အိန္ဒိယပြန် အစိုးရ တပ်မတော်သား ၄ဦး ကိုဗစ်-၁၉ အတည်ပြု

အိန္ဒိယ ပြန် အစိုးရတပ်မတော်သား ၄ဦး သည် ကိုဗစ်-၁၉ အတည်ပြုလူနာ အဖြစ် ယနေ့ မနက် ၇နာရီတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာလိုက်သည်။


မေ ၂၄ရက်တွင် အိန္ဒိယ နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ ဓာတ်ပုံ MOFA/ Myanmar

အဆိုပါ ကိုဗစ် -၁၉ လူနာ တပ်မတော်သား ၄ဦး ကို တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ) တွင် ဆေးကုသခံယူနေကြောင်း သိရသည်။

မေ ၂၄ရက်တွင် မြန်မာ့ အမျိုးသားလေကြောင်းလိုင်းဖြင့် တပ်မတော်သား ၁၈ဦး ပြန်လည်ရောက်ရှိလာပြီး ပထမအကြိမ်ဖြစ် ထို တပ်မတော်သားများကို ဓာတ်ခွဲခန်းစစ်ဆေးရာ ပိုးမတွေခဲ့ပေ။


မေ ၂၄ရက်တွင် အိန္ဒိယ နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများ ဓာတ်ပုံ MOFA/ Myanmar

သို့သော် ထို တပ်မတော်သားနှင့် လိုက်ပါလာသည့် အရပ်သား အမျိုးသား ၉ ဦး နှင့် အမျိုးသမီး ၈ဦး သည် မေ ၃၀ရက်တွင် ကိုဗစ်-၁၉ လူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ်လိုက်သည်။

ထို့နောက် အတူလိုက်ပြန်လာသည့် တပ်မတော်သား ၁၈ဦး ကို ပြန်လည် စစ်ဆေးရာ၊ ထိုထဲမှ ၄ဦး သည် ကိုဗစ်-၁၉ ကို တွေ့ရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ချက် အရသိရသည်။

ထိုတပ်သား ၄ဦး ကိုဗစ်-၁၉ တွေ့ရှိသည့်အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်း အိန္ဒိနိုင်ငံမှ ပြန်လာသည့် တပ်မတော်သား ၁၈ဦးကို အသွားအလာ ကန့်သတ်ပြီး သီးခြားစောင့်ကြည့်ထားကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...