Wednesday, January 28, 2026

ဆန္ဒထုတ်ဖော်သူကို တပ် မှ တရားစွဲဆိုမည့်အစား ကျူးလွန်သူကို တရားဥပဒေနှင့်အညီ အရေးယူသင့် SNLD ပြော

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ဦးဆောင်သူများ တပ်မတော် မှ တရားစွဲဆိုအစား ကျူးလွန်သူကို တရားဥပဒေ နှင့်အညီ အပြစ်ပေး အရေးယူသင့်ကြောင်း SNLD က ပြောဆိုလိုက်သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး

“တရားပြန်စွဲမယ်ဆိုတာ ပြဿနာ ဖြေရှင်းတဲ့နည်းလမ်းမှ မဟုတ်ဘဲ၊ ကျူးလွန် သူကို တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမယ် ” ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က ပြောသည်။

ယမန်နေ့ ဇူလိုင် ၁၀ရက် မနက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လော့ ကျေးရွာအုပ်စု ဝင် ပန်ကျင် ရွာသား အား တပ်မတော် စစ်ကြောင်းပစ်ခတ်မှု ကြောင့် ရွာသား တစ်ဦး သေဆုံးခဲ့ရပြီး၊ နှစ်ဦးဒဏ်ရာရရှိမှု အပေါ် တရားမျှတမှု ရှိစေရန် ကျောက်မဲဒေသခံ ထောင်ဂဏန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုဆန္ဒထုတ်ဖော်သည့် အပေါ် – ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နှင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ တို့ဖြင့် သက်ဆိုင်ရာ ဌာနများမှ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် – ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ယမန်နေ့ (ဇူလိုင် ၁၀) ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားခဲ့သည်။

၎င်း နှင့်ပတ်သက်ပြီး စိုင်းလိတ်က -“လူထုကိုအကာအကွယ်ပေးရမယ့် အဖွဲ့အစည်း၊ တိုင်းပြည်ကို လုံခြုံရေး ပေးရမယ့်အ ဖွဲ့အစည်း ကိုယ်တိုင်က လူထုထိခိုက်နစ်နာအောင် ကျူးလွန်လို့ အနုနည်းနဲ့ ဆန္ဒ ထုတ်ဖော်တာကို တရားပြန်စွဲမယ်ဆို တာ ပြဿနာ ဖြေရှင်းတဲ့နည်းလမ်းမှ မဟုတ်ဘဲ၊ ကျူးလွန်သူကို တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမယ်။” – ဟု သျှမ်းသံတော်ဆင့် အားပြောသည်။

ကျောက်မဲမြို့ သျှမ်းလူထု ဆန္ဒထုတ်ဖော်ရာတွင်းဦးဆောင်သူများဖြစ်သည့် ဟိုင်းကွီကျေးရွာ နေ ဦးစိုင်းသန်းမောင် ၊ ဦးဇောတိက နှင့် ဦးအာလိယျတိုအား တပ်မတော်မှ အရေးယူသွားမည် ဆိုသည့်ကိစ္စမှာ တရားဝင် ပြောဆိုခြင်းမရှိသေးကြောင်း၊ တပ်မတော် သတင်းမှန်ထုတ်ပြန်ချက်သာ ရှိသေးကြောင်း ကျောက်မဲမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှာ ဦးဆောင်သူ ၃ ဦး ကို အရေးယူမယ့် ကိစ္စကို သက်ဆိုင်ရာကနေ မပြုလုပ်ဖို့ိ အတွက် ဝင်ရောက်ညှိနှိုင်းပေးနေပါတယ် ”ဟု စိုင်းထွန်းဝင်း က ဆိုသည်။

