ကျိုင်းတုံ ကိုဗစ် လူနာအမှတ် ၁၁၂ Negative ဖြစ်ပြီ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံ တွင် တက်ရောက်ဆေးကုသနေသည့် လူနာအမှတ် ၁၁၂ သည် Negative ဖြစ်ပြီး ဆေးရုံဆင်းရန်အတွက် ၁၄ ရက်စောင့်ကြည့်ထားကြောင်း သိရသည်။

 

လူနာ အမှတ် ၁၁၂ သည် မေလ ၂၂ ရက်နေ့က Negative ဖြစ်ပြီး သီးသန့်ခန်းတွင် ပြောင်းရွေ့ထားကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဒေါက်တာလှဌေးမင်း ကပြောသည်။

“သူ့ကို ၁၄ ရက်စောင့်ကြည့်ထားတယ်။ ၁၄ ရက်ပြီးရင်တော့ ဆေးရုံကနေ ဆင်းခွင့်ရမှာပါ” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

သျှမ်းပြည်နယ်တွင် Covid-19 positive ဖြစ်ပွားသူ သျှမ်းအရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ၁ ဦး သာ ကျန်ရှိကြောင်း ဒေါက်တာလှဌေးမင်း ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ Covid-19 positive အတည်ပြု လူနာ ၃ ဦး ရှိပြီး ၎င်းတို့သည် လူနာ အမှတ် ၉ ၆ သည် မေလ ၂၀ ရက်နေ့က ဆေးရုံက ဆင်းခွင့်ရပြီး လူနာ အမှတ် ၁၁၂ သည်လည်း ဆေးရုံဆင်းရန်အတွက် မေလ ၂၂ ရက်နေ့က စောင့်ကြည့်မှုအောက် ပြောင်းရွှေ့ထားပြီ ဖြစ်ကြောင်းသိရသည်။

လက်ရှိ အချိန်ထိ ကုသမှု ခံယူနေဆဲ အတည်ပြုလူနာ ၆၄ သည် ၇ ကြိမ်မြောက် ဓါတ်ခွဲ နမူနာ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်နယ် အားလုံးသည် Covid-19 အတည်ပြု လူနာ ၇ ဦးရှိပြီး သျှမ်းတောင် ၂ ဦး ၊ သျှမ်းမြောက် ၂ ဦး နှင့် သျှမ်းအရှေ့ ၃ ဦး ရှိပြီး စုစုပေါင်း အတည်ပြု လူနာ ၇ ဦး ရှိသည်။ အတည်ပြု လူနာ ၇ ဦး အနက် ၆ ဦးသည် Negative ဖြစ်ပြီး တစ်ချို့သည်လည်း ဆေးရုံမှ ဆင်းခွင့် ရသွားပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE