Thursday, April 25, 2024

မူဆယ်မြို့ တွင် ဗုံး ၂ လုံးပေါက်ကွဲ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက်တွင် ယနေ့နေ့လည် ၁နာရီကျော်က ဗုံး ၂ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည့် စွမ်စော်ရပ်ကွက် (၁) နှင့် (၂) လမ်းကြားတွင် ဖြစ်ပွားခဲ့ပြီး၊ ထို ပေါက်ကွဲမှုသည် မည်သူ့လက်ချက်ကြောင့် ဖြစ်ပွားသည်ကို မသိရှိရကြောင်း မူဆယ် ဒေသခံများပြောပြချက် အရ သိရသည်။

” ဒီနေ့ နေ့လည် က ဗုံး ၂လုံးပေါက်ပါတယ်။ ကျနော်တို့အဲ့နေရာကို ရောက်သွားသေးတယ်။ လူထိခိုက်မှု မရှိလို့ ပြောပါတယ်။ ဒါကြောင့် ကျနော်တို့ ပြန်လာတာပါ” ဟု မူဆယ်မြို့ ဂရုဏာလူမှုရေး အသင်းမှာ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မူဆယ်ဒေသခံတချို့ပြောပြချက် အရ ဗုံးပေါက်ကွဲမှုကြောင့် ကလေး တဦး နဖူးတွင် ဗုံးစ  အနည်းငယ်ထိခိုက်ခဲ့သည်ဟု ဆိုပါသည်။

“ ဒီရက်ပိုင်း ဗုံးတွေ ဆက်တိုက်ပေါက်တယ်။ ခါတိုင်းက ညဘက်ပေါက်တယ်။ အခုနေ့လည် ဘက် ပေါက်ကွဲတော့ ပြည်သူတွေ ထိမှာပဲ စိုးရိမ်ရတယ်” ဟု မူဆယ်မြို့ စွမ်စော်ရပ်ကွက်နေထိုင်သူ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

မူဆယ်မြို့တွင် ယခုရက်ပိုင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေပြီး၊ မည်သူ/မည်သည့်အဖွဲ့အစည်း လက်ချက်ကြောင့် ဖြစ်သည်ကို ယနေ့အချိန်ထိ တရားခံ မပေါ်ခဲ့ပေ။

ထို့ပြင် ယမန်နေ့တွင်လည်း မူဆယ်မြို့ မန့်ဝိန်း နယ်စပ်ဂိတ်တွင် ဖောက်ခွဲရေးတွင် အသုံးပြုသည့်Shock Tube Detonator များ ဖမ်းဆီးရမိကြောင်းသေးသည်။

မူဆယ်မြို့ တွင် မေ ၁၁ရက် နှင့် မေ ၁၂ရက် တွင် ၂ည ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article