Monday, April 29, 2024

ကျိုင်းတုံ ကိုဗစ် Positive လူနာအားလုံး ဆေးရုံဆင်းခွင့်ရ

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် positive အတည်ပြုလူနာ မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လ ၅ ရက်နေ့ယနေ့တွင်ပင်  လူနာ အမှတ် (၁၁၂) သည် ဆေးရုံမှ ဆင်းခွင့်ရပြီး ဖြစ်ကြောင်း သိရသည်။

“ဒီမနက် (၁၀) နာရီ ကပဲ ဆေးရုံကဆင်းခွင့်ရပြီ။ Home Quarantine ၇ ရက် ထပ်နေရမယ်။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာလှဌေးမင်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အတည်ပြု လူနာ အမှတ် (၆၄) သည်လည်း ၂ ကြိမ်ဆက်တိုက် negative ဖြစ်ပြီး ယခုအချိန်တွင်မူ ဆေးရုံ၌ ၁၄ ရက် စောင့်ကြည့်ထားကြောင်း သိရသည်။

“ဆေးရုံမှာက Positive လူနာ မရှိတော့ဘူး။ ခုလက်ရှိ ပိုးတွေ့လူနာ တစ်ယောက်ကျန်တယ်။ သူကလည်း Negative ဖြစ်ပြီ။ သူ့ကိုလည်း ၁၄ ရက်စောင့်ကြည့်ပြီး ဆေးရုံက ဆင်းခွင့်ရမယ်။” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး တွေ့ရှိပြီး ၂ ဦး ဆေးရုံမှ ဆင်းခွင့် ရကာ ကျန်တဦးသည် Negative ဖြစ်ပေမယ့် ဆေးရုံမှ ၁၄ ရက် စောင့်ကြည့်ထားခြင်း ဖြစ်သည်။ကျိုင်းတုံပြည်သူ့ဆေးရုံမှာ သံသယ လူနာ ၈ ဦး ရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၃၆ ဦး ရှိပြီး ပြန်လည်သက်သာလာသူ ၁၄၈ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိသည်။သျှမ်းပြည်နယ်တွင် အတည်ပြု လူနာ ၂ ဦး ရှိသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံမှာ အတည်ပြု လူနာ တစ်ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံမှာ အတည်ပြု လူနာ တစ်ဦး ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article