Wednesday, January 28, 2026

သျှမ်းတောင်တွင် ကိုဗစ်-၁၉ စစ်နိုင်သည့် စက်ရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် စက်ရောက်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

Photo by SHAN

”ကိုဗစ် -၁၉ စစ်နိုင်မယ့် စက်တွေ ရောက်ပါပြီ။ စက် ပစ္စည်း ၂ ခုလိုသေးတယ်။ နောက်ပြီးတော့ စစ်နိုင်မယ့် တခြား ပစ္စည်းတွေ နည်းနည်း လိုသေးတယ်။ ကျမတို့ အဆောက်အဦးပိုင်းက ၁၀၀ ရာခိုင်နှုန်း ပြီးပြီ။ စက်တွေကလည်း ၉၀ ရာခိုင်နှုန်းလောက် ရောက်နေပြီ” ဟု စဝ်စံထွန်း ဆေးရုံကြီး ရောဂါ ရှာဖွေရေးဌာန အထူးကု ဆရာဝန်ကြီး ဒေါက်တာပိုးပိုးလင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်ရန်အတွက် ပစ္စည်း ထပ်မံဝယ်ယူနိုင်ရန် ဘတ်ဂျက် ထပ်မံ လိုအပ်နေသေးကြောင်း လည်း ဒေါက်တာ ပိုးပိုးလင်း က ပြောသည်။

“ လိုအပ်တဲ့ ဘတ်ဂျက် ကို ချပေးပြီးရင် ပစ္စည်းတွေ ဝယ်လို့ရပြီဆိုလို့ရှိရင် ကျမတို့က စတင်စစ်ဆေးနိုင်ပါပြီ။ စက်ကတော့ ၉၀ ရာခိုင်နှုန်း ရောက်နေပါပြီ။ ဇူလိုင် လလယ်လောက် ဒါပေမယ့် ပိုက်ဆံရပြီး ပစ္စည်းတွေ ဝယ်နိုင်မယ့် အခြေနေပေါ်မှာ မူတည်တယ်”ဟု ဒေါက်တာပိုးပိုးလင်း က ဆိုသည်။

ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် ပစ္စည်းကရိယာများ ဓါတ်ခွဲခန်းတွင် တပ်ဆင်ထားပြီးဖြစ်ပြီး၊ ဓါတ်ခွဲခန်းသည် တခြား ဗိုင်းရပ်စ် အပြင် ကိုဗစ် -၁၉ ဓါတ်ခွဲနမူနာ စစ်ဆေးလျှင် တစ်ကြိမ် ကို (၉၆)ခု စစ်ဆေးနိုင်ပြီး ကြာချိန် ၂ နာရီမှ ၃ နာရီ ထိရှိကြောင်း ဒေါက်တာပိုးပိုးလင်း က ပြောပြသည်။

”ကိုဗစ် စစ်ဆေးနိုင်တဲ့ စက်က ပြီးခဲ့တဲ့ တစ်ပတ်က လဆန်းပိုင်း ကနေစပြီးတော့မှ ဓါတ်ခွဲခန်းမှာ လာပြီး တပ်ဆင်ထားပြီးပါပြီ။” ဟု ဒေါက်တာပိုးပိုးလင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်းဆေးရုံ နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုး ပြည်သူ့ဆေးရုံတွင် ထားရှိသည့် ဓါတ်ခွဲခန်းသည် တစ်ဦးတည်း အလှူရှင်ဖြစ်သည့် ငွေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပဏီ လီမီတက်မှ လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...