Tuesday, January 27, 2026

နမ့်ခမ်း ဒေသခံများပိုင် ထင်းစိုက်ခင်း (၉၇) ဧက ပြန်လွှဲပြောင်းပေးမည် ဟုဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းကတ် ကျေးရွာ အုပ်စုရှိ သစ်တောဦးစီးဌာနမှ သိမ်းယူထားသည့် မြေဧရိယာ  ၉၇  ဧက ကို ကျေးရွာပိုင်များ ထင်းစိုက်ခင်း အဖြစ် ပြန်လည် လွှဲပြောင်းပေးမည်ဟု လွှတ်တော်တွင် ဒေါက်တာ ညီညီအောင် က ပြောကြားလိုက်သည်။

နမ့်ခမ်းမြို့ အဝင်ဆိုင်းဘုတ်( ဓာတ်ပုံ ဒေသခံ)

ယမန်နေ့ ( ဇွန် ၂၄)ရက်တွင် ကျင်းပသည့် သျှမ်းပြည် လွှတ်တော် (၁၉ )ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် မှ ကောင်းကတ်ကျေးရွာ အုပ်စု ကွင်းပြင်ပ ဒေသ ရှိ သစ်တောစိုက်ခင်းအဖြစ် သိမ်းယူထားသည့် မြေများအနက် စိုက်ပျိုးခြင်း မရှိသော မြေဧရိယာ (၉ ၇) ဧက ကို မူလပိုင်ရှင် တောင်သူ ၂၈ ဦးထံ သို့ ပြန်လည် လွှဲပြောင်းပေးရန် အစီစဉ်ရှိ /မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ပါသည်။

အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် မှ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု သစ်တောစိုက်ခင်းများကို ကျေးရွာပိုင် ထင်းစိုက်ခင်း အဖြစ် လွှဲပြောင်းပေးမည်ဟု လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

နမ့်ခမ်း သစ်တော ဦးစီးဌာနမှ (၁၉၉၅ – ၉၆) ခုနှစ်က ကျေးရွာသုံး ထင်းစိုက်ခင်း အဖြစ် စိုက်ပျိုးရန် သိမ်းယူခဲ့ပြီး သိမ်းယူမြေဧက (၁၀၀) အနက် ၃ ဧက သာ ထင်းစိုက်ခင်းအဖြစ် သစ်တောဦးစီးဌာနက စိုက်ပျိုးခဲ့ပြီး ကျန် ရှိသည့် ဧက (၉၇) ဧက တွင် စိုက်ပျိုးခဲ့ခြင်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

0
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။  နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...

နမ့်ခမ်းမြို့နယ် ကလေးပြန်ပေးဆွဲသည့် အဖွဲ့မှ အသေ တစ်ဦး၊ အရှင် (၂) ဦး ဖမ်းဆီးမိ

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ကလေးငယ်ကို ပြန်ပေးဆွဲလုပ်သည့် အဖွဲ့အား အသေ တစ် ဦး၊ အရှင် (၂) ဦးကို တစ်နေ့တည်းအတွင်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၉) ရက် နံနက်ပိုင်း ၈ နာရီခွဲကျော်တွင် နမ့်ခမ်းမြို့နယ်၊ စာရေးတန်းရပ်ကွက် (ပွၵ့်ၸရေးတၢၼ်း) ၌...

နမ့်ခမ်းဒေသခံလေးဦး ကိုးကန့်ထိန်းချုပ်နယ်မြေ လောက်ကိုင်မှာ ပျောက်ဆုံး

0
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှ ဒေသခံ ၄ ဦးသည် သျှမ်းပြည် အထူးဒေသ (၁) ကိုးကန့် ထိန်းချုပ်နယ်မြေ အတွင်း၌ ပျောက်ဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်မှ စတင်ကာ နမ့်ခမ်းမြို့နယ် နောင်ခန်ရွာနေသည့် အမျိုးသား (၃) ဦး နှင့်...