခဲနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုလိုက်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၆၈)၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၃၃၀)၊ တိုင်းဒေသကြီး / ပြည်နယ် မဲဆန္ဒနယ် (၆၄၄) နှင့် တိုင်းဒေသကြီး / ပြည်နယ် တိုင်းရင်းသား မဲဆန္ဒနယ် (၂၉ ) နေရာတို့ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝ” အမျိုးသားပါတီ WNP ဒုဉက္ကဌကို ယာယီဉက္ကဌအဖြစ်တင်မြှောက်

0
လစ်လပ်နေသည့် “ဝ”အမျိုးသားပါတီ(WNP) ၏ ဥက္ကဌနေရာအတွက် ဒုဉက္ကဌ  ဖြစ်သည့်  ဦးညီပလုပ် အား ပါတီ၏ ယာယီဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးကြောင်းပါတီမှ ထုတ်ပြန်ထားသည်။ ဦးဆိုင်ပေါင်းနပ် ပါတီဥက္ကဌရာထူးမှ နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသည့် ပါတီ၏ ဥက္ကဌနေရာ အတွက် "ဝ" အမျိုးသားပါတီ မှ ဗဟိုကော်မတီဝင်များသည် သြဂုတ်လ ၂၀...

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတဝှမ်း မဲဆန္ဒနယ် (၁၁၁၇) နယ်ရွေးကောက် နိုင်ခဲ့

0
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း (၁၁၁၇) နေရာ ရွေးကောက် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ကြောညာခဲ့သည်။ နိုင်ဝင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှ...

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင်...

၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ နိုင်ငံရေးအသိုင်းအဝိုင်းပြော

0
နိုဝင်ဘာ (၈)ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး၊တရားမျှတမှု မရှိကြောင်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။ သျှမ်းပြည်တဝှမ်း နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး စစ်ရေး နှင့် ကိုဗစ်စိန်ခေါ်မှုများကြားမှ ကျင်းပပြီးစီးခဲ့သော်လည်း လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ...