တောင်ကြီးတွင် အဆိပ်ရှိမှိုစားသုံးမှုကြောင့် ၂ဦးသေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် မှို စားသုံးမှုကြောင့် အစာအဆိပ်သင့်ကာ ၂ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

 

Photo by Taunggyi/ facebook

ဇွန်လ ၁၉ ရက်က ထိုသေဆုံးသူများနှင့် မိသားစုဝင်များသည် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့် ဘုရား တောင်ပေါ် အနီးပတ်ဝန်းကျင် တွင် မှိုများခူးကာ ၊ ဇွန် ၂၀ ရက်က ချက်ပြုတ်စားသောက် ခဲ့ကြကြောင်း ဆိုပါသည်။

ထိုနေ့ တွင် မှိုဟင်းစားပြီးနောက် ညနေပိုင်းတွ ကြက်သားဟင်းထဲကိုကာကိုလာ(Coca Cola) ထည့်ချက်စားကြကြောင်း၊ ထိုသို့စားပြီးနောက် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့စတင်ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောပြသည်။

“မှို ချက်စားပြီး ည ရောက်တဲ့ချိန်ကျတော့ မိသားစုဝင်ထဲက ကြက်သားဟင်း နဲ့ ကိုကာကိုလာ ချက်စားကြတယ်။ အဲ့ဒါ စားပြီးနောက်မှ ပြဿနာ စဖြစ်တယ်။ ကြက်သားကို ကိုကာကိုလာ နဲ့ချက်စားပြီး နာရီဝက် တစ်နာရီလောက်မှာ ဗိုက်နာလာတယ်။ အော့အန်ကြတယ်။ ဝမ်းလျှောကြတယ်” ဟု ပတ်ဝန်းကျင်တွင်နေထိုင်သူတဦး ဖြစ်သည့် နန်းမြ က ဆိုသည်။

ထို့နောက် တောင်ကြီးမြို့ရှိ ထွန်းဆေးရုံတွင် ဆေးကုသမှုခံယူပြီး၊ ဇွန် ၂၅ရက်တွင် အသက် ၇၀ကျော် အမျိုးသမီး တဦးသေဆုံးခဲ့သည်၊ ဇွန် ၂၇ ရက် မနက်ပိုင်းတွင် အသက် ၄၇ဦး အမျိုးသမီးထပ်မံသေဆုံးခဲ့ကြောင်း နန်းမြ ကပြောသည်။

“ခု လက်ရှိချိန်ထိ ၂ ယောက် က ဆေးကုသမှု ခံယူနေဆဲ၊ ၂ ယောက်က ၂ ရက်အတွင်း ပြန်လည် သက်သာလာတယ်လို့ ပြောတယ်” ဟု နန်းမြ က ဆိုသည်။

မိုးရာသီအတွင်း တောထဲတွင် ပေါက်သည့် မှိုများ ကို ခူးစားရာမှ သေဆုံးသည့် သျှမ်းပြည်သူ ၁၀ ဦး ထက်မနည်းရှိပြီဖြစ်ရာ မှိုများစားကြမည့်အခါ သတိရှိရန် လိုအပ်ကြောင်းလည်း တောင်ကြီးပြည်သူများက ပြောသည်။

အဆိပ်ရှိသည်ဟု ယူဆသည့် မှိုများသည် ဆွတ်ဆွတ်ဖြူသည့် မှို၊ အညိုရောင်မှိုသေးသေးမွှားမွှားများ၊ အညိုရောင် မှိုပွင့်ကြီးများ၊ အနီရောင်၊ ပန်းရောင် အဆင်းရှိသည့် မှိုများ၊ မှိုပွင့်ကို လက်နှင့် ခြွေပတ်သည့် အခါ အနီရောင် အရည်များထွက်လာခြင်းများ စသည့်လက္ခဏာများတွေ့ရကြောင်း သိရသည်။

အဆိပ်ရှိသည့် မှိုများကို စားသုံးမိပါက ခံစားရသည့် ရောဂါ လက္ခဏာများမှာ မူးဝေခြင်း၊အော့အန်ခြင်း၊ သွေးပေါင်ချိန် ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းလျှောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်မေ့မျောခြင်း နှင့် တက်ခြင်းတို့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...