ရွှေညောင်မြို့ အိမ်ဝိုင်းတွင်း ဂျင်ဝိုင်းများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ အိမ်ဝိုင်းတစ်အိမ်တွင် ဂျင်ဝိုင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဂျင်ဝိုင်းမှာ ရွှေညောင်မြို့ မင်္ဂလာအောင်မြေ (၁) ရပ်ကွက်မှာရှိပြီး အိမ်ဝိုင်းပိုင်ရှင်ကို တစ်ရက် တစ်သောင်းခွဲ ပေးရပြီး အိမ်ဝိုင်းတွင်း လောင်းကစားဝိုင်း (၂) ဝိုင်းရှိထားကြောင်း သိရသည်။

ရွေညောင်

“အိမ်ဝိုင်းပိုင်ရှင်ကိုတစ်ရက်တစ်သောင်းခွဲပေးရတယ်လို့ကြားတယ်။ ရပ်ကွက်အကြီးအကဲကို တစ်ရက် တစ်သိန်းခွဲပေးတယ်။ နေ့ကောညပါ အခုလဲရှိတယ်။ မိန်းမဝိုင်း ယောကျာ်းဝိုင်းနှစ်ဝိုင်းပါဗျ” ဟု ရွှေညောင်ဒေသခံ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။


ထို လောင်းကစားဝိုင်းမှာ (၂၄) နာရီရှိပြီး ညနေ (၅) နာရီနောက်ပိုင်းတွင် လာရောက်ကစားသူ ပိုမိုစည်ကားနေလျက်ရှိကြောင်း ၎င်းက ပြောသည်။

“ ၂၄ နာရီလုံးဆော့တယ်ဗျ။ ညနေ ၅ နာရီနောက် လူပိုစည်တယ်။ တညလုံးဖဲဝိုင်းလည်းရှိပါတယ်။ တအိမ်ထဲပါ ဒါမယ့် လူတအားစည်တယ်။ တရက်ကိုသိန်းပေါင်းရာကျော် အလျော်အစားရှိတယ်လို့ ကြားတယ်။ စတာ ၅ရက်လောက်ပဲရှိပါသေးတယ်” ဟု ရွှေညောင်မြို့ဒေသခံ တစ်ဦးကပြောသည်။

အလားတူ တောင်ကြီးမြို့နယ်၊ ဘုရားနီ ကျေးရွာမှာလည်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေရာမှာ ယနေ့ထိ (၂) လကျော်ကြာမြင့်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ မြို့နယ်တိုင်းနီးပါး လောင်းကစားဝိုင်းများ ယခင်ထက် ပိုမို များပြားစွာ ရှိလာကြောင်း သိရသည်။

စစ်ကောင်စီလက်ထပ်တွင် ပွဲလမ်းသဘင်များ၊ ရှင်ပြုပွဲများမှာ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ ရဲစခန်းဝိုင်းထိ လောင်းကစားများ ပြုလုပ်ခြင်းများ ခွင့်ပြုလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...