Saturday, May 4, 2024

မူဆယ် သံသယ လူနာအမျိုးသမီး တဦးသေဆုံးမှု ကိုဗစ်ကြောင့်မဟုတ်

Must read

သျှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့ တွင် ကိုဗစ် သံသယလူနာ အမျိုးသမီးတဦးယနေ့မနက်ပိုင် းက သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo by Thaung Tun/ Facebook

အဆိုပါ သံသယစောင့်ကြည့်လူနာအမျိုးသမီးသည် အသက် ၃၆ နှစ်အရွယ်ရှိ တရုတ်ပြည်တွင်သွားရောက်အလုပ်လုပ်ပြီး ပြန်လာသူဖြစ်ကြောင်း ၊ ဇွန်လ ၈ ရက်နေ့က မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေသူဖြစ်ကြောင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒီနေ့မနက်ပိုင်းကပဲ ဆုံးသွားတာပါ။ ဒီနေ့ပဲသဂြိုလ် တာပါ။ သူက တရုတ်ပြည်က ပြန်လာတဲ့သူပါ။ သူမှာတော့ ကိုဗစ်-၁၉ ဓာတ်ခွဲမှု အဖြေNegative ရထားတဲ့သူပါ။ အဓိက အဲ့အမျိုးသမီးက ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ရှိပါတယ်” ဟု ဒေါက်တာ ဟန်နိုင်စိုးက ဆိုသည်။

ထိုသံသယ စောင့်ကြည့်လူနာ အမျိုးသမီး ကိုဗစ်ကြောင့် သေဆုံးခြင်းဖြစ်မည်ကို မူဆယ် ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိမူဆယ်မြို့တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ တဦးသာရှိပြီး ၎င်းသည် မူစယ်ဆေးရုံတွင်ဆေးကုသမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး ဖြစ်ပါသည်။

ယခုတပတ်အတွင်း မူဆယ်တွင် တရုတ်ပြည်မှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားအရေအတွက် နည်းပါးလာကြောင်း လည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article