Tuesday, January 27, 2026

ကိုဗစ်ကြောင့် အလုပ်လက်မဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ထိုင်းဘက်ခိုး၀င်

ကိုဗစ်-၁၉ ကာလအတွင်း တာချီလိတ်-မယ်ဆိုင် ချောင်းမှ တဆင့် တရားမဝင် ထိုင်းဘက်သို့ တရားမဝင်ခိုးဝင်သူ ဇွန်လအတွင်း ၁၀၀ကျော်ရှိကြောင်း စုံစမ်းသိရသည်။

ကမ္ဘာတဝှမ်းနည်းတူ မြန်မာ နှင့် ထိုင်းနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရပြီး၊ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များကို လွန်ခဲ့သည့် မတ် ၂၃ မှစတင်ပိတ်ဆိုင်းခဲ့သည်။

ဇွန်လ အတွင်း မြန်မာနိုင်ငံ တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင်ရှိကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်ရောက် မြန်မာ နိုင်ငံသားများကို ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ပေးနေသည့် ကော်မတီ အဖွဲ့ဝင် ဦးစိုင်းနွံတွီက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဇွန်လ က ထိုင်းဘက် ခိုးဝင်တဲ့သူ (၁၀၀) ဝန်းကျင်လောက်ရှိတယ်။ အဲ့ဒါ ဖမ်းမိရသလောက်ပဲ။ ကြီးလေးတဲ့ ပြစ်ဒဏ်ကြီးကြီးမားမားတော့ ယူထားတာမရှိဘူး။သူတို့ကို Quarantine ၂၁ ရက်ထားတာတော့ ရှိတယ်” ဟု ဦးစိုင်းနွံတွီက ဆိုသည်။

မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ ဘက်သု့ိ တရားမဝင် ဝင်ရောက်လာသူများလာသဖြင့် နယ်စပ်တလျှောက် ထိုင်းနိုင်ငံဘက် မှ သံဆူးကြိုးဖြင့် ယခုရက်ပိုင်းက ကာရံလိုက်ကြောင်းလည်း သိရသည်။

“ချောင်းကူးတဲ့အဖွဲ့တွေကို ပြစ်မှုအတိုင်း ကျနော်တို့ တရားစွဲတာတွေ ရှိပါတယ်။ ကျန်းမာရေး ပြစ်ဒဏ် တွေပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ၂ ယောက်မိတယ်” ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၃လကျော်ကြာ ပိတ်ထားသည့် နယ်စပ်ဂိတ်ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်နေကြောင်း၊ လက်ရှိ အချိန်သည် ကိုဗစ်-၁၉ လျော့ကျလာပြီဖြစ်သဖြင့် ထိုင်းနိုင်ငံကိုပြန် ဝင်ပြီး အလုပ်လုပ်ရန် နည်းမျိုးစုံ ကြိုးစားနေကြကြောင်း သိရသည်။

“ ၃လကျော်ကြာ အလုပ်လက်မဲ့တွေဖြစ်တော့ သူတို့က အရင်လို အလွယ်နဲ့ ဝင်လို့ရမယ်ထင်နေကြတာ။ ဒီကာလ က မလွယ်ဘူး။ ထိုင်းနိုင်ငံရဲ့ ကြေညာချက်ကို ဖတ်စေချင်တယ်” ဟု တာချီလိတ်မြို့နယ် ဒေသခံ တဦး က ပြောသည်။

တဖက်တွင်လည်း နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ၏ (ထိုင်းအစိုးရကျောင်းတက်နေသည့်) ကလေးများ လက်ရှိတွင်ကျောင်းပြန်ဖွင့်ပြီဖြစ်သဖြင့် လည်း ထိုင်းသို့ အရေးတကြီးပြန်ရန်လိုအပ်နေသူများလည်းရှိနေသည်ဟု တာချီလိတ်ဒေသခံ လူမှုကူညီရေးအဖွဲ့ကပြောသည်။

အဆိုပါ အချက်များကြောင့် လက်ရှိ အွန်လိုင်းပေါ်တွင် မြန်မာနိုင်ငံ မှ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက တဦးလျှင် ဘတ် ၃၀၀၀ ( မြန်မာကျပ်ငွေ ၁၂၀၀၀၀) ဆိုပြီး ကြေငြာနေမှုများရှိနေကြောင်း၊၎င်းတို့ကို မယုံကြည်ကြရန် လိုအပ်ကြောင်း၊ ထိုင်းအာဏာပိုင်းများ ၏ ထုတ်ပြန်ချက်ကိုသာ စောင့်ကြပ် နားထောင်ရန်လိုအပ်ကြောင်းလည်း ၎င်း ကပြောသည်။

ကိုဗစ် -၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာတဝှမ်းရှိ စက်ရုံများ အလုပ်ရုံများ၊ လေကြောင်းလိုင်းများ နှင့် ကားလိုင်းများ ရပ်ဆိုင်းထားခံရ သကဲ့သို့ ထိုင်းနိုင်ငံတွင် လည်း လုပ်ငန်းခွင်များစွာ ရပ်ဆိုင်းခဲ့ရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံသို့ နေ့စဉ် နှင့် အမျှ ပြန်လည်ဝင်ရောက်လာတာရှိသလို ထိုင်းနိုင်ငံတွင်းသို့လည်း ပြန်လည် ခိုးဝင်တာတွေ ရှိကြောင်း သိရသည်။

၂ နိုင်ငံနယ်စပ်နေလူထု ဒေသတွင်းကူးသန်းရောင်းဝယ်ရေး နှင့် အရေးတကြီးအသုံးအဆောင်ပစ္စည်း ဝယ်ယူရေးတို့အတွက် ထိုင်းအစိုးရက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် -နားမွန်း ဂိတ် ကို ပစ္စည်းသယ်ရန် ဇူလိုင်လ ၈ ရက် ကစပြီး ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၊ သို့သော် လူအဝင်အထွက်ကို ခွင့်မပြုသေးကြောင်း နယ်စပ်ပစ္စည်းသယ်ယူပို့ဆောင်သူ စိုင်းဦး ကပြောသည်။

ကိုဗစ် ကာလအတွင်း မြန်မာ – ထိုင်း နယ်စပ် တံတားဖြစ်သည့် တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားအမှတ်(၁) ကို တရားဝင် ပြန်လည်ဖွင့်လှစ်ရန်အတွက် မသိရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...