ကျောက်မဲမြို့နယ် အတွင်းလက်နက်ကြီးကျ အရပ်သားတဦးသေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာ၌  ယနေ့မနက်ပိုင်းက လက်နက်ကြီးကျသဖြင့် အရပ်သားတဦးသေဆုံးကာ တဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၉ ရက် မနက် ၈နာရီ အချိန် သီပေါ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၃ မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၅၆ နှစ် အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ RCSS/SSA က ရွာထဲမှာ မနေဘူး။ ရွာနဲ့ အဝေးကြီးရှိနေတုန်း တပ်မတော်က ရွာထဲ ကို လက်နက်ကြီးလှမ်းပစ်လိုက်တာပါ။ RCSS ဘက်ကတော့ ပြန်မပစ်လိုက်ပါဘူး ။ နှစ်ဖက် ဖြစ်တဲ့တိုက်ပွဲမဟုတ်ဘူး။ တပ်မတော်က တဖက်ပဲပစ်တာ” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။

ဇွန် ၂၄ ရက် ကလည်း RCSS/SSA ကျောက်မဲဆက်ဆံရေး တာဝန်ခံမှ ဇွန် ၂၆ ရက် တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်တိုက်ဖျက်ရေး နေ့အတွက် မူးယစ်ဆေး မီးရှို့ဖျက်ဆီး မည့် ကိစ္စကို တပ်မတော်ထံ အကြောင်းကြားခဲ့သေးကြောင်းသိရသည်။


ကျေးရွာအတွင်းကျလာသည့် လက်နက်ကြီးတလုံး ( ဓာတ်ပုံ ဒေသခံတဦး)

ထိုသို့ အကြောင်းကြားခဲ့သော်လည်း ဇွန် ၂၅ ရက်က RCSS/SSA နှင့် အစိုးရ တပ်မတော် တိုက်ပွဲ ထိတွေ့မှု ဖြစ်ပွားခဲ့သေးကြောင်း၊ ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး တိုက်ဖျက်ရေးနေ့တွင်မူ တိုက်ပွဲမရှိတော့ဘဲ အခမ်းအနားကျင်းပခဲ့ကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်တိုက်ဖျက်ရေးအခမ်းအနားကျင်းပပြီးနောက်ပိုင်း ဇွန် ၂၇ ရက်မှ စတင်ကာ ယနေ့ထိတိုင် ကျောက်မဲမြို့နယ်ဒေသအတွင်း RCSS/SSA နှင့် အစိုးရ တပ်မတော်တို့သည် စစ်ရေးတင်းမာမှုများရှိလာခဲ့ကြောင်း သိရသည်။

“အဲ့ဒီနေရာဒေသမှာ။ လက်ရှိ အခြေနေက တပ်မတော်ဘက်က ဆက်လက် လှုပ်ရှားနေတယ်။ RCSS တပ်ဖွဲ့ဝင်ကလည်း တိုက်ပွဲမဖြစ်ရလေအောင် တတ်နိုင်သလောက် ရှောင်ရှားပေးနေတယ်” ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က လက်ရှိမြေပြင် အနေအထားကို ပြောပြသည်။

RCSS/SSA သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် အဖွဲ့တဖွဲ့ ဖြစ်ပြီး၊ လက်ရှိ အချိန်ထိ အစိုးရ နှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ မကြာခဏ ပြုလုပ်နေသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

“ဒါက ကောင်းတဲ့လက္ခဏတော့မဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲကတော့ တိုက်ပွဲငယ်လေးတွေ မထင်မှတ်ဘဲဖြစ်တာပါ။ အထက် စီမံချက် ရှိရှိနဲ့ ဖြစ်ချင်တဲ့ တိုက်ပွဲမျိုးတော့ မဟုတ်လောက်ဘူး။ ကြီးကျယ်လာနိုင်တယ်လို့ မထင်ထားသေးပါဘူး။ ပုံစံကတော့ အခြေနေတော့ မလှဘူး။ ပြည်သူတွေ ထိခိုက်သေနိုင်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ထပ်လောင်းပြောသည်။

အဆိုပါ တိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် အနေဖြင့် အစိုးရ တပ်မတော် ဘက်မှ သတင်းမှန်ပြန်ကြားရေး ကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရခဲပေ။

ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ၂၀၀ကျော် စစ်ရှောင်လာရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...