Wednesday, January 28, 2026

မူဆယ် ကိုဗစ်လူနာ ၂၃၁ နဲ့ အနီးကပ်နေထိုင်တဲ့ သူတဦးရဲ့ ရင်ခုန်သံ

“ ငယ်တုန်းက စာမေးပွဲ ဖြေရင် အောင်ချင်တယ်။ အခုတော့ စာမေးပွဲ ကျချင်တယ်” ဆိုပြီး ဆရာမ အက်စတာ တယောက် ရင်ခုန်စွာ ပြောဆိုလာပါတယ်။


ဇွန် ၂ရက်ည တွင် မူဆယ် ကိုဗစ်- ၁၉ လူနာ နှင့် သူ့၏ အမျိုးသား မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသခံယူနေစဉ်ပုံ (Photo by Thaung Tun / Facebook )

စာမေးပွဲကျ ဆိုတာကတော့ လက်ရှိမှာ ဆရာမ အက်စတာ ဟာ ကိုဗစ်-၁၉ လူနာ ၂၃၁ နှင့် အနီးစပ်ထိတွေ့မှုကြောင့် ဓာတ်ခွဲခန်း အဖြေကို စောင့်ဆိုင်းနေတဲ့ သူတဦးဖြစ်ပါတယ်။

ဆရာမ ဒေါ်အက်စတာ ဟာ မုံးပေါ် ဒေသ မှာ သားဖွားဆရာမ တဦးဖြစ်သလို မုံးပေါ်မှာရှိတဲ့ Hkam Sha Hpung (ခမ်းရှာဖုန်)ဆိုတဲ့ ဘိန်းဖြတ်စခန်းကို ဦးဆောင်ဖွင့်တဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။

ဇွန် ၂ ရက်မှာ မုံးပေါ် ကျန်းမာရေး ဝန်ထမ်း အမျိုးသမီး ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် (၂၃၁) ကြေညာလိုက်ပြီးနောက် သူမကလည်း စိုးရိမ်မှုတွေနဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲခန်းနမူနာ စစ်ဆေးထားကာ စောင့်ဆိုင်းနေတဲ့သူတဦးဖြစ်ပါတယ်။


ဇွန် ၂ရက်ည တွင် မူဆယ် ကိုဗစ်- ၁၉ လူနာ နှင့် သူ့၏ အမျိုးသား မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသခံယူနေစဉ်ပုံ

ဆရာမ ဒေါ်အက်စတာ ဟာ လက်ရှိ ကိုဗစ်-၁၉ကာလ မှာ မုံးပေါ် ဒေသရဲ့ ကျန်းမာရေး ဝန်ထမ်း ဆရာမ ဖြစ်တဲ့ ကိုဗစ် လူနာ ၂၃၁ နဲ့ အတူ လူနာတွေကို လိုက်ပါ ဆေးကုသပေးခဲ့တဲ့ သူတဦးလည်း ဖြစ်ပါတယ်။

သူတို့ ၂ဦးဟာ မုံးပေါ် ဒေသ အတွင်း ကိုဗစ် ကာကွယ်ရေး အတွက် တက်ညီ လက်ညီ ဆောင်ရွက် ရာ မေ ၁၈ရက်နေ့က တရုတ်နိုင်ငံ အကျဉ်းထောင် မှပြန်လွှတ်လာတဲ့ အသက် ၂၀ကျော် လူငယ်တဦး နေမကောင်းတာကို ဆေးသွားရောက် ကုသခဲ့သေးကြောင်းသိရပါတယ်။

“ ကျမ က အဲ့ ဆရာမ (လက်ရှိ ကိုဗစ် လူနာ အမှတ် ၂၃၁) ရဲ့ ဆိုင်ကယ်နောက်ကနေပြီး လူနာသွားကြည့်တယ်။ ရွာ ၃ရွာ တောင်သွားတယ်။ အနီးကပ်နေခဲ့တဲ့သူ” ဟု ဒေါ်အက်စတာ တယောက် ပြောပြပါတယ်။