၂၀၂၀ ဇွန်လ ၂၉ ရက် က သီပေါမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၃ မှ ကျောက် မဲမြို့တောင်ဘက် ဟိုင်းကွီကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ အုပ်စု ဘက် စစ်ကြောင်းလှည့်ရာမှ ပန်ကျင်ရွာသား (ဦး) လုံးဆု အသက် ၅၈ နှစ်အား ပစ်သတ်ခဲ့ကြောင်း၊ ရွာသူအမျိုးသမီး ဒေါ်နန်းဆိုင် လည်း ကျည်ထိမှန် ဒဏ်ရာ ရရှိသွားကြောင်း၊ အက်ကီး ရွာသား တဦး စိုင်း အိုက်မောင်ဆိုသူလဲ တပ်မတော်ရိုက်နှက် မှုကြောင့် ဒဏ်ရာအပြင်းအထန်နှင့် ဆေးရုံတင်လိုက်ရကြောင်းသိရသည်။

ရွာသားများက တရားမျှတမှု ရရှိစေရေးအတွက် “ ပြည်သူကို သတ်ဖြတ်သည့် တပ်မတော်အလိုမရှိ” ဟုရေးသားထားသော ဆိုင်းဘုတ် ဗီနိုင်းကိုင်ကာ ကျောက်မဲမြို့ခံ ထောင်ဂဏန်း က စီတန်းလှည့်လည် ဆန္ဒပြခဲ့ရခြင်းဖြစ်သည်။

“နစ်နာသူကို ပြန်လည်ကုစားနှစ်သိမ့်ရမယ့်အစား အခုက တပ်ကတရားစွဲတယ်ဆိုတာ အကြောက်တရားနဲ့ လူထုကို ထပ်မံနှိပ်ကွပ်တာလို့ပဲ မြင်တယ်။ တရားဥပဒေစိုးမိုးမှု ယုတ်လျော့နေတာ” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က ပြောဆိုလိုက်သည်။

လူမှုတရားမျှတမှု ဆိတ်သုဉ်းနေ သည်ကို ဖြေဖျောက်ရန် အတွက် လူ့အခွင့်အရေးကော်မရှင်၊ တပ်မတော်တို့ က ပွင့်လင်း မြင်သာမှုရှိပြီး အမှုမှန်ကို ဖော်ထုတ်အရေးယူရ မည်ဖြစ်ကြောင်း လည်း စိုင်းလိတ်က ထပ်လောင်းပြောသည်။

“ ဆန္ဒပြသူကိုတရားစွဲမယ့်အစား တာဝန်ယူမှု တာဝန်ခံမှုရှိစွာ လူထုကို နှစ်သိမ့်ပညာပေးရပါမယ်။တရားစွဲနေရုံနဲ့ တပ်မတော်ကို လူထုက အယုံအကြည်ရှိမလာနိုင်ပါဘူး၊ လူကြည်ညိုစရာ ဖြစ်မလာပါဘူး” ဟု စိုင်းလိတ်က ဆက်ပြောသည်။

ဆက်လက်ပြီး သျှမ်းလူထု များအနေဖြင့် လည်း ကျောက်မဲ လူထု ဆန္ဒပြပွဲ ဦးဆောင်သူ ၃ဦး ကို တပ်မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နှင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲမည်မှာ တရားမျှတမှု မရှိကြောင်းလည်း ပြောဆိုလိုက်သည်။

“ စစ်ဘေးရှောင်တုန်းက လူအစုလိုက်ရှောင်ရတယ်။ စုပြီး ဘုန်းကြီးကျောင်းမှာနေရတယ်။ အဲ့တုန်းက တိုက်ပွဲဖြစ်တဲ့ တပ်တွေကို ပဲ လူထု က တရားပြန်စွဲရမယ့်ပုံစံဖြစ်နေတယ်” ဟု ကျောက်မဲမြို့နယ် ဒေသခံ စိုင်းဘ က ပြောဆိုသည်။

ဇွန်လ ၂၅ မှ ၂၉ ရက်နေ့အတွင်း တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA အား အစိုးရတပ်မတော် မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

RCSS/SSA တပ်များ ၎င်းတို့ တပ်စခန်းမှ တပ်ဆုပ်သွားသော်လည်း အစိုးရ တပ်မတော် မှ ကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်း၊ လူထုအား ဦးတည်တိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့သည် – RCSS/SSA ၏ Tai Freedrom သတင်းစာမျက်နှာ တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...