Wednesday, January 28, 2026

ရွှေညောင် အောင်သပြေ တိုးဂိတ် ပြောင်းရွှေ့ရန် ဒေသခံများလိုလား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင်းရှိ အောင်သပြေ တိုးဂိတ်ကို မြို့ပြင်ပြောင်းရွှေ့ပေးရန် ဒေသခံများ တောင်းဆိုလိုက်သည်။

Photo by SHAN

အောင်သပြေတိုးဂိတ်သည် ရွှေညောင်မြို့ ထဲတွင် တည်ရှိသဖြင့် ဒေသခံများနေ့စဉ် ဖြတ်သန်း သွားလာသည့်အခါ ကုမ္ပဏီမှ ငွေကောက်ခံမှုရှိနေကြောင်း၊ ထိုငွေကောက်မှုကြောင့် မကြာခဏ အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ (ဇူလိုင် ၁၀)ရက် မနက်ပိုင်းတွင် အောင်သပြေ တိုးဂိတ် မြို့ပြင်ပြောင်းရွှေ့ရေး နှင့် အောင်သပြေ တိုးဂိတ်ဖြတ်သန်းခကို ဒေသခံများထံ ကောက်ခံယူမှုကို ကန့်ကွက်ကြောင်း ပြုလုပ်ကြသည်။

Photo by SHAN

ရွှေညောင် ဒေသခံများ အောင်သပြေ တိုးဂိတ် တည်ဆောက်ရေး အတွက် ကန့်ကွက်သည့် ကြားမှ ၂၀၁၂ ခုနစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ခုနစ် ဧပြီ (၄)ရက်တါင် ရွှေညောင်ဒေသခံများ တိုးဂိတ်တွင် ဖြတ်သန်းခ မပေးဘဲ လွတ်လပ်စွာ သွားလာပိုင်ခွင့်ရှိသည် ဟု ကုမ္ပဏီ က ပြောဆိုခဲ့ကြောင်း ရွှေညောင် ဒေသခံ ဦးကျော်အေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဦးကျော်အေး “ဒီတိုးဂိတ်မှာ ကျနော်တို့မှာ ပိုက်ဆံပေးစရာမလို ကျနော်တို့ လွတ်လပ်စွာ သွားလာပိုင်ခွင့်ရှိတယ်။ ကျနော်တို့က နှစ် (၄၀) အတွင်း တိုးဂိတ်အခွန်ဆောင်ဖို့ မလိုဘူး။ ဒါပေမယ့် ၇ နှစ် အတောအတွင်းမှာပဲ ပိုက်ဆံ ပြန်ကောက်တယ်” ဟု ပြောသည်။

Photo by SHAN

အဆိုပါ အောင်သပြေ တိုးဂိတ်ကို တောင်ကြီးမြို့နယ် နှင့် ကလောမြို့နယ် အဆက်ဖြစ်သည့် တောင်လေးလုံးတွင် ပြောင်းရွှေ့ပေးရန် ဒေသခံများက ဆန္ဒရှိနေပြီး နှစ်ဦးနှစ်ဖက် ခေါ်ယူညှိနှိုင်းကာ ဥပဒေ နှင့် အညီ ဆောင်ရွက်ပေးစေလိုကြောင်း ရွှေညောင်ဒေသခံများက တောင်းဆိုကြသည်။

“ကျနော်တို့ မှာ အိမ် နဲ့ ဈေး နဲ့ တစ်မိုင် တောင်မရှိဘူး ပိုက်ဆံပေးနေရတယ်။ ဒီ ဂိတ်ကို ပိုက်ဆံ မပေးချင်တာမဟုတ်ဘူး။ ပေးမယ် ဒါပေမယ့် မြို့ပြင်ကို ထွက်သွားပေးပါ။” အောင်သပြေ ဒေသခံ ကိုလူအေး က ပြောသည်။

ထို အောင်သပြေ တိုးဂိတ်ပြောင်းရွှေ့ရေး ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ထိ စာတင်ပြီးကြောင်း၊ သျှမ်းပြည် အစိုးရ အဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးကိုလည် ပြောထားပြီးကြောင်း ရွှေညောင် ဒေသခံ ကို စည်သူ က ပြောသည်။

အဆိုပါ ငွေကောက်ခံမှု အပေါ် ကန့်ကွက်ကြသည့် ဒေသခံများသည် ဆန္ဒပြရန်အတွက် တောင်းဆိုသော်လည်း သျှမ်းပြည်နယ် ရဲမှူးချုပ်မှ ကိုဗစ် ကာလဖြစ်သည့်အတွက် လူစုလူဝေး မပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် ဆန္ဒမထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ကိုဗစ် ကာလဖြစ်တဲ့အတွက် ဆန္ဒမပြပါနဲ့ လို့ ရဲမှူးကနေ ကျနော်တို့ကိုပြောတယ်။ ဒီ ဂိတ်ကို ပိုက်ဆံ မပေးချင်တာမဟုတ်ဘူး။ ပေးမယ် ဒါပေမယ့် မြို့ပြင်ကို ထွက်သွားပေးပါ။” ဟု ဦးကျော်အေး ကပြောသည်။

ထို့ပြင် အောင်သပြေ တိုးဂိတ် ကုမ္ပဏီ ဘက်နှင့် ရွှေညောင် ဒေသခံများကြား သဘောတူညီခဲ့သည့် အချက်ထဲတွင် ရွှေညောင် ဒေသခံများဖြစ်ပါက တိုးဂိတ်ကို အခမဲ့ ဖြတ်သန်းခွင့်ြ့ပုသည့်ကဒ် လုပ်ပေးမည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ မရရှိသေးကြောင်း ဒေသခံ ဦးကျော်အေး က ပြောသည်။

အောင်သပြေ တိုးဂိတ် ကုမ္ပဏီ နှင့် ရွှေညောင် ဒေသခံများကြား ဖြစ်ပွားနေသည့် ပြဿနာကို သက်ဆိုင်ရာ သျှမ်းပြည် ဝန်ကြီးချုပ် အနေဖြင့် ဖြေရှင်းရန် စောင့်ဆိုင်းခဲ့သော်လည်း လာရောက်မဖြေရှင်းပေးကြောင်းသိရသည်။

အောင်သပြေ ကုမ္ပဏီ မှ ဒေသခံများ ငွေကောက်ခံမှု၊ အငြင်းပွားမှု နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် ကုမ္ပဏီ ကိုမေးမြန်းရာ တစုံတရာမှ ပြန်လည် ဖြေကြားပေးခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွှေညောင်မြို့ လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ခုတ်သတ်

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွှေညောင်မြို့ အောင်သပြေဂိတ် အနီးရှိ ဆည်မြောင်းဝန်ထမ်း အိမ်ရာလိုင်းခန်းတွင် လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၉ ရက် ညနေ ၉ နာရီဝန်းကျင်တွင် ရွှေညောင်မြို့...

ရွှေညောင်မြို့ အိမ်ဝိုင်းတွင်း ဂျင်ဝိုင်းများ ပြုလုပ်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ အိမ်ဝိုင်းတစ်အိမ်တွင် ဂျင်ဝိုင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ဂျင်ဝိုင်းမှာ ရွှေညောင်မြို့ မင်္ဂလာအောင်မြေ (၁) ရပ်ကွက်မှာရှိပြီး အိမ်ဝိုင်းပိုင်ရှင်ကို တစ်ရက် တစ်သောင်းခွဲ ပေးရပြီး အိမ်ဝိုင်းတွင်း လောင်းကစားဝိုင်း (၂) ဝိုင်းရှိထားကြောင်း သိရသည်။ “အိမ်ဝိုင်းပိုင်ရှင်ကိုတစ်ရက်တစ်သောင်းခွဲပေးရတယ်လို့ကြားတယ်။ ရပ်ကွက်အကြီးအကဲကို တစ်ရက် တစ်သိန်းခွဲပေးတယ်။...

ရွှေညောင်မြို့ ရှိ စာသင်ကျောင်းလုံခြုံရေးကို ကျောင်းသားမိဘများ အလှည့်ကျကင်းစောင့်ရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ စာသင်ကျောင်းများတချို့တွင် ကျောင်းသားမိဘများက အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းသိရသည်။ ညောင်ရွှေမြို့တွင်းမှ အမှတ် ၉ အထက်တန်းကျောင်းနှင့် တခြားသော အလကကျောင်းများတွင် ကျောင်းတက်နေ သည့် ကျောင်းသား၏ မိဘများကို ကျောင်းသားများလုံခြုံရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် ညွှန်ကြားမှုများ ရှိကြောင်း...

စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွှေညောင်မြို့ စစ်ကောင်စီမှ ပစ်သတ်ခဲ့သည့် လူငယ် (၂) ဦး ၏ ရုပ်အလောင်း ကို မိသားစုဝင်များ ပြန်သွားထုတ်ရာ ရင်ခွဲထားသည့်ချုပ်ရာများတွေ့ရကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဇွန် (၅ )ရက် ည (၈) နာရီတွင် ရွှေညောင်မြို့ မီးပွိုင့်လမ်းဆုံအနီး စစ်ကောင်စီမှ...

ရွှေညောင်ဈေးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ထား

0
သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့မဈေးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ဆိုင်းသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မြို့မဈေးထဲတွင် ဈေးဆိုင်ဖွင့်ထားသည့်သူ ၅ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွှဲပိုင်း ၃နာရီ မှ ဇန်နဝါရီ ၁၉ ရက်ထိပိတ်သွားမည်ဖြစ်ပြီး...