Tuesday, January 27, 2026

“ပြည်သူကိုသတ်သည့်တပ်မတော် အလိုမရှိ” ဟု ကျောက်မဲဒေသခံ တသောင်းကျော် ဆန္ဒထုတ်ဖော်

“ အပြစ်မဲ့ ပြည်သူကို သတ်သည့် တပ်မတော် အလိုမရှိ” ဆိုသည့် စာတမ်းပါ ဗီနိုင်းပိုစတာကို ကိုင်ဆောင်ကာ ကျောက်မဲမြို့နယ် သျှမ်းလူထု တသောင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

Photo by ကျောက်မဲ ဒေသခံများ

အဆိုပါ ဆန္ဒပြမှုသည် ကျောက်မဲမြို့တွင် ယနေ့ (ဇူလိုင် ၁၀)ရက် မနက် ၈နာရီ ဝန်းကျင် တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ သည့် ဇွန် ၂၅ ရက်မှ ဇွန် ၂၉ ထိတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲကာလအတွင်း ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာအုပ်စု ပန်ကျန်ရွာတွင် အသက် ၅၉ နှစ် အရွယ် လုံးဆု ကို အစိုးရတပ်မတော် စစ်ကြောင်း မှ ရွာအတွင်းဝင်ရောက်လာပြီး သေနတ်ပစ်သတ်ခဲ့ကြောင်း၊ အသက် ၆၀ နှစ် အရွယ် ရှိ လုံးအိုက်မောင် ကိုလည်း စစ်တပ်မှ ရိုက်နှက်ခဲ့ကြောင်း၊ထို့ပြင် တိုက်ပွဲကြောင့် အသက် ၅၅နှစ် အရွယ် အမျိုးသမီး တဦးလည်း သေနတ် ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားများပြောပြချက်အရသိရသည်။

ထို့ကြောင့် တပ်မတော်မှ ကျူးလွန်ခဲ့သည့် အမှုများကို တရားမျှတမှု ရရှိရန် အတွက် သျှမ်းလူထုများက စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

Photo by ကျောက်မဲ ဒေသခံများ

“ ဒီနေ့ ဆန္ဒထုတ်ဖော်တာ လူဦးရေ တသောင်းကျော်ရှိတယ်။ ကျောက်မဲမှာ လူအင်အားအများဆုံး ဆန္ဒပြပွဲတခုပါပဲ” ဟု ကျောက်မဲမြို့နယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုဆန္ဒပြသူများသည် ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာ ၃၀ကျော်မှ ပြည်သူများဖြစ်ကြောင်း စိုင်းထွန်းဝင်းက ပြောသည်။

ကျောက်မဲမြို့နယ် အတွင်း အရပ်သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပစ်ခတ်မှု ခံရခြင်း၊နွားများတင်ဆောင်သည့်ကားများ ပစ်ခတ်ခံရခြင်း တို့မကြာခဏ ဖြစ်ပွားခဲ့ပြီး တရားခံသည် ယနေ့ အချိန်ထိ မဖော်နိုင်ခဲ့ပေ။

Photo by ကျောက်မဲ ဒေသခံများ

“ ကျောက်မဲမြို့နယ် မှာ က အမြဲတမ်းလိုလို မကြာခဏလိုလို ပစ်ခတ်ခံရတာတွေရှိတယ်။ မိုင်းတင် အုပ်စုမှာ ၈ယောက် ပစ်ခတ်ခံရတယ် နွားကားတွေ မကြာခဏ ပစ်ခတ်ခံရတယ်ကိစ္စ တွေရှိတယ်။ အဲ့ကြောင့်မလို့ ပေါက်ကွဲ သွားတာ။ကိုဗစ် ရှိနေရက်နဲ့ သူတို့အရမ်းကို ဖြစ်သွားတာ ပေါက်ကွဲသွားတာ” ဟု စိုင်းထွန်းဝင်း က သုံးသပ်ပြောသည်။

တပ်မတော်မှ အရပ်သားကို ပစ်သတ်ခြင်း၊ အရပ်သားများကို ရိုက်နှက်ခြင်းနှင့် ပတ်သက်ပြီး ကျောက်မဲ လွှတ်တော်ကိုယ်စားလှယ်များက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံ စာတင်ထားကြောင်း နှင့် လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အမြန်ဆုံး ဖော်ထုတ်ပေးရန်လည်း ကျောက်မဲလွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းပြောဆိုလိုက်သည်။

Photo by ကျောက်မဲ ဒေသခံများ

“ တိုက်ပွဲမျာ တပ်မတော်က ဒေသခံပြည်သူတွေကို သေနတ်ပစ်တာ။ ရိုက်နှက်တာတွေကို အရေးယူပေးဖို့ပါ။ ပြည်သူကို သတ်တဲ့ တပ်မတော် အလိုမရှိဘူး” ဟု ယနေ့မနက်ပိုင်း စီတန်းဆန္ဒပြသည့် အသက် ၃၀ကျော် အမျိုးသား က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲအတွင်း တပ်မတော်မှ သေနတ်ပစ်သတ်ခဲ့သည့် လုံးဆု၊ သေနတ်ထိမှန်သည့် အမျိုးသမီး နှင့် ရိုက်နှက်ခံရသည့် လုံးအိုက်မောင် တို့ကို ကျောက်မဲအခြေစိုက် တပ်မှ ထောက်ပံ့ငွေ တဦးလျှင် ၅သောင်းလာရောက်ပေးခဲ့ကြောင်းသိရသည်။

