၁၉ ကြိမ်မြောက် သျှမ်းပြည်လွှတ်တော် အစည်းအဝေး ဇွန်လ နောက်ဆုံးပတ်တွင် ကျင်းပမည်

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကို လာမည့် ဇွန်လ နောက်ဆုံးပတ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကို ဇွန် ၂၂ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်အစည်းအဝေး ခန်းမ ၌ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

“ပုံမှန် အစည်းအဝေး ပဲ ပြုလုပ်မယ်။ မေးခွန်းတွေ အဆိုတွေ ပါမယ်။” ဟု လွိုင်လင်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော်အမတ် နန်းမြထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Covid-19 ကာကွယ် ထိန်းချုပ် သည့် ကာလ ဖြစ်သည့် အတွက် သျှမ်းပြည်နယ် လွှတ်တော်ပုံမှန် အစည်းအဝေး မှာလည်း ကျန်းမာရေးဌာန၏ လမ်းညွှန်ချက် နှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည် လွှတ်တော် ပုံမှန် အစည်းအဝေးကို ၂ လ တကြိမ် ကျင်းပကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းမြထွေး က ဆိုသည်

ယခု ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဖြည်စွက် ရန်ပုံငွေ နှင့် ပတ်သက်သည့် ဘတ်ဂျက်များကို ဥပဒေ ထုတ်ပေးရန် အတွက် ဆွေးနွေးရန် ရှိမည် ဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၉ ဦး ရှိပြီး လွှတ်တော် သက်တမ်းအတွင်း ပုံမှန် အစည်းအဝေး ၁၈ ကြိမ်၊ အရေးပေါ် အစည်းအဝေး ၄ ကြိမ် နှင့် အထူးအစည်း အဝေး ၂ ကြိမ် ပြုလုပ် ပြီး ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

သျှမ်းပြည်လွှတ်တော်တွင် လူထုအသံများပါဝင်ရန် လိုအပ်နေ

သျှမ်းပြည်လွှတ်တော်သည် လူထုနှင့်ထိတွေ့မှုအားနည်းပြီး ပြည်နယ်ဥပဒေပြုရေးတွင်လည်း လူထု၏အသံများပါဝင်ရန် လိုအပ်သေးကြောင်း Taunggyi Youth Center အကြံပေး ခွန်ခတ်စံကပြောသည်။ “ပြည်နယ်ကိုအခြေခံတဲ့ ဥပဒေတစ်ခုကိုရေးဆွဲတဲ့နေရာမှာ သူတို့ပဲ ကြိတ်မှိတ်ရေးဆွဲကြတယ်။ လူထုဆီကအကြံအဉာဏ်တောင်းတဲ့ ပုံစံမျိုးတွေ လုံးဝမရှိဘူး။ မလုပ်ဘူး။ အဲ့ဒါတွေကိုကြည့်ခြင်းအားဖြင့် သျှမ်းပြည်နယ်လွှတ်တော်က အလုပ်သိပ်မဖြစ်ဘူးဆိုတဲ့အချက် ကျွန်တော်သွားတွေ့ရတယ်” ဟု ၎င်းကဆိုသည်။ သျှမ်းပြည်လွှတ်တော်သည်အစည်းဝေးများ အကြိမ်ကြိမ်ကျင်းပနေသော်လည်း...