မိုင်းဆတ်မြို့နယ် ကျပ်သိန်း ၈ထောင်ကျော် မူးယစ်ဆေး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ နယ် အတွင်း ငွေကျပ်သိန်း ၈ထောင်ကျော် တန်ဖိုးရှိမူးယစ်ဆေး နှင့် မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

အဆိုပါ မူးယစ်းဆေးနှင့် ဆက်စပ်သည့် ပစ္စည်းများသည် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ပလောင်ပူတွန်းကျေးရွာ အနောက်ဘက် လျှိုအအတွင်း ၀ှက်ထားခြင်းဖြစ်ပြီး ဇူလိုင် ၇ ရက်နှင့် ဇူလိုင် ၈ ရက်တွင် အာဏာပိုင်များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်ရာမှ တွေ့ရခြင်းဖြစ်ကြောင်း၊ ၄င်းစုစုပေါင်းတန်ဖိုးမှာ ငွေကျပ် သိန်းပေါင်း ၈၁၇၂ ကျော် ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု များ တနှစ်ထက် တနှစ်ပိုများလာကြောင်း သျှမ်းရှေ့ဒေသခံများပြောပြချက် အရသိရသည်။

သျှမ်းပြည်အရှေ့ ပိုင်းတွင် မူးယစ်ဆေးဝါး ဆက်စပ်ပြုလုပ်သူ အများစု သည် ပြည်သူ့စစ်များဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် မိုင်းဖြတ်ဒေသခံ တဦး ကပြောသည်။

“ မူးယစ်ဆေး ထုတ်လုပ်တဲ့စက်ရုံတွေ၊ နောက်မူးယစ်ဆေး ဖမ်းဆီးရမိများရင် ပိုင်ရှင်မဲ့ပါပဲ။ ဒီဘက်မှာ က ဘယ်သူ ဘာလုပ်နေလဲဆိုတာ သိကြပါတယ်။ တနှစ်တနှစ်ကတော့ မူးယစ်ဆေးပိုများလာတယ်” ဟု တာချီလိတ်ဒေသခံ စိုင်းတစ် က ပြောသည်။

သိမ်းဆည်းရမိသည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးများမှာ WY စာတမ်းပါ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးမှုန့်၊ ကဖင်းဟု ယူဆရသည်အဖြူရောင်အမှုန့်၊ မျောက်တံဆိပ်ဆေးရည်၊ GX -200 Honda အနီရောင် လက်ဆွဲမီးစက် တလုံး၊ Gx-180 လက်ဆွဲမီးစက် ၈လုံး နှင့် ဂတ်စ်အိုးဟောင်း ၂လုံးတို့ဖြစ်ကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို မူးယစ်တပ်ဖွဲ့ စု (၂၉ ) သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မယ(ပ) ၃၇/၂၀၂၀ ၊ မူး/စိတ် ပုဒ်မ-၁၆ (ခ)/ ၁၉ (က) နှင့် မယ(ပ)၃၈/၂၀၂၀၊ မူး/ စိတ် ပုဒ်မ- ၁၆ (ခ) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။

ယခုနှစ် အတွင်း သျှမ်းပြည် မြောက်ပိုင်းကွတ်ခိုင်မြို့နယ် တွင် ကျပ်သိန်း ဘီလီယံ ၄၁၄ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိသော်လည်း ယနေ့တိုင် တရားခံ မမိပေ။

ဇူလိုင်လ ၇ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-တာမိုးညဲသွား ကားလမ်းတွင်ပင် ငွေကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်လာသည့် ကားတစီးကိုမူးယစ်အာဏာပိုင်များကဖမ်းဆီးရမိခဲ့သေးသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...