Tuesday, January 27, 2026

သျှမ်းပြည်တွင် COVID-19 စစ်ဆေးမည့် ဓာတ်ခွဲခန်း ၂နေရာထားရှိမည်

သျှမ်းပြည်တွင် COVID-19 စစ်ဆေးနိုင်မည့် ဓါတ်ခွဲခန်း ၂ နေရာ ထားရှိသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo by Nation Thailand

အဆိုပါ ဓာတ်ခွဲခန်း နေရာများမှာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံတွင် ထားရှိသွားမည် ဟု သိရသည်။

“စက်ထားဖို့ နေရာတွေ ပြင်ဆင်နေတုန်း။ သူ့ သတ်မှတ်ချက် နဲ့အညီ ပြင်နေပါတယ်။ စဝ်စံထွန်းဆေးရုံမှာ ဒီနေ့ စပြင်ဆင်နေပါတယ်။ လားရှိုးကတော့ သူတို့ ကျန်းမာရေး ဌာန လုပ်နေပြီ” ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျန်းမာရေးဝန်ထမ်းများ ဓါတ်ခွဲအဖြေ စစ်ဆေးနိုင်ရန်အတွက် စဝ်စံထွန်းဆေးရုံမှ ဆရာဝန်ကြီးများ ရန်ကုန်သို့ သင်တန်း တက်ထားပြီ ဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးများလည်း ရန်ကုန်သို့ သင်တန်းသွားတက်နေပြီ ဖြစ်ကြောင်း သိရသည်။

“သေချာကတော့ စက်က ကျန်းမာရေးဝန်ကြီးဌာနက ပေးမယ်။ ကျနော်တို့ သျှမ်းပြည်နယ်အစိုးရက ဒီစက်ထားဖို့နေရာနဲ့ စက်တင်လာဖု့ိအတွက် ကျသင်တဲ့ ငွေစရိတ်ကို ကျနော်တို့ ပေးမယ်” ဟု ဒေါက်တာ မျိုးထွန်း က ဆိုသည်။

ကိုဗစ်-၁၉ စစ်ဆေးနိုင်မည့် စက်သည် တလုံးလျှင် ကျပ်သိန်း ၁၂၆၄ ကုန်ကျမည်ဖြစ်ပြီး၊ ထိုစက်ထားသည့်နေရာ ပြုပြင်ရန် အဓိက သုံးရမည့် ပစ္စည်းများ က နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများဖြစ်သည့် အတွက် ကုန်ကျစရိတ်များကြောင်းလည်း ဒေါက်တာမျိုးထွန်း ကထပ်လောင်းပြောသည်။

ဒီစက်ထားတဲ့နေရာ ပြုပြင်ဖို့ အဓိက သုံးရတဲ့ ပစ္စည်းတွေက နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေ ဖြစ်တဲ့ခါကတော့ ကုန်ကျ စားရိတ်ကလည်း များနေတယ်။” လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကပြောသည်။

Covid-19 စမ်းသပ်သည့် စက်ကို ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ပေးမည်ဖြစ်ပြီး ဓါတ်ခွဲခန်းပြင်ဆင်ခြင်းကို သျှမ်းပြည်အစိုးရက ပြင်ဆင်ပြီး သင်တန်းတက်ထားသည့် ကျန်းမာရေးဝန်ထမ်းများလည်း ရှိထားပြီဖြစ်သည့်အတွက် စက်တပ်ဆင်ပြီးလျှင် စတင်စမ်းသပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...