Wednesday, January 28, 2026

သျှမ်းပြည်တဝှမ်း ကိုဗစ် လူနာ ၂ဦး ကျန်ရှိနေဆဲ

သျှမ်းပြည်တွင်းရှိ ကိုဗစ်- ၁၉ အတည်ပြု လူနာ ၂ ဦး ဆေးရုံဆင်းခွင့်မရသေးကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ လူနာ ၂ ဦးသည် သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်းဆေးရုံ လူနာ အမှတ် (၂၄၅) နှင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံ လူနာ အမှတ် (၂၃၁) တို့ဖြစ်ကြောင်း သိရသည်။


ထို့ပြင် မူဆယ်မြို့ လူနာ အမှတ် (၂၃၁) သည် ဓာတ်ခွဲခန်းစစ်ဆေးချက် အရ ၂ ကြိမ်ဆက်တိုက် Negative ဖြစ်ပြီး ဆေးရုံတွင် Quarantine ဝင်နေရကြောင်း မူဆယ်ပြည်သူ့ဆေးရုံ မှဆရာဝန်ကြီး ဒေါက်တာ ဟန်နိုင်စိုးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“လူနာ အမှတ်  ၂၃၁  က ကျန်းမာရေး အခြေအနေ ကောင်းနေပါတယ်။ ၂ ကြိမ်ဆက်တိုက် Negative ဖြစ်လို့ ဆေးရုံက ဆင်းခွင့်ရပေမယ့် ဆေးရုံမှာ Quarantine ၁၄ ရက် ထားထားပါတယ်” ဟု ဆရာဝန်ကြီး ဒေါက်တာ ဟန်နိုင်စိုးက ဆိုသည်။

ဇွန် ၁၈ ရက်တွင် ဆေးရုံဆင်းခွင့်ပြုလိုက်သော်လည်း နေအိမ်သို့ပြန်ခွင့်မရသေးကြောင်း၊ လက်ရှိ မှာ စောင့်ကြည့်လူနာ အဖြစ် မူဆယ်မြို့ ပြည်သူဆေးရုံတွင် ၁၄ရက် ထားကာ နေအိမ်သို့ပြန်ခွင့်ပြုမည် ဟု ဒေါက်တာဟန်နိုင်ိစုး က ထပ်လောင်း ပြောသည်။

ထိုနည်းတူ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာ အမှတ် (၂၄၅) သည် ဒုတိယအကြိမ် ဓါတ်ခွဲနမူနာ စစ်ဆေးရာမှာ Negative ဖြစ်ပြီး တတိယအကြိမ် ဓါတ်ခွဲနမူနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် အထူးရောဂါ နိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo by Sai Moe/ တောင်ကြီးမြို့ အပေါ်မြင်ကွင်း

“လူနာ ၂၄၅ ရဲ့ဓါတ်ခွဲအဖြေက ဒုတိယအကြိမ် ဓါတ်ခွဲနမူနာစစ်တော့ ပိုးမတွေ့ လို့ ထွက်ပြီးပြီ။ ဒီနေ့ သူ့ကို တတိယအကြိမ် ဓါတ်ခွဲနမူနာ ယူပြီးတော့မှ ထပ်ပို့ပေးမယ်” ဟု ဒေါက်တာ နှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူဆယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေသည့် အတည်ပြု လူနာ အမှတ် (၂၃၁) သည် ကျန်းမာရေး ဝန်ထမ်းဖြစ်ပြီး ၎င်းနှင့်ထိတွေ့ဆက်စပ်သူ (၁၅၀) ကျော် ရှိကြောင်း လည်း ဆရာဝန်များက ပြောသည်။

တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ တက်ရောက်ဆေးကုသနေသည့် လူနာ အမှတ် (၂၄၅) သည် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ တွင် နေထိုင်သူဖြစ်ပြီး ပခုက္ကူဘက်က လမ်းလုပ်သားဖြစ်ပြီး ၎င်း နှင့် ထိတွေ့ ဆက်စပ်သူ (၈) ဦးခန့်ရှိကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင် အတည်ပြု လူနာ ၁၀ ဦး ရှိသည့် အနက် (၈) ဦး ဆေးရုံမှ ဆင်းခွင့်ရပြီး ကျန်သည့် ၂ ဦးသည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်း ဆေးရုံ အတည်ပြု လူနာ တစ်ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံမှာ တစ်ဦး စုစုပေါင်း ၂ ဦး ရှိသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ ၂၉၃ ၊ ပြန်လည် သက်သာလာသူ ၂၀၈ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...