Photo by ကျောက်မဲ ဒေသခံများ

နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့်အတွက် တန်းတူညီမျှ အခွင့်အရေး ကို လိုချင်ကြောင်း၊ ဆန္ဒ ထုတ်ရခြင်းအကြောင်းရင် သည့် နောက် ဒီထက်ပိုဆိုးလာနိုင်သည့် အခြေအနေရှိသည့် အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောက်မဲဒေသခံ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး ပညာပေးသည့် (SWAN) မှ နန်းလှရီ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီလို ထပ်မဖြစ်ဖို့ အတွက် ဆန္ဒပြရတာပါ။ သျှမ်းတိုင်းရင်းသားများသာမက တခြား တိုင်းရင်းသားတွေလည်း ဒီလိုအဖြစ်ပျက်မျိုး ထပ်မံမပေါ်စေချင်ဘူး” ဟု နန်းလှရီ က ဆိုသည်။

တိုက်ပွဲများဖြစ်ပါက ပြည်သူလူထု ကို ရှောင်ရှားပေးစေချင်ကြောင်း၊ အပြစ်မဲ့ ပြည်သူများကို ပစ်သတ်ခြင်းမပြုလုပ်စေချင်ကြောင်းလည်း ကျောက်မဲ ဒေသခံများက ပြောဆိုလိုက်သည်။

Photo by ကျောက်မဲ ဒေသခံများ

“ အခု ဆန္ဒပြပွဲက ဘယ်လက်နက်ကိုင်မဆို ဗရမ်းပတာလုပ်လို့ မရဘူးဆိုတဲ့ လက္ခဏာ ကို ပြလိုက်တာပဲ” ဟု လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က ပြောသည်။

ကျောက်မဲမြို့ ပန်ကျန်ကျေးရွာ တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်မှ အရပ်သား လုံးဆုကို သေနတ်ပစ်ခတ်မှုသည့် မျက်မြင်များရှိကြောင်း၊ လုံးဆု ၏ အမျိုးသမီးနှင့် ကျေးရွာမှ ပြည်သူများက တပ်မတော် ပစ်သတ်သည်ကို မြင်ခဲ့ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

ယနေ့ ဆန္ဒ ထုတ်ဖော်မှုပြုနိုင်ရေးအတွက် ကျောက်မဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက တိုင်းမှူးထံ သွားရောက် ဆွေးနွေးခွင့်ပန်ထားပြီးဖြစ်ကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မှုပြုနေစဉ်ကလည်း စီတန်းလှည့်လည်သူများအား ဒေသတွင်း ရဲတပ်ဖွဲ့က တားမြစ်ခဲ့သေးသည်။ သို့သော် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး ရဲများဘက်မှ လမ်းဖွင့်ပေးခဲ့သည်။

ယနေ့ညနေပိုင်းတွင်မူ ကျောက်မဲဆန္ဒထုတ်ဖော်မှု ဦးဆောင်ဦးရွက်ပြုသူ ၃ ဦးအား တပ်မတော်မှ အမှုဖွင့်အရေးယူထားကြောင်း တပ်မတော်သတင်းမှန်နှင့်ပြန်ကြားရေးက ပြောသည်ဟု သတင်းဌာနတချို့က ရေးသားဖော်ပြထားသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် အတည်ပြုချက်ရယူနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲဒေသခံ ထပ်မံစစ်ဘေးရှောင်တိမ်းရ

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်တိမ်းနေရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းကြောင့် ကျောက်မဲမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အထက်ရဲရွာ...

အောင်ပန်း လူထုသပိတ်ဖြိုခွင်း၊ဖမ်းဆီးမှုကြားက ဆက်လက်ဆန္ဒထုတ်ဖော်

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ က အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှုရှိနေသော်လည်း ယနေ့ (မတ် ၁၂)ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ဆက်လက်ချီတက်ကြ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ် ၁၁)ရက်တွင် အောင်ပန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုများကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းကာဖမ်းဆီးမှုပြုလုပ်ခဲ့သော်လည်း ယနေ့...

သျှမ်းတောင် မြို့နယ်များလမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ရန်ခက်၊ စတေကာ ကမ်ပိန်းပြုလုပ်

0
သျှမ်းပြည်တောင်ပိုင်း မြို့ငယ်များတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် အတွက် အတားအဆီးများနေ သော်လည်း စစ်အာဏာရှင် အလိုမရှိ စတေကာ ကမ်ပိန်းဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင် ကျေးသီး၊ လဲချားမြို့ ပတ်လည်တွင် စစ်တပ်စခန်းချထားသဖြင့် ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လမ်းပေါ်ထွက် ဆန္ဒပြရန် အဆင်မပြေသဖြင့် မြို့...

“စစ်အာဏာသိမ်းမှုကို တရုတ်မှ မကူညီရန်” မြန်မာ-တရုတ်နယ်စပ်တွင် ဆန္ဒထုတ်ဖော်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာသိမ်းမှုကို တရုတ်မှ မကူညီရန် အတွက် မူဆယ် ဒေသခံများ က နယ်စပ်ဂိတ်တွင် သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) မနက်ပိုင်းအချိန်တွင် မူဆယ်မြိုဒေသခံ( ၁၀၀၀) ကျော်သည် “ မြန်မာစစ်တပ် အာဏာသိမ်မှုကို မကူညီရန်” ဆိုင်ဘုတ်များကို...

ကျောက်မဲ ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံရသည့် ၃ဦး၊ အမှုရင်မဆိုင်ရသေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တရားမျှတမှိုရရှိရေး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြသူများ၏ ဦးဆောင်သူ ၃ ဦး ကို ရဲစခန်း မှ အမှုဖွင့်ထားသော်လည်း ယနေ့ချိန်ထိ အမှုရင်မဆိုင်ရသေးကြောင်း စုံစမ်းသိရသည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ဦးဆောင်သူ ၃ ဦး ကို ဇူလိုင် ၁၀ ...