ဆီဆိုင် ကိုဗစ် လူနာ ၂၄၅ သွားလာသည့်နေရာ ၁၄ရက် ပိတ်ထားမည်

ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ်(၂၄၅) နေထိုင်သည့် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအတွင်းရှိ ရပ်ကွက် (၂) ခု ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

Photo by ဒေသခံတဦး

အတည်ပြု လူနာ အမှတ်(၂၄၅) သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအနီးတွင် လမ်းပြင်သည့် အလုပ်ကို လုပ်ကိုင်ခဲ့ပြီး နေရပ်ဖြစ်သည့် ဆီဆိုင်မြို့နယ် ဆိုက်ခေါင် ကို မေ ၂၁ရက်တွင် ပြန်ရောက်လာခဲ့သူဖြစ်ကြောင်းသိရသည်။

ထိုလူနာ အမှတ်(၂၄၅) သည် နေရပ်သို့ ပြန်လာသည့်အချိန်တွင် ကျန်းမာရေး ဝန်ကြီး ဌာန က ထုတ်ပြန်ထားသည် အတိုင်း Facility Quarantine လုပ်ထားခြင်း မဟုတ်ဘဲ Home Quarantine သာ ပြုလုပ်ခဲ့ကြောင်း ဆီဆိုင်မြို့ ဒေသခံများပြောပြချက် အရသိရသည်။

“သူက ကျန်းမာရေး ဌာန က ထုတ်ပြန်တဲ့အတိုင်း အသွားအလာ ကန့်သတ်ထားတာ မဟုတ်ဘူး။ သူက အိမ်မှာ (Home Quarantine) ပဲ နေထိုင်တယ်” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အတည်ပြု လူနာ အမှတ် (၂၄၅)သည် တံတားဦး ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး၊ ညောင်ပင်သာရပ်ကွက် နှင့် ဆိုက်ခေါင်ကျေးရွာ ဈေး ၂ဈေးကို မကြာခဏ အလည်သွားခဲ့ကြောင်း ဆီဆိုမြို့ အောင်ချမ်းသာရပ်ကွက် ဦးစံဝင်းမောင် က ပြောသည်။

ထို့ကြောင့် ထိုနေရာများကို ဇွန် ၁၀ရက်မှ စတင်ကာ ၁၄ရက် ကြား Lockdown ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

“အတည်ပြု လူနာ နဲ့ ထိတွေ့ ဆက်စပ်တဲ့သူ ၈ ဦး လောက်ရှိတယ်လို့ သိရတယ်။ အဲ့လူတွေကို ဆေးရုံမှာ အသွားအလာ ကန့်သတ်ထားကြပါပြီ” ဟု ဦးစံဝင်းမောင် ကပြောသည်။

လူနာအမှတ် (၂၄၅) သည် ဇွန် (၉ ) ရက်နေ့က ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် အတည်ပြု လူနာ ဖြစ်ပြီး ပြည်ပ ခရီးသွား ရာဇဝင်မရှိသလို အတည်ပြု လူနာ နှင့်လည်း ထိတွေ့မှု မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အတည်ပြု လူနာ ၂၄၉ ဦး ၊ ပြန်လည် သက်သာလာသူ ၁၆၅ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ထုန်ပြန်ထားသည်။

သျှမ်းပြည်နယ်တွင် အတည်ပြု လူနာ ၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် သျှမ်းပြည်မြောက်ပိုင်း မူဆယ် ပြည်သူ့ဆေးရုံမှာ အတည်ပြု လူနာ တစ်ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ အတည်ပြု လူနာ ၂ ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...