လာမည့် လွှတ်တော်တွင် ၅၈ နေရာ ရရှိမည်ဟု SNDP ခန့်မှန်း

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) အနေဖြင့် လွှတ်တော်တွင် ၅၈ နေရာခန့်မှန်းထားကြောင်း SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောကြားလိုက်သည်။

Photo by SNDP / Facebook

“ကျနော်တို့ အရင်က ၅၈ ယောက် နိုင်ဖူးတယ်လေ။ အခုလဲ အဲ့လောက် မှန်းထားတာပေါ့” ဟု ဦးစိုင်းအိုက်ပေါင်း က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနစ်တွင် SNDP ပါတီသည် လွှတ်တော်တွင် ၅၈ နေရာရှိခဲ့ပြီး၊ ဝန်ကြီးနေရာ ၆ ဦးရခဲ့သဖြင့် အတွေ့အကြုံများစွာရှိကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ခံပြီး အနိုင်ရမည်ဆို ပါက သျှမ်းပြည် အစိုးရ ဖြစ်နိုင်ကြောင်းလည်း ဦးစိုင်းအိုက်ပေါင်းက သုံးသပ်ပြောဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် SNDP အနေဖြင့် သျှမ်းပြည်နေရာအနှံ့အပြင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း စုစုပေါင်း မြို့နယ် ၃၀မြို့နယ် တွင် ဝင်ပြိုင်သွားမည် ဟု ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

“ မြို့နယ် ၃၀ လောက် ဝင်ပြိုင်မယ်။ သျှမ်းအရှေ့၊ သျှမ်းတောင် ၊ သျှမ်းမြောက် နောက်ပြီး ကချင်ပြည်နယ် သျှမ်းပြည် ပြင်ပ ကတော့ ကချင်ပဲ။ မန္တလေးတိုင်းက သျှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာလဲ ဝင်ပြိုင်မယ်” ဟု ဦးစိုင်းအိုက်ပေါင်း က ထပ်လောင်းပြောသည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး နှင့် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီ၏ ထိပ်သီးခေါင်းဆောင်များ ပါဝင်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်းလည်း သိရသည်။

“ အမျိုးသမီးနဲ့လူငယ်က၂၀၊၃၀ ရာခိုင်နှုန်းပါမယ်လို့မျှော်လင့်ပါတယ်။ ကျနော်ကတော့ ဝင်မပြိုင်တော့ဘူး။ ကျနော်တို့လူငယ်တွေကို နေရာပေးတယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် SNDP အနေဖြင့် သျှမ်းပြည်တွင် လွှတ်တော် တနေရာတွင်သာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

0
၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...