ကိုဗစ်ကာလ သျှမ်းပြည်တော်လှန်ရေးနေ့ အကျဉ်း ပြုလုပ်

ယနေ့ (မေ ၂၁ ) တွင် ကျရောက်သည့် (၆၂) ကြိမ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ ကို ကိုဗစ်-၁၉ ကြောင့် သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့သည် သက်ဆိုင်ရာ ဌာနချုပ်နေရာတွင် အမှတ်တရ အနေဖြင့် အကျဉ်း ပြုလုပ်ခဲ့သည်။

သျှမ်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်မှာ ကျင်းပပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် ( RCSS/SSA) သည် ဌာနချုပ်ရှိရာ လွယ်တိုင်းလျှန်း မှာ ကျင်းပ ပြုလုပ်ခဲ့သည်။

Photo by RCSS/SSA

“Covid-19 ရောဂါကြောင့် မလို့ ဒီနှစ်တော့ အရင်နှစ်ကလိုမျိုး ကြီးကျယ်ခမ်းနားစွာ မပြုလုပ်ဘူး။ အမှတ်တရ အနေနဲ့ ပဲ ပြုလုပ်ခဲ့တယ်။” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း SSPP/SSA တွင်လည်း ဝမ်ဟိုင်း ဌာနာချုပ်ရှိရာ နေရာတွင် တာဝန်ရှိသူများမှ သျှမ်းပြည်တော်လှန်ရေး သမိုင်းကြောင်း ကို ဟောပြောခဲ့သည်။

“ဒီနှစ် တော့ ