Thursday, April 18, 2024

အိန္ဒိယပြန် အစိုးရ တပ်မတော်သား ၄ဦး ကိုဗစ်-၁၉ အတည်ပြု

Must read

အိန္ဒိယ ပြန် အစိုးရတပ်မတော်သား ၄ဦး သည် ကိုဗစ်-၁၉ အတည်ပြုလူနာ အဖြစ် ယနေ့ မနက် ၇နာရီတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာလိုက်သည်။


မေ ၂၄ရက်တွင် အိန္ဒိယ နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ ဓာတ်ပုံ MOFA/ Myanmar

အဆိုပါ ကိုဗစ် -၁၉ လူနာ တပ်မတော်သား ၄ဦး ကို တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ) တွင် ဆေးကုသခံယူနေကြောင်း သိရသည်။

မေ ၂၄ရက်တွင် မြန်မာ့ အမျိုးသားလေကြောင်းလိုင်းဖြင့် တပ်မတော်သား ၁၈ဦး ပြန်လည်ရောက်ရှိလာပြီး ပထမအကြိမ်ဖြစ် ထို တပ်မတော်သားများကို ဓာတ်ခွဲခန်းစစ်ဆေးရာ ပိုးမတွေခဲ့ပေ။


မေ ၂၄ရက်တွင် အိန္ဒိယ နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ ဓာတ်ပုံ MOFA/ Myanmar

သို့သော် ထို တပ်မတော်သားနှင့် လိုက်ပါလာသည့် အရပ်သား အမျိုးသား ၉ ဦး နှင့် အမျိုးသမီး ၈ဦး သည် မေ ၃၀ရက်တွင် ကိုဗစ်-၁၉ လူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ်လိုက်သည်။

ထို့နောက် အတူလိုက်ပြန်လာသည့် တပ်မတော်သား ၁၈ဦး ကို ပြန်လည် စစ်ဆေးရာ၊ ထိုထဲမှ ၄ဦး သည် ကိုဗစ်-၁၉ ကို တွေ့ရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ချက် အရသိရသည်။

ထိုတပ်သား ၄ဦး ကိုဗစ်-၁၉ တွေ့ရှိသည့်အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်း အိန္ဒိနိုင်ငံမှ ပြန်လာသည့် တပ်မတော်သား ၁၈ဦးကို အသွားအလာ ကန့်သတ်ပြီး သီးခြားစောင့်ကြည့်ထားကြောင်း လည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article