ကျောက်မဲမြို့နယ် အတွင်း ပစ်ခတ်မှုဖြစ် ရွာသားများ စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွိုင်စောင့်ကျေးရွာအုပ်စု အတွင်း ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ များ ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်းသိရသည်။

ဓာတ်ပုံ ဒေသခံ

ယနေ့ ဇူလိုင် (၁၄) ရက် မနက် ၁၀ နာရီခွဲခန့်က လွိုင်စောင့်ကျေးရွာအုပ်စု နမ့်မော်ဘီလူးကျေးရွာနှင့် ကုန်းညောင်ရွာကြား ပစ်ခတ်သံများ ထွက်ပေါ်ရာ ရွာသား ၄၀ ကျော် ကုန်းညောင်ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်း ကျောက်မဲဒေသခံ စိုင်းစိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တစ်ဖက်အသံပဲ ကြားနေရတယ်။ သူတို့ နမ့်မော်ဘီလူး ကနေပြီး ပစ်တာ။ တစ်ချို့ကလည်း မနေ့ညနေ စစ်တပ် ရွာဘက်က ဖြတ်သွားတာကတည်းက ထွက်ပြေးကြတာ ” ဟု စိုင်းစိုင်း က ပြောသည်။

အစိုးရ တပ်မတော်သည် ယမန်နေ့ ဇူလိုင် ၁၃ ရက် ကတည်းက နမ့်မော်ဘီလူးရွာဘေး ဖြတ်သန်းခဲ့ကြောင်း ၊ တိုက်ပွဲမှာလည်း နမ့်မော်ဘီလူးရွာနှင့် မိုင်ဝက်ခန့်အကွာ တောပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း စိုင်းစိုင်းက ပြောသည်။

၎င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး အုမ်ခေးက – “အစိုးရတပ်က ခလရ ၁၀၁ ကလို့ သိရပါတယ်။ အကြောင်းကြားမှုမရှိဘဲ တောပိုင်းဝင်လာတာကြောင့် ကျနော်တို့တပ်နဲ့ထိပ်တိုက်တိုးမိပြီး တိုက်ပွဲဖြစ်တာ။ မိနစ် ၂၀ လောက်ဘဲ ပစ်ခတ်ရပါတယ်။ သေကြေဒဏ်ရာရမှုတော့မသိရသေးပါဘူး” – ဟု သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ယနေ့ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားရာ ဒေသဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်မှု နေ့စဉ်တိုးများလာနေသည်ဖြစ်ရာ စစ်ဘေးရှောင်ပြီးဘုန်းကြီးကျောင်းတွင် စုဝေးနေထိုင်ရမည့်အပေါ် ဒေသခံများစိုးရိမ်နေကြောင်း၊ တဖက်တွင်လည်း မိုးဦးရာသီ လယ်ယာဆင်းရမည့်အချိန်ဖြစ်သဖြင့် လက်နက်ကိုင်များ တိုက်ပွဲမဖြစ်ပွါးအောင် ရှောင်ရှားပေးစေလိုကြောင်း ကျောက်မဲဒေသခံများက တောင်းဆိုလိုက်သည်။

ကျောက်မဲမြို့နယ် တွင် လွန်ခဲ့သည့်ဇွန်၂၅ရက်မှ ဇွန် ၂၉ ရက် အထိ အစိုးရ တပ်မတော်နှင့် RCSS/ SSA တို့ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားပြီး ဒေသခံများ တကြိမ်စစ်ဘေးရှောင်ခဲ့ရပြီးဖြစ်သည်။ ထိုစဉ်က အစိုးရစစ်တပ်က ရွာအတွင်းဝင်ရောက်ကာ ဒေသခံရွာသားအားဖမ်းဆီးရိုက်နှက် ပစ်ခတ်သဖြင့် သေကြေဒဏ်ရာရမှုများရှိခဲ့သည်ဟုဆိုကာ တရားမျှတမှုရရှိစေရေးအတွက် ဇူလိုင်လ ၁၀ ရက်နေ့က ဒေသခံ တသောင်းခန့်က ကျောက်မဲမြို့အတွင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

RCSS/SSA သည် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့တဖွဲ့ဖြစ်ရာ တိုက်ပွဲများမဖြစ်လိုကြောင်း၊ ထို့အတွက် မည်သည့်လက်နက်ကိုင်မဆို တောပိုင်းဝင်လာပါက ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ၊သို့မှသာ တိုက်ပွဲများမဖြစ်အောင်ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းလည်း RCSS ပြောခွင့်ရက ပြောဆိုလိုက်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...