SNLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် မှ သျှမ်းပြည် အတွင်းရှိ မြို့နယ် များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှု တွင် သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြိ့ မွေတော်ကျောင်းတိုက်တွင် ဇူလိုင် ၁၂ရက် မွန်းလွှဲ ၁နာရီ မှ ၃နာရီထိ ကျင်းပခဲ့ပြီး၊ SNLD ပါတီ၏ မိုင်းပန်မြို့နယ်ဥက္ကဌ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မိုင်းပန် မြို့နယ် ပြည်သူ့လွှတ်တော်တွင်ယှဉ်ပြိုင်ရန်အတွက် မြို့နယ်ဥက္ကဌ စိုင်းကျော်ခိုင်၊ စိုင်းအောင်ထွန်း ၊ စိုင်းမင်းဇော်ဦး တို့ကလည်းကောင်း၊ ပြည်နယ် ၂ နေရာအတွက်တော့ စိုင်းခမ်းဆိုင်ဟိန်း(စိုင်းကြီးကို) ၊ စိုင်းဆိုင်ကျောက်ဆာမ်(စိုင်းတော်) တို့ကလည်းကောင်း ပြည်နယ် ၁ အတွက် စိုင်းကျော်ကျော်လှိုင်၊ ဆရာမ ဒေါ်နန်းသန်းတင် တို့ကလည်းကောင်း အသီးသီးပြိုင်ကြကြောင်း မိုင်းပန်ဒေသခံ စိုင်းခေးက သျှမ်းသံတော်ဆင့်အားပြောသည်။


‘‘ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် SNLD ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော်အမတ်လောင်းက စိုင်းကျော်ခိုင် ၊ ပြည်နယ် ၁ က စိုင်းဆိုင်ကျောက်ဆာမ်နဲ့ ပြည်နယ် ၂ က ဆရာ နန်းသန်းတင်တို့ အသီးသီးအနိုင်ရထားပါတယ်’’ – ဟုပြောသည်။


မိုင်းပန်မြို့တွင် ယခင် ၂၀၁၅ ရွေးကောက်ပွဲက ကျားဖြူပါတီ SNDP မှစိုင်းနောင့်က ပြည်နယ်လွှတ် တော်အမတ် နေရာမှလွဲ၍ ကျန်နေရာများတွင် ကြံ့ခိုင်ရေးပါတီမှ အနိုင်ရရှိခဲ့ပါသည်။

Photo Credit to Naw Seng Jai- သီပေါမြို့တွင် ရွေးကောက်ပွဲ၀င်ရန်အတွက် SNLD ပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်နေစဉ်


အလားတူ မိုင်းကိုင်၊ လဲချားမြို့နှင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း ၊ မူစယ်၊ သီပေါ တို့တွင်လည်း SNLD ၏ လွှတ်တော်အမတ်လောင်းများ ရွေးချယ်ခဲ့ကြကြောင်းသိရသည်။


ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဥက္ကဌမှာ ခွန်ထွန်းဦးဖြစ်ပါသည်။ ၁၉၉၀ ခုနှစ်ပါတီစုံရွေးကောက်ပွဲတွင် သျှမ်းပြည်တဝှမ်းမဲအများဆုံးဖြင့်အနိုင်ရခဲ့ပြီး မြန်မာနိုင်ငံတဝှမ်းတွင်မူ ဒုတိယမဲအများဆုံးရရှိခဲ့ပါသည်။


Photo Credit to Nang Kham Lao – လဲချားမြို့တွင် ရွေးကောက်ပွဲ၀င်ရန်အတွက် SNLD ပါတီမှ ရွေးချယ်မည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ

၂၀၁၀ ရွေးကောက်ပွဲတွင် SNLD မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်မူ လွှတ်တော်အတွင်း ၄၆ နေရာအနိုင်ရခဲ့ပြီး သျှမ်းပြည်တွင်တတိယမဲအများဆုံးရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...