သျှမ်းပြည် ကလေးသူငယ် တရားရုံး နှင့် အထူးရဲ သီးသန့် မထားနိုင်သေး

သျှမ်းပြည်နယ် တရားရုံးများတွင် ကလေး သူငယ်အထူးရဲ သီးသန့် ထားရှိရန် အစီအစဉ် မရှိသေးကြောင်းနှင့် အထူးတရားရုံးထားရှိရန် မြေနေရာခက်ခဲမှု ရှိနေသေးသည် ဟု လွှတ်တော်တွင် ပြောဆိုလိုက်သည်။

Photo by Nang Mya Htwe

ယမန်နေ့ ဇွန် ၂၃ ရက်တွင် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး က သျှမ်းပြည်နယ်တရားရုံးများတွင် ကလေးသူငယ် အထူးတရားရုံးများ ထားရှိရန် နှင့် ကလေးသူငယ်အထူးရဲများ သီးသန့်ခန့်ထားရန် အစီစဉ် ရှိ/မရှိ စပ်လျဉ်းသည့် မေးခွန်း ကို မေးမြန်းခဲ့သည်။

ထိုမေးမြန်းချက်နှင့် ပတ်သက်ပြီး က သျှမ်းပြည် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က တရားရုံးများတွင် ကလေးသူငယ်အထူးတရားရုံးများ ထားရှိရန် အတွက်ရုံးနေရာ အခက်အခဲဖြစ်နေသေးသဖြင့် အောင်မြင်မှု မရသေးကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် သျှမ်းပြည်တွင်း ကလေးသူငယ်အထူးရဲများ သီးသန့် ခန့်ထားရန် အစီအစဉ် မရှိသေးကြောင်း ကိုလည်း သျှမ်းပြည် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး နှင့် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြေကြားချက် အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး က “သျှမ်းပြည်နယ်မှာ အထူးတရားရုံး နဲ့ ကလေးတရားရုံး မရှိမဖြစ် လိုအပ်နေတဲ့ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန တို့ ဖြေသွားတာလဲ အားရကျေနပ်မှု မရှိဘူးပေါ့” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် တရားရုံးများရှိ အမှုစစ်သည့်နေရာတွင် ကလေးသူငယ် အထူးတရားရုံး မရှိသည့်အတွက် အားနည်းချက် များရှိကြောင်း၊ ထို့ကြောင့်ထိုမေးခွန်းကို လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရခြင်း ဖြစ်ကြောင်း လွှတ်တော် အမတ် ဦးအေးမင်းစိုး က ဆိုသည်။

“ သျှမ်းပြည်နယ်မှာက လူကုန်ကူးမှုတွေ ကလေးသူငယ် မှုခင်းတွေ သက်ငယ်မုဒိမ်းတွေ ပိုတိုးလာတယ်လေ။ ကလေးသူငယ်တွေ နဲ့ ပတ်သက်ပြီးတော့ မှုခင်းဖြစ်တဲ့ဟာတွေက အခွင့်အရေးတွေ ဥပဒေ အတိုင်း အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့။” ဟု ဦးအေးမင်းစိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် တွင် လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှု တနှစ်ထက် တနှစ် ပိုများလာကြောင်းလည်း ဦးအေးမင်းစိုး က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...