Tuesday, January 27, 2026

ကိုဗစ်ကြောင့် သျှမ်းတောင် ဂေါ်ဖီထုပ် စိုက်ခင်း များအရှုံးပေါ်

ကိုဗစ်-၁၉ ကာလ အတွင်း သျှမ်းပြည်တောင်ပိုင်း ဂေါ်ဖီထုပ် စိုက်ပျိုးသည့် တောင်သူများ အရှုံးပေါ်  ကာ အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

 

Photo by ဒေသခံတဦး

သျှမ်းပြည်တောင်ပိုင်း တွင် ဂေါ်ဖီထုပ် စိုက်ပျိုးသည့် ဧကပေါင်း ၁ သောင်းကျော်ရှိပြီး  ဟဲဟိုး၊ပင်းတယ၊ ပင်လောင်းမြို့နယ်တို့တွင်အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။

လက်ရှိ အရှုံးပေါ်နေသည့် ဂေါ်ဖီထုပ် စိုက်ပျိုးသည့် တောင်သူများကို သျှမ်းပြည်အစိုးရနှင့် ကမ္ဘောဇ ဘဏ် တို့ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ပေးနေကြောင်းလည်း သျှမ်းပြည် စိုက်ပျိုးရေး ဌာန ပြည်နယ် ဦးစီးမှူး ဦးတင်ဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကျေးလက် ဦးစီးဌာန အနေနဲ့လည်း အခင်းရှင်တွေနဲ့ ပေါင်းပြီး ရပ်ကွက်နေ ပြည်သူတွေ ပေးတယ်။ ပရဟိတ ကျောင်းတွေဖြန့်ဝေပါတယ်။ တပ်မတော်ကလည်း တောင်သူတွေ စိုက်ထားတဲ့ အခင်း အလကားမဖြစ်အောင် တိုင်းမိသားစု တွေကို ဝေပေးပါတယ် ” ဟု ဦးတင်ဦး က ဆိုသည်။

အရှုံးပေါ်နေသည့် ဂေါ်ဖီထုပ်စိုက်တောင်သူများထံကို သျှမ်းပြည် အစိုးရ က ကွင်းဆင်းပြီး ကူညီဆောင်ရွက်မှုများပြုလုပ်ကြောင်း သိရသည်။

Photo by ဒေသခံတဦး

ထိုပြင် ပင်လောင်းမြို့နယ် နောင်တရားမြို့ဘက်ကို ကမ္ဘောဇ ဘဏ်က ဂေါ်ဖီထုပ် ၃ သိန်းကျော် ဝယ်ယူပြီး ရန်ကုန်၊ မန္တလေး ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာ သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကိုတူးငယ် ကပြောသည်။

“ KBZ နာယက ဦးအောင်ကိုဝင်း က ရောင်းဖို့ ခက်ခဲနေတဲ့ ဂေါ်ဖီထုပ် တွေကို ဝယ်ယူပြီး ပြည်သူတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။တင်ပို့သွားဖို့အတွက်လည်း ကားခ အပါအဝင် ကုန်ကျခံထားပါတယ်” ကိုတူးငယ် က ပြောသည်။

သျှမ်ပြည်တောင်ပိုင်းသည် စိုက်ပျိုးရေးကို သာ အဓိက ထားအားကိုးနေရသည့် ဒေသဖြစ်သကဲ့သို့ ထွက်ရှိလာသည့် သီးနှံများကို မြန်မာပြည်တဝှမ်းသို့တင်ပို့ ရောင်းချနေသည့် ပင်မ စိုက်ပျိုးရေး ဒေသတခုလည်း ဖြစ်သည်။

လက်ရှိ မြန်မာတဝှမ်းတွင် ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာကာ သျှမ်းပြည်တောင်းပိုင်း တွင် စိုက်ပျိုးနေသည့် သီးနှံများ ပြည်မကြီးသို့ပို့ဆောင်ရန် ခက်ခဲလာပြီး တောင်သူများ အရှုံးများဖြင့် ရင်ဆိုင်နေရသည်။

တောင်သူများအနေဖြင့် သီးနှံထွက်ကုန်များ ပြည်မကြီးသို့အလွယ်တကူ တင်ပို့ပြီး ရောင်းချနိုင်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင်များ စီမံပေးရန်လည်း တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တောင်ပိုင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ ကျဆင်း၊ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ

0
သျှမ်းပြည် တောင်ပိုင်းတွင် ဂေါ်ဖီထုပ်များ ဝယ်သူမရှိဘဲ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထားသည့် တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ ကလောမြို့နယ် အောင်ပန်းမြို့တကြောတွင် ဂေါ်ဖီထုပ်ရာသီချိန် ဖြစ်သော်လည်း ဝယ်သူမရှိသည့်အပြင် ဂေါ်ဖီတစ်ထုပ်လျှင် ၂၀၀ ကျပ်အထိ ဈေးကျနေသည့်အတွက် စိုက်ပျိုး ထားသူများ အရှုံးနှင့်သာ ရင်ဆိုင်နေကြရကြောင်း အောင်ပန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...