စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သားတဦးရိုက်နှက်ခံရ ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေစဉ်ရွာတွင်ကျန်ရစ်သည့် အရပ်သားတဦး ရိုက်နှက်ခံရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း စုံစမ်းသိရသည်။


ရိုက်နှက်ခံထားရသည့် ဦးအိုက်မောင်ပုံ (ဓာတ်ပုံ ဒေသခံ တဦး)

ယမန်နေ့က ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အက်ကြီးကျေးရွာ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရာ အသက် ၆၀ အရွယ် ဦးအိုက်မောင် တဦးတည်းသာ ကျေးရွာထဲတွင် ကျန်ရှိစဉ် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့က ကျေးရွာကလူတွေအားလုံးထွက်ပြေးတိမ်းရှောင်ကြတယ်။ ဦးအိုက်မောင်တယောက်တည်းကျန်ခဲ့တယ်။ တပ်မတော်က ဦးအိုက်မောင်ကို ခေါ်ပြီး ရိုက်နှက်ထားတယ်။ ဒီနေ့ မှ ပြန်လွှတ်လာပေးတယ်” ဟု စိုင်းထွန်းဝင်း ကဆိုသည်။


ရိုက်နှက်ခံထားရသည့် ဦးအိုက်မောင်ပုံ (ဓာတ်ပုံ ဒေသခံ တဦး)

တပ်မတော်က ဦးအိုက်မောင်အား ရိုက်နှက်ထားသည့် ဒဏ်ရာသည် ပြင်းထန်ကြောင်း၊ လက်ရှိမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း လည်း စိုင်းထွန်းဝင်း က ပြောသည်။

ထို့ပြင် ယနေ့ မနက်ပိုင်း တွင်လည်း ကျောက်မဲမြို့ နယ် ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာတွင်လည်း တပ်မတော်မှ ပစ်သည့် လက်နက်ကျသဖြင့် အသက် ၅၆နှစ် အရွယ် အမျိုးသားတဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် အတွင်း စစ်ရှောင် ၅၀၀ကျော်ထိရှိလာကြောင်း၊ ထိုစစ်ရှောင်များအတွက် လည်း အစားအသောက် လိုအပ်နေကြောင်း စိုင်းထွန်းဝင်း က ထပ်လောင်းပြောသည်။

တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်းကျေးရွာ အတွင်းရှိ အောင်ဓမ္မာရုံတွင် စစ်ရှောင် ၃၃၀ ကျော် နှင့် ပန်လော့ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၂၀၀ကျော်တို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ ရုတ်တရက် ထွက်ပြေးလာရတဲ့အတွက် အဓိက လိုအပ်ချက်က ရိက္ခာပါပဲ” ဟု စိုင်းထွန်းဝင်း က ဖြည့်စွတ်ပြောသည်။

ထိုကျောက်မဲမြို့နယ် အတွင်းလွန်ခဲ့သည့် ၂၀၁၆ ခုနစ်တွင် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)နှင် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါ စစ်ရှောင်များသည် တကြိမ်ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးကြောင်း သိရသည်။

လက်ရှိ ကျောက်မဲမြို့နယ် အတွင်း စစ်ရေး တင်းမာမှု များဆက်လက်တည်ရှိနေသဖြင့် ဒေသခံများ၏ လုံခြုံရေး သည် စိုးရိမ်နေရကြောင်းလည်း ကျောက်မဲဒေသခံများပြောပြချက် အရသိရသည်။

ဇွန် ၂၇ရက်တွင် ကျောက်မဲမြို့နယ် ဟိုင်းကွီးကျေးရွာသား ၂ဦးကိုတပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဇွန် ၂၈ ရက်တွင်လည်း ကျောက်မဲမြို့နယ် အတွင်းရှိ လမ်းခုလပ်တခုတွင် ဒေသခံ၂ဦးကို တပ်မတော်မှလမ်းပြအဖြစ်ခေါ်ဆောင်သွားမှုများရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များပြောပြချက် အရသိရသည်။

ထိုသူ၄ဦးသည် ယနေ့ မွန်းလွှဲပိုင်းတွင် တပ်မတော်မှ ပြန်လည် လွှတ်ပေးလိုက်ကြောင်းလည်း စိုင်းထွန်းဝင်းက ပြောပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...