Tuesday, January 27, 2026

ဇူလိုင်လ မှစ ကိုဗစ် နှင့် တခြားဗိုင်းရပ်စ် ကို တောင်ကြီးတွင် စစ်ဆေးနိုင်တော့မည်

သျှမ်းပြည်တောင်ပိုင်းတောင်ကြီးတွင် ထားရှိမည့် ကျန်းမာရေး ဓါတ်ခွဲခန်းသည် ကိုဗစ်- ၁၉ ရောဂါ အပြင် တခြား ကူးစက်နိုင်သည့် ဗိုင်းရပ်စ်များကိုလည်း ဇူလိုင်လ မှစတင်ပြီး စစ်နိုင်ကြောင်း စုံစမ်းသိရသည်။


ဓာတ်ခွဲခန်းထားရှိမည့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံ ( Photo by SHAN)

တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် ထားရှိမည့် ကျန်းမာရေး ဓါတ်ခွဲဌာန သည် ဇူလိုင်လလယ်တွင် စတင်စစ်ဆေးနိုင်ပြီး၊ တစ်ကြိမ်လျှင် ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာ ၉၆ ခု စစ်ဆေးနိုင်မည် ဟု စဝ်စဝ်ထွန်း ဆေးရုံကြီး ရောဂါ ရှာဖွေရေးဌာန အထူးကု ဆရာဝန်ကြီး ဒေါက်တာပိုးပိုးလင်း က ပြောသည်။

“ ဓာတ်ခွဲစစ်ဆေးနိုင်မယ့် စက်က ဇူလိုင်လ လယ်မှာစ စစ်ဆေး နိုင်ပါပြီ။ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ရင် တကြိမ်ကို ၉၆ ခု စစ်ဆေးနိုင်ပါတယ်။ ကြာချိန်က ၂နာရီကနေ ၃နာရီ ထိပါပဲ” ဟု ဒေါက်တာပိုးပိုးလင်း က ပြောသည်။

အဆိုပါ ဓာတ်ခွဲခန်းစက်ကို များသော်အားဖြင့် ကိုဗစ်-၁၉ သီးသန့်စစ်ဆေးသည့် စက်မဟုတ်ကြောင်း၊တခြား ဗိုင်းရပ်စ်များလည်း စစ်ဆေးနိုင်ကြောင်း သိရသည်။

“စက်ကတော့ ကိုဗစ် စက် မဟုတ်ဘူး PCR လုပ်မယ့်စက်ပါ။ အထင်မှားနေကြတယ် ကိုဗစ် စက်ဆိုပြီးတော့။ နိုင်ငံတကာမှာ WHO ကနေပြီးတော့ ကိုဗစ်-၁၉ ကိုစစ်ဆေးဖို့ အတွက် နိုင်ငံတကာ စံချိန်စံညွှန်း နဲ့ အညီ ရရှိထားတဲ့ စက်ဖြစ်ပါတယ်” ဟု ဒေါက်တာ ပိုးပိုးလင်း က ဆိုသည်။

လက်ရှိ တောင်ကြီး စဝ်စံထွန်းဆေးရုံတွင်ထားရှိမည့် ဓာတ်ခွဲခန်းစက်သည် အလှူရှင် လှူဒါန်းထားသည့် စက်ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန မှ တဆင့် ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ကို တောင်းထားသည့် စက်လည်း ထပ်မံ ရောက်လာမည် ဟု ဒေါက်တာပိုးပိုးလင်း က ပြောသည်။

“ ဓာတ်ခွဲခန်း စက်ရှိတော့ ကိုဗစ်-၁၉ စစ်ဆေးနိုင်တဲ့အပြင် တခြား Influenza ( ရာသီတုတ်ကွေး) တွေကိုလည်း အချိန်နဲ့ တပြေးညီ စစ်ဆေးနိုမယ်” ဟု ဒေါက်တာ ပိုးပိုးလင်း က ထပ်လောင်းပြောသည်။

ဓာတ်ခွဲခန်း စက်ကို သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ နှင့် သျှမ်းပြည် မြောက်ပိုင်း လားရှိုး ပြည်သူ့ဆေးရုံတွင် ထားရှိရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...