သယံဇာတ တူးဖော်ရေးလုပ်ကွက်သစ် မေးခွန်း ဝန်ကြီးဖြေဆိုမှု အားရမှုမရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ထပ်မံတင်သွင်းသော သျှမ်းပြည် သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ကွက်သစ်မေးခွန်းကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးမှ ဖြေကြားရာတွင် အားရကျေနပ်သည့်အဖြေ မရရှိကြောင်း လွှတ်တော်အမတ်က ပြောသည်။

 

Photo by SHAN

ယမန်နေ့ ဇွန် ၂၅ ရက် တွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) စိုင်းထွန်းဉာဏ် မှ “ သျှမ်းပြည်နယ်တွင် သဘာဝ သယံဇာတတူးဖော်ရေး လုပ်ကွက်သစ်များ အတွက် ဒေသခံပြည်သူများ နှင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူညီမှုဖြင့်သာ ပြည်နယ် အစိုးရမှ သဘော ထား မှတ်ချက်ပေးရန် အစီစဉ် ရှိ/ မရှိ” နှင့် စပ်လျဉ်း သည့် မေးခွန်း ကို လွှတ်တော်တွင်း မေး မြန်း ခဲ့ ခြင်းဖြစ်သည်။

အဆိုပါအဆိုကို လွန်ခဲ့သည့် ၂၀၁၉ ခုနစ် ဇူလိုင်လကတကြိမ် လွှတ်တော်အတွင်း တင်ပြခဲ့ဖူးသော်လည်း လွှတ်တော် ဥက္ကဌမှ အဆိုတင် ခွင့်မပြုခဲ့ကြောင်း၊ ယခုနှစ်တွင်ကြယ်ပွင့်ပြ မေးခွန်း ပုံစံပြောင်းပြီးမေးရကြောင်းလည်း စိုင်းထွန်းဉာဏ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ပထမ တင်တာက အဆို အနေနဲ့ တင်တယ်။ ဒါမယ့်လွှတ်တော် ဥက္ကဌ ခွင့်မပြုဘူး။ ဒီတစ်ခေါက်ကျမှ ဒီအဆိုကို မေးခွန်းအဖြစ်ပြောင်းပေးပါ။ ပြောင်းပေးမယ်ဆိုရင် ခွင့်ပြုမယ်။ အစိုးရ ရဲ့ သဘောထား သိနိုင်သလောက်ဆိုပြီးတော့မှ အဆိုကို မေးခွန်း အဖြစ် ပြန်ပြောင်းလိုက်တာ” ဟု လွှတ်တော်အမတ် စိုင်းထွန်းဉာဏ် က ပြောသည်။

ယမန်နေ့ လွှတ်တော် အမတ် စိုင်းထွန်းဉာဏ်မေးသည့် မေးခွန်းနှင့် ပတ်သက်ပြီး သယံဇာ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင် က “ မြန်မာ့ သတ္တုတွင်း ဥပဒေများနဲ့ မြန်မာ့ သတ္တုတွင်း နည်းဥပဒေ များကို ပြင်ဆင်သည့် နည်းဥပဒေ များတွင်မ ရှိ သေးကြောင်း” သျှမ်းပြည် လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဖြေကြားခဲ့သည်။

ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း လုပ်ကွက်သစ်များ လျှောက်ထားရာတွင် သက်ဆိုင်ရာ ကုမ္ပဏီ အနေဖြင့် လျှောက်ထားဒေသရှိ ဒေသခံများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကြိုတင် ဆွေးနွေးစေခြင်း ဆောင်ရွက်နေကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင် က လွှတ်တော်တွင်း ပြန်လည် ဖြေကြားခဲ့သည်။

“ဝန်ကြီးဖြေသွားတဲ့ပေါ်မှာတော့ ကတိကဝတ်မဟုတ်ဘူး။ တကယ်တမ်း ဒီလိုမျိုး လုပ်ဆောင်လာမယ်ဆိုလို့ရှိရင် ဒေသခံ နဲ့ လွှတ်တော်ကိုယ်စားလှယ် တို့ ဆွေးနွေးညှိနှိုင်းပါမယ်ဆိုတဲ့ ကတိမဟုတ်တဲ့ ပုံစံမျိုးပဲပြောသွားတာပေါ့နော်။ လုပ်ကို လုပ်ရမယ် ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘူး။ ကိုယ်စားလှယ် ကော ဒေသခံ ပြည်သူတွေနဲ့ကော လုပ်သွားပါ့မယ်ဆိုတဲ့ ဝတ်ကျေတန်းကျေမျိုးပဲ ဖြေသွားတာပေါ့နော်။ ကျေနပ်မှုတော့ မရှိဘူး” ကျောက်မဲ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ သျှမ်းပြည် အစိုးရသည် ပြည်ထောင်စု အစိုးရ ခိုင်းသမျှကို ထောက်ခံပေးရမည့် အနေအထားဖြစ်နေသည်ဟု လည်း စိုင်းထွန်းဉာဏ်က ထောက်ပြပြောဆိုလိုက်သည်။

“အောက်ခြေမှာ အလုပ်လုပ်တဲ့ခါမှာ ပြဿနာပေါ်မူတည်ပြီးတော့မှ တင်ပြရတာရှိတယ်။ လက်ရှိမှာက ပြည်နယ် အစိုးရ ရဲ့ အနေအထားက ပြည်ထောင်စုက တောင်းဆိုလာသမျှကို ထောက်ခံ့ပေးရတဲ့ အနေအထားဖြစ်နေတယ်။ ကိုယ့်လူထု ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်က ထောက်ခံ့ပေးရတဲ့ အနေအထားဖြစ်တယ်” ဟု စိုင်းထွန်းဉာဏ် က မှတ်ချက်ပြုလိုက်သည်။

သျှမ်းပြည် တွင်းရှိ သဘာဝ သယံဇာတ တူးဖော်မှုကို ဒေသခံ ပြည်သူလူထုများ ကန့်ကွက်သော်လည်း သျှမ်းပြည်အစိုးရ က ထောက်ခံ့ပေးမှု များရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...