မုံးပေါ် ကျန်းမာရေး ဝန်ထမ်း တဦးဖြစ်တဲ့ ကိုဗစ်-၁၉ လူနာ အမှတ် ၂၃၁ ဟာ မုံးပေါ် ဒေသအတွင်း ရှိ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ် တားဆီးရေး ကော်မတီ အဖွဲ့တွေကို Mask စနစ်တကျ တပ်ဆင်ဖို့၊ လက်ဆေးဖို့ ပညာပေးမှုတွေကို ကျေးရွာ ၄ရွာ ပြုလုပ်ခဲ့ပါတယ်။

“ ကျမတို့ လူနာ အမှတ် ၂၃၁ နဲ့ အနီးစပ်ထိတွေ့တာ မုံးပေါ် ဒေသ တဝှိက် မှာ အယောက် ၅၀ကျော်တယ်။ ဓာတ်ခွဲနမူနာ စစ်ဆေးပြီးပြီ၊ ဒီနေ့ည ဒါမှ မဟုတ် မနက်ဖန် တော့ အဖြေသိရမယ်” ဟု ဒေါ်အက်စတာ က ပြောပါတယ်။

ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ် တားဆီးရေး အဖွဲ့ဝင် ၅၀ကျော်ထဲတွင် မုံးပေါ်ဒေသ အုပ်ချုပ်ရေးမှူး၊ ကျောင်းဆရာ၊ အရံသားဖွားဆရာမနဲ့မုံးပေါ် ပြည်သူ့စစ်တို့ ပါဝင်ကြောင်း သိရပါတယ်။

“ လူနာ အမှတ် ၂၃၁ နဲ့ နီးစပ်ထိတွေ့တဲ့ ၃ဦးကတော့ မနေ့က ဆေးရုံ မှာ Quarantineဝင်တယ်။ ကျမ က ဒီနေ့ ဇွန် ၅ ရက် သွားမယ်” လို့ ဒေါ်အက်စတာ က ပြောပါတယ်။

မိမိနေအိမ်မှာ Quarantine တဲ့ သူတွေ အတွက် အဆင်မပြေနိုင်ကြောင်း၊ သက်ဆိုင်ရာမှလည်း တစုံတရာ ထောက်ပံ့မှုမရှိကြောင်း သိရပါတယ်။

“ ဒီမှာက တရက်လုပ်တရက်စားသမားတွေများတယ်။ အခု Home Quarantine တော့ သူတို့စားဖို့တွေ ခက်ခဲမယ်။ နောက် ကျေးလက် ကျန်းမာရေး ဆရာမတွေ လည်း ခက်ခဲလာနိုင်တယ်” လို့ ဒေါ်အက်စတာ က ပြောပါတယ်။

မုံးပေါ် ဒေသ မှ ကျန်းမာရေး ဝန်ထမ်း ကိုဗစ်-၁၉ လူနာ အမှတ် ၂၃၁ သည် မတ် ၂၉ ရက်တွင် မူဆယ်မြို့ နယ် ပြည်သူဆေးရုံ တွင် အစည်းအဝေး သွားရောက်တက်ရာ ကိုဗစ် ရောဂါ ရှိ၊ မရှိ ကျန်းမာရေး ဌာနက ဓာတ်ခွဲ စစ်ဆေးရာမှ ဇွန် ၂ရက် တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ အဖြစ် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ကြေညာချက် ထုတ်လိုက်သည်။

ထိုထုတ်ပြန်ချက်တွင် အဆိုပါ ကျန်းမာရေးဝန်ထမ်း ကိုဗစ်-၁၉ လူနာအမှတ် ၂၃၁ သည် ပြည်ပ ခရီးသွားလာတဲ့ ရာဇာဝင် မရှိ၊ အတည်ြ့ပုလူနာ ထိတွေ့မှု မရှိတာကို ဖော်ပြထားပါတယ်။

“ လူနာ အမှတ် ၂၃၁ နဲ့ ထိတွေ့တဲ့သူ စာရင်း စုစုပေါင်း ၁၄၉ ဦးရှိပါတယ်။ ဒီလူတွေ အခု လိုက်ပြီးရှာဖွေနေတယ်။ တချို့ကလည်း ကျနော်တို့ ဆီလာပြီး ကျန်းမာရေး လာစစ်ဆေးတာ ရှိပါတယ်” လို့ မူဆယ်မြို့ နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် အမတ် စိုင်းကျော်သိန်း က ပြောပါတယ်။

လူနာ အမှတ် ၂၃၁ က နေမကောင်းတဲ့ ပုံစံလည်းမရှိသလို ကိုဗစ်-၁၉ လက္ခဏာ တစုံတရာ ပြတာလည်း မရှိတဲ့အတွက် မူဆယ်မြို့ဒေသခံတွေ သတိနဲ့သွားလာနေထိုင်ဖို့ ကို ပြောလိုက်တဲ့ သဘောပဲ လို့ စိုင်းကျော်သိန်းက ဆိုပါတယ်။

လက်ရှိ မူဆယ်မြို့ ဒေသခံတွေ က ကိုဗစ်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ဆဆ နေကြတာကိုတွေ့ရကြောင်း၊ Mask (နှာခေါင်းစည်း) တွေမတပ်ဘဲ သွားလာမှုတွေ တွေ့မြင်ရကြောင်း မူဆယ်မြို့ ဒေသခံ တွေက ပြောဆိုလိုက်ပါတယ်။

“ အခု မူဆယ် ဒေသခံတွေ က အကြောက်တရား ကင်းတယ်။ နှာခေါင်းစည်းတွေလည်း တော်တော်များများမတပ်ကြဘူး” လို့ မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ ဦးသောင်းထွန်း က ပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီ လတွင် မူဆယ်မြို့ တွင် ဒူဘိုင်းပြန် အသက် ၈၇ နှစ် အရွယ် အမျိုးသမီးတဦး ကိုဗစ် -၁၉ လူနာ တဦးရှိခဲ့ရာ မေ ၉ ရက်တွင် ကိုဗစ်-၁၉ ပျောက်ကင်းပြီး ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရခဲ့ပါတယ်။

လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါ ဟာ အသေ အပျောက်မရှိတဲ့အတွက် ပြည်သူတွေ သိပ်မကြောက်ကြတော့ဘဲ ပုံမှန်သွားလာကာ နှာခေါင်းစည်းများလည်း မတပ်တော့ကြောင်း ဦးသောင်းထွန်း က ပြေပြပါတယ်။

“ အခု မူဆယ်မြို့ ရဲ့ ဒုတိယ ကိုဗစ် လူနာအမှတ် ၂၃၁ နဲ့ သူ့ အမျိုးသားကိုတော့ မူဆယ်မြို့ ပြည်သူ့ဆေးရုံမှာ ထားထားတယ်။ ကျန်းမာရေး ကောင်းကြတယ်” လို့ ဦးသောင်းထွန်း ကဆိုပါတယ်။

ဒါ့ပေမယ့် ကိုဗစ် -၁၉ ဆေးစစ်ချက် အတွက် လူနာနဲ့နီးစပ်ထိတွေ့တဲ့ သူတွေကတော့ ဓာတ်ခွဲခန် အဖြေကို ရင်ခုန်စွာ စောင့်ဆိုင်းပြီး စိုးရိမ်နေကြတယ်လို့ ကိုဗစ်-၁၉ လူနာနဲ့ထိတွေ့တဲ့သူတွေ ကပြောဆိုလိုက်ပါတယ်။

“ စိုးရိမ်စိတ်ကတော့ ရှိတယ်။ စိတ်ကြောင့်လားမသိဘူး စားမဝင်ဘူး။ အိပ်တော့ အိပ်တယ်။ သွေးတိုးရှိတယ်” လို့ဒေါ်အက်စတာက သူ့စိုးရိမ်မှုကို ပြောလာပါတယ်။

ဆရာမ ဒေါ်အက်စတာ တယောက် ယနေ့မှာတော့ မူဆယ်ပြည်သူ့ဆေးရုံ တွင် Quarantine ဝင်ပြီး မကြာမီ ထွက်လာမည့် စာမေးပွဲအဖြေကို “ကျဖို့အတွက်” ဆုတောင်းကာ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်း‌ခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့‌ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက...

မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

မူဆယ် – ၁၀၅ မိုင်ကြား ကားဘရိတ်ပေါက်ပြီး လူတိုက်မိ၊ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်...