မူဆယ် ကိုဗစ်လူနာ ၂၃၁ နဲ့ အနီးကပ်နေထိုင်တဲ့ သူတဦးရဲ့ ရင်ခုန်သံ

“ ငယ်တုန်းက စာမေးပွဲ ဖြေရင် အောင်ချင်တယ်။ အခုတော့ စာမေးပွဲ ကျချင်တယ်” ဆိုပြီး ဆရာမ အက်စတာ တယောက် ရင်ခုန်စွာ ပြောဆိုလာပါတယ်။


ဇွန် ၂ရက်ည တွင် မူဆယ် ကိုဗစ်- ၁၉ လူနာ နှင့် သူ့၏ အမျိုးသား မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသခံယူနေစဉ်ပုံ (Photo by Thaung Tun / Facebook )

စာမေးပွဲကျ ဆိုတာကတော့ လက်ရှိမှာ ဆရာမ အက်စတာ ဟာ ကိုဗစ်-၁၉ လူနာ ၂၃၁ နှင့် အနီးစပ်ထိတွေ့မှုကြောင့် ဓာတ်ခွဲခန်း အဖြေကို စောင့်ဆိုင်းနေတဲ့ သူတဦးဖြစ်ပါတယ်။

ဆရာမ ဒေါ်အက်စတာ ဟာ မုံးပေါ် ဒေသ မှာ သားဖွားဆရာမ တဦးဖြစ်သလို မုံးပေါ်မှာရှိတဲ့ Hkam Sha Hpung (ခမ်းရှာဖုန်)ဆိုတဲ့ ဘိန်းဖြတ်စခန်းကို ဦးဆောင်ဖွင့်တဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။

ဇွန် ၂ ရက်မှာ မုံးပေါ် ကျန်းမာရေး ဝန်ထမ်း အမျိုးသမီး ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် (၂၃၁) ကြေညာလိုက်ပြီးနောက် သူမကလည်း စိုးရိမ်မှုတွေနဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲခန်းနမူနာ စစ်ဆေးထားကာ စောင့်ဆိုင်းနေတဲ့သူတဦးဖြစ်ပါတယ်။


ဇွန် ၂ရက်ည တွင် မူဆယ် ကိုဗစ်- ၁၉ လူနာ နှင့် သူ့၏ အမျိုးသား မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသခံယူနေစဉ်ပုံ

ဆရာမ ဒေါ်အက်စတာ ဟာ လက်ရှိ ကိုဗစ်-၁၉ကာလ မှာ မုံးပေါ် ဒေသရဲ့ ကျန်းမာရေး ဝန်ထမ်း ဆရာမ ဖြစ်တဲ့ ကိုဗစ် လူနာ ၂၃၁ နဲ့ အတူ လူနာတွေကို လိုက်ပါ ဆေးကုသပေးခဲ့တဲ့ သူတဦးလည်း ဖြစ်ပါတယ်။

သူတို့ ၂ဦးဟာ မုံးပေါ် ဒေသ အတွင်း ကိုဗစ် ကာကွယ်ရေး အတွက် တက်ညီ လက်ညီ ဆောင်ရွက် ရာ မေ ၁၈ရက်နေ့က တရုတ်နိုင်ငံ အကျဉ်းထောင် မှပြန်လွှတ်လာတဲ့ အသက် ၂၀ကျော် လူငယ်တဦး နေမကောင်းတာကို ဆေးသွားရောက် ကုသခဲ့သေးကြောင်းသိရပါတယ်။

“ ကျမ က အဲ့ ဆရာမ (လက်ရှိ ကိုဗစ် လူနာ အမှတ် ၂၃၁) ရဲ့ ဆိုင်ကယ်နောက်ကနေပြီး လူနာသွားကြည့်တယ်။ ရွာ ၃ရွာ တောင်သွားတယ်။ အနီးကပ်နေခဲ့တဲ့သူ” ဟု ဒေါ်အက်စတာ တယောက် ပြောပြပါတယ်။

မုံးပေါ် ကျန်းမာရေး ဝန်ထမ်း တဦးဖြစ်တဲ့ ကိုဗစ်-၁၉ လူနာ အမှတ် ၂၃၁ ဟာ မုံးပေါ် ဒေသအတွင်း ရှိ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ် တားဆီးရေး ကော်မတီ အဖွဲ့တွေကို Mask စနစ်တကျ တပ်ဆင်ဖို့၊ လက်ဆေးဖို့ ပညာပေးမှုတွေကို ကျေးရွာ ၄ရွာ ပြုလုပ်ခဲ့ပါတယ်။

“ ကျမတို့ လူနာ အမှတ် ၂၃၁ နဲ့ အနီးစပ်ထိတွေ့တာ မုံးပေါ် ဒေသ တဝှိက် မှာ အယောက် ၅၀ကျော်တယ်။ ဓာတ်ခွဲနမူနာ စစ်ဆေးပြီးပြီ၊ ဒီနေ့ည ဒါမှ မဟုတ် မနက်ဖန် တော့ အဖြေသိရမယ်” ဟု ဒေါ်အက်စတာ က ပြောပါတယ်။

ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ် တားဆီးရေး အဖွဲ့ဝင် ၅၀ကျော်ထဲတွင် မုံးပေါ်ဒေသ အုပ်ချုပ်ရေးမှူး၊ ကျောင်းဆရာ၊ အရံသားဖွားဆရာမနဲ့မုံးပေါ် ပြည်သူ့စစ်တို့ ပါဝင်ကြောင်း သိရပါတယ်။

“ လူနာ အမှတ် ၂၃၁ နဲ့ နီးစပ်ထိတွေ့တဲ့ ၃ဦးကတော့ မနေ့က ဆေးရုံ မှာ Quarantineဝင်တယ်။ ကျမ က ဒီနေ့ ဇွန် ၅ ရက် သွားမယ်” လို့ ဒေါ်အက်စတာ က ပြောပါတယ်။

မိမိနေအိမ်မှာ Quarantine တဲ့ သူတွေ အတွက် အဆင်မပြေနိုင်ကြောင်း၊ သက်ဆိုင်ရာမှလည်း တစုံတရာ ထောက်ပံ့မှုမရှိကြောင်း သိရပါတယ်။

“ ဒီမှာက တရက်လုပ်တရက်စားသမားတွေများတယ်။ အခု Home Quarantine တော့ သူတို့စားဖို့တွေ ခက်ခဲမယ်။ နောက် ကျေးလက် ကျန်းမာရေး ဆရာမတွေ လည်း ခက်ခဲလာနိုင်တယ်” လို့ ဒေါ်အက်စတာ က ပြောပါတယ်။

မုံးပေါ် ဒေသ မှ ကျန်းမာရေး ဝန်ထမ်း ကိုဗစ်-၁၉ လူနာ အမှတ် ၂၃၁ သည် မတ် ၂၉ ရက်တွင် မူဆယ်မြို့ နယ် ပြည်သူဆေးရုံ တွင် အစည်းအဝေး သွားရောက်တက်ရာ ကိုဗစ် ရောဂါ ရှိ၊ မရှိ ကျန်းမာရေး ဌာနက ဓာတ်ခွဲ စစ်ဆေးရာမှ ဇွန် ၂ရက် တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ အဖြစ် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ကြေညာချက် ထုတ်လိုက်သည်။

ထိုထုတ်ပြန်ချက်တွင် အဆိုပါ ကျန်းမာရေးဝန်ထမ်း ကိုဗစ်-၁၉ လူနာအမှတ် ၂၃၁ သည် ပြည်ပ ခရီးသွားလာတဲ့ ရာဇာဝင် မရှိ၊ အတည်ြ့ပုလူနာ ထိတွေ့မှု မရှိတာကို ဖော်ပြထားပါတယ်။

“ လူနာ အမှတ် ၂၃၁ နဲ့ ထိတွေ့တဲ့သူ စာရင်း စုစုပေါင်း ၁၄၉ ဦးရှိပါတယ်။ ဒီလူတွေ အခု လိုက်ပြီးရှာဖွေနေတယ်။ တချို့ကလည်း ကျနော်တို့ ဆီလာပြီး ကျန်းမာရေး လာစစ်ဆေးတာ ရှိပါတယ်” လို့ မူဆယ်မြို့ နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် အမတ် စိုင်းကျော်သိန်း က ပြောပါတယ်။

လူနာ အမှတ် ၂၃၁ က နေမကောင်းတဲ့ ပုံစံလည်းမရှိသလို ကိုဗစ်-၁၉ လက္ခဏာ တစုံတရာ ပြတာလည်း မရှိတဲ့အတွက် မူဆယ်မြို့ဒေသခံတွေ သတိနဲ့သွားလာနေထိုင်ဖို့ ကို ပြောလိုက်တဲ့ သဘောပဲ လို့ စိုင်းကျော်သိန်းက ဆိုပါတယ်။

လက်ရှိ မူဆယ်မြို့ ဒေသခံတွေ က ကိုဗစ်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ဆဆ နေကြတာကိုတွေ့ရကြောင်း၊ Mask (နှာခေါင်းစည်း) တွေမတပ်ဘဲ သွားလာမှုတွေ တွေ့မြင်ရကြောင်း မူဆယ်မြို့ ဒေသခံ တွေက ပြောဆိုလိုက်ပါတယ်။

“ အခု မူဆယ် ဒေသခံတွေ က အကြောက်တရား ကင်းတယ်။ နှာခေါင်းစည်းတွေလည်း တော်တော်များများမတပ်ကြဘူး” လို့ မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ ဦးသောင်းထွန်း က ပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီ လတွင် မူဆယ်မြို့ တွင် ဒူဘိုင်းပြန် အသက် ၈၇ နှစ် အရွယ် အမျိုးသမီးတဦး ကိုဗစ် -၁၉ လူနာ တဦးရှိခဲ့ရာ မေ ၉ ရက်တွင် ကိုဗစ်-၁၉ ပျောက်ကင်းပြီး ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရခဲ့ပါတယ်။

လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါ ဟာ အသေ အပျောက်မရှိတဲ့အတွက် ပြည်သူတွေ သိပ်မကြောက်ကြတော့ဘဲ ပုံမှန်သွားလာကာ နှာခေါင်းစည်းများလည်း မတပ်တော့ကြောင်း ဦးသောင်းထွန်း က ပြေပြပါတယ်။

“ အခု မူဆယ်မြို့ ရဲ့ ဒုတိယ ကိုဗစ် လူနာအမှတ် ၂၃၁ နဲ့ သူ့ အမျိုးသားကိုတော့ မူဆယ်မြို့ ပြည်သူ့ဆေးရုံမှာ ထားထားတယ်။ ကျန်းမာရေး ကောင်းကြတယ်” လို့ ဦးသောင်းထွန်း ကဆိုပါတယ်။

ဒါ့ပေမယ့် ကိုဗစ် -၁၉ ဆေးစစ်ချက် အတွက် လူနာနဲ့နီးစပ်ထိတွေ့တဲ့ သူတွေကတော့ ဓာတ်ခွဲခန် အဖြေကို ရင်ခုန်စွာ စောင့်ဆိုင်းပြီး စိုးရိမ်နေကြတယ်လို့ ကိုဗစ်-၁၉ လူနာနဲ့ထိတွေ့တဲ့သူတွေ ကပြောဆိုလိုက်ပါတယ်။

“ စိုးရိမ်စိတ်ကတော့ ရှိတယ်။ စိတ်ကြောင့်လားမသိဘူး စားမဝင်ဘူး။ အိပ်တော့ အိပ်တယ်။ သွေးတိုးရှိတယ်” လို့ဒေါ်အက်စတာက သူ့စိုးရိမ်မှုကို ပြောလာပါတယ်။

ဆရာမ ဒေါ်အက်စတာ တယောက် ယနေ့မှာတော့ မူဆယ်ပြည်သူ့ဆေးရုံ တွင် Quarantine ဝင်ပြီး မကြာမီ ထွက်လာမည့် စာမေးပွဲအဖြေကို “ကျဖို့အတွက်” ဆုတောင်းကာ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...