Tuesday, April 30, 2024

တောင်ကြီး ကိုဗစ် လူနာအမှတ် ၂၃၀ ပထမကြိမ် Negative ဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် (၂၃၀) တွင် ပထမအကြိမ် Negative ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လူနာ အမှတ် (၂၃၀) သည် စဝ်စံထွန်းဆေးရုံမှာ တက်ရောက်ဆေးကုသနေပြီး ယနေ့ နံနက်တွင် ပထမအကြိမ် ဓါတ်ခွဲအဖြေ Negative ဖြစ်ကြောင်း ပြည်နယ် အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo by SHAN

“သူ့ရဲ့ second sample ကတော့ ဒီမနက် အဖြေရတာက ပိုးမတွေ့ ဖြစ်သွားတယ်။ ဒါကြောင့်မလို့ အခုတစ်ကြိမ် ပြန်ပို့ဖို့ လိုတာပေါ့” ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စဝ်စံထွန်းဆေးရုံတွင် ကိုဗစ် အတည်ပြု လူနာအမှတ် (၂၃၀) နှင့် (၂၄၅) ရှိပြီး ၎င်းတို့ ၂ ဦးသည် ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

“Case 245 ကတော့ အခုမှ ဒုတိယတစ်ကြိမ် ပို့ရမယ်။ ကျန်းမာရေး အခြေနေကောင်းတယ်။ ဘာလက္ခဏ မှ မပြဘူး” ဟု ဒေါက်တာ နှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လူနာ အမှတ် (၂၃၀) သည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး ရွာငံ မြို့နယ် ကျောက်ငှက်ကျေးရွာနေ အသက် (၃၁) နှစ် အရွယ် အမျိုးသားဖြစ်ပြီး မေ (၁၇) ရက်နေ့တွင် ရွာငံမြို့နယ် ရွာမ ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်းမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ ၂၆၃ ဦး ရှိပြီး ပြန်လည် သက်သာ လာသူ ၁၈၅ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ် အတည်ပြု လူနာ ၁၀ ဦး ရှိသည့် အနက် ၇ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီး ကျန်သည့် အတည်ပြု လူနာ ၃ ဦးသည် သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်း ဆေးရုံမှာ ၂ ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ် ပြည်သူ့ဆေးရုံမှာ ၁ ဦး တို့ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article