Thursday, April 25, 2024

သျှမ်းပြည်တွင် ကိုဗစ်-၁၉ လူနာများ ဆေးရုံဆင်းခွင့်ရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့စဝ်စံထွန်း ဆေးရုံတွင် တက်ရောက် ဆေးကုသနေသည့် ကိုဗစ်- ၁၉ အတည်ပြု လူနာအမှတ် (၂၄၅) သည် ဆေးရုံမှ ဆင်းခွင့် ရကြောင်း စုံစမ်းသိရှိရသည်။

Photo by SHAN

၎င်း လူနာ အမှတ် (၂၄၅) သည် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာက ဒေသခံဖြစ်ပြီး ဇွန် (၂၈) ရက်နေ့မှာ ဆေးရုံမှ ဆင်းခွင့်ရကြောင်း စုံစမ်းသိရှိရသည်။

“ မနေ့က ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီ” ဟု စဝ်စံထွန်းဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၎င်း လူနာအမှတ် (၂၄၅) သည် တတိယအကြိမ် ဓါတ်ခွဲနမူနာ စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိတော့သည့် အတွက် ဆေးရုံမှ ဆင်းခွင့်ရကြောင်း သိရသည်။ ထိုလူနာကို ဆိုက်ခေါင်တိုက်နယ်ဆေးရုံမှာ (၁၄) ရက် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ အမှတ် (၂၃၁) သည်လည်း ရောဂါ ပိုးမတွေ့ရှိတော့သည့် အတွက် ဇွန် (၁၈) ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုသော်လည်း ဆေးရုံမှာ (၁၄) ရက် စောင့်ကြည့်ထားကြောင်း မူဆယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာဟန်နိုင်စိုး က ပြောသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ ကင်းစင်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ အတည်ပြု လူနာ (၁၉၉ ) ဦးရှိပြီး ရောဂါ ပိုးကင်းစင်သူ (၂၁၈) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိကြောင်း အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article