ကွတ်ခိုင် ရွာသား ၅ ဦး တပ်မတော်မှ လမ်းပြ အဖြစ်ခေါ်ဆောင်သွား

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ မနက် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး ရွာသား ၅ ဦးကို တပ်မတော်မှ လမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

Photo by Kut kai/Facebook

အစိုးရ တပ်မတော်မှလမ်းပြအဖြစ်ခေါ်ဆောင်သွားသည့် အမျိုးသား ၅ ဦးထဲမှ ၃ ဦးသည် ကွတ်ခိုင်မြို့နယ် နောင်ဟွယ် ကျေးရွာတွင်နေထိုင်သူများဖြစ်ပြီး ကျန် ၂ ဦးမှာ ကာလိုင်ဇွပ်အောင် စစ်ရှောင်စခန်းတွင် နေထိုင်သူများဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံများပြောပြချက်အရသိရသည်။

“ နောင်ဟွယ် ရွာသား ၃ ဦးက တအာင်း(ပလောင်) လူမျိုးတွေပါ။ စစ်ရှောင်စခန်းက ၂ ဦးက ကချင်လူမျိုးတွေပါ။ လမ်းပြ အဖြစ်ခေါ်သွားတယ်လို့သိရပါတယ်” ဟု အစိုးရ တပ်မတော် မှ ခေါ်ဆောင်သွားစဉ် မြင်တွေ့လိုက်သည့် ဒေသခံ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖြစ်ပွားနေသော စစ်ရေးဋိပက္ခကြောင့် တောင်ယာအလုပ် သွားလုပ်ပြီး စစ်ရှောင်စခန်းသို့ပြန်လာသည့် အမျိုးသား ၂ ဦး ကိုလည်း စစ်တပ်က ယနေ့မနက်ပိုင်းကဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ နောင်ဟွယ် ရွာသား ၃ ဦးကိုတော့ ရွာကနေ ခေါ်သွားတယ်။ စစ်ရှောင် အမျိုးသား အမျိုးသား ၂ ယောက်က တောင်ယာက နေပြန်လာတာ။လမ်းမှာ တပ်မတော်နဲ့ တွေ့တော့ လမ်းပြ အဖြစ် ခေါ်သွားတာ။ သူတို့တွေက အသက်က ၂၀-၃၀ ဝန်းကျင်ရှိမယ်ထင်တယ်” ဟု တပ်မှ ခေါ်သွားစဉ်မြ င်တွေ့လိုက်သည့် အမျိုးသားတဦးက ပြန်ပြောပြသည်။

အစိုးရ တပ်မတော် မှ လမ်းပြ အဖြစ်ခေါ်ဆောင်သွားသည့် ရွာသား ၅ဦးကို ယနေ့ ညနေ ၃နာရီခွဲကျော်တွင် ပြန်လည် လွှတ်လာကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

လက်ရှိ ကိုဗစ်-၁၉ ကာလဖြစ်သဖြင့် မြို့ပေါ်တွင် အလုပ်ရှားပါးမှု ကြောင့် တောင်ယာလုပ်ငန်း သွားလုပ်သော်လည်း တိုက်ပွဲများနှင့်တိုးသောကြောင့် ရွာသူရွာသားများ အခက်အခဲများကြုံတွေ့နေရသည်ဟုလည်း ပြောသည်။

အဆိုပါ ခေါ်ဆောင်သွားသည့် တပ်သည် တပ်မ ၈၈ ဟုလည်း ပြောဆိုကြသည်။

ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်၊ နောင်ဖန်းကျေးရွာ နှင့် နမ့်ဖူး ကျေးရွာ တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် အစိုးရ တပ်မတော် နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)တို့ ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“KIA နဲ့ အစိုးရ တပ်မတော်နဲ့ ဖြစ်တဲ့တိုက်ပွဲပါ။ ဒီနေ့မနက် ၇ နာရီ ဝန်းကျင်မှာ ဆိုရင် တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်” ဟု ကာလိုင် ဇွပ်အောင် စစ်ရှောင်စခန်းမှ ဆရာ နောင်လတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် မြောက်ပိုင်းကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း၊ ကိုဗစ် ကာကွယ် ထိန်းချုပ်သည့် အချိန်ကာလ အတွင်း တပ်မတော်မှ တိုက်ပွဲများ ရပ်တန့်ထားမည်ဟု ကြေညာခဲ့သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း လည်း ဆရာနောင်လတ်က ပြောသည်။

“ ဒီကာလမှာ ပြည်သူတွေက စီးပွားရေးရှာစားရတာခက်တယ်။ တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။ တပ်မတော်ကတိုက်ပွဲတွေရပ်ဖို့ကြေညာပေမယ့် စစ်အင်အားတွေကတော့ တိုးလာတယ်” ဟု ဆရာနောင်လတ် ကဆိုသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ယခုရက်ပိုင်း တပ်မတော်မှစစ်အင်အား ရာဂဏန်း ထပ်မံဖြည့်တင်းကာ ဒေသ အတွင်း လှုပ်ရှားနေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ တပ်မတော် သတင်းမှန်ပြန်ကြားရေး ဌာန နှင့် KIA ကို အကြိမ်ကြိမ်ဖုန်းဆက်ခေါ်ဆိုခဲ့သော်လည်း မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...