Wednesday, January 28, 2026

မြန်မာ-တရုတ် နယ်စပ်ဂိတ် ကနေ့အထိ ဝင်ထွက်ခွင့်မပေးသေး

မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ယနေ့အချိန်ထိ ပိတ်ထားဆဲဖြစ်သဖြင့် မူဆယ်ဒေသခံ ဈေးသည်များ အခက်အခဲများစွာရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ဧပြီလ မှ စတင်ကာ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် မူဆယ် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ် (အလယ်ဂိတ်) မန့်ဝိန်းဂိတ်များနှင့် အခြားဂိတ်များတွင် တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုမှ အပ ကျန် လူ ဝင်၊ထွက်မှု ပိတ်ဆိုင်းထားသည်မှာ ယနေ့ထိတိုင်ဖြစ်ကြောင်း မူဆယ် ဈေးသည်များက ပြောသည်။

“ အဓိက တော့ ကုန်စည် ဝင်၊ထွက်လို့ရပေမယ့် ကျမတို့လို ကုန်စုံရောင်းတဲ့သူတွေက ဝင်၊ထွက်ဖို့က ခက်တယ်။ အရင်က ကျမတို့ ကုန်စုံတွေကို တဖက်နိုင်ငံကို တပိုင်တနိုင် တင်ပို့ရောင်းတယ်။ ကိုဗစ် ဖြစ်ကတည်းက မဝင်ရတော့ အခက်ဖြစ်တယ်” ဟု ကုန်စုံဆိုင် ဖွင့်ထားသည့် နန်းကျင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မြန်မာ-တရုတ် နယ်စပ်တွင်နေထိုင်သူများသည် ယခင် ကိုဗစ် မဖြစ်ခင်တွင် တရုတ်နိုင်ငံသို့ ခြံထွက်များ ကုန်စည်များကို တပိုင်တနိုင်ရောင်းချကြောင်း၊ လက်ရှိမှာ ကိုဗစ်ကြောင့် တရုတ်ပြည်သို့တင်ပို့ရောင်းချခွင့်မရသဖြင့် များစွာ အခက်ကြုံနေရကြောင်း နန်းကျင် က ပြောသည်။

“ အရင်က ကျမ ခြံထွက် သီးနှံတွေကို တရုတ်ဘက် သွားရောင်းတယ်။ အခု မရောင်းရတာ အဆင်မပြေဘူး။ ကိုဗစ် ပြီးမှပဲ ရောင်းရမယ်ဆိုရင်တော့ ဘယ်တော့ ပြန်ဖွင့်မလဲမသိဘူး” ဟု မူဆယ်မြို့နယ် အတွင်းရှိ ဈေးသည် နန်းဆာ က ပြောသည်။

ကိုဗစ် ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံ လုပ်ကိုင်စားသောက် မူဆယ်မြို့နယ် ဒေသခံများအတွက် ယခုမှာ ဝင်ငွေ ရှာဖွေရခက်ခဲလာကြောင်း၊တရုတ်ငွေလဲလှယ်သည့် သူများလည်း အဆင်မပြေမှုများကြုံနေရကြောင်း သိရသည်။

“ ဒီလို သာ ဆက်သွားမယ်ဆိုရင်တော့နဂိုကတည်းက လုယက်မှု ခိုးမှုပေါတဲ့မူဆယ်က ပိုပြီးသူခိုးတွေ ဓားမြတွေ ပေါလာနိုင်တယ်။ အခု က အားလုံး အကြပ်အတည်းကြုံနေတဲ့ ကာလပါပဲ” ဟု နန်းဆာ က ပြောသည်။

မြန်မာ-တရုတ်နယ်စပ် ဂိတ်ကို တရုတ်ပြည် ဘက်မှ ယာယီပိတ်လိုက်ခြင်းဖြစ်ပြီး မြန်မာပြည်ဘက်မှ တစုံတရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ လက်ရှိကတော့ တရုတ်ပြည်ဘက်က နယ်စပ်ဂိတ် ပေးမဝင်သေးဘူး။ ဘယ်တော့ဆိုတာလည်း မသိရသေးဘူး။ ကိုဗစ် ပြီးမှပဲ သူတို့ ပေးဝင်မယ်ထင်တယ်” ဟု ဦးသူရိန်က ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် လူ ဝင်၊ထွက်ခွင့် ယာယီပိတ်ဆိုင်းထားသော်လည်း ကုန်စည်စီးဆင်းမှုအတွက် ဝင်၊ထွက် သွားလာခွင့်ပေးထားကြောင်း၊ သို့သော် မြန်မာပြည်ဘက်ခြမ်းမှ ကုန်ကားများကို တရုတ်ဘက်ခြမ်းမှ ကားသမားများက လာရောက်မောင်းနှင်ယူဆောင်သွားကြောင်း ဦးသူရိန်က ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် တပိုင်တနိုင် ကုန်သည်များအတွက် ဝင်၊ထွက် သွားလာခွင့်ပေးရန်၊ ဈေးသည်များလည်း ဈေးရောင်းချခွင့်ပေးရန် မူဆယ် မြို့ နေ ဈေးသည်၊ ကုန်သည်များက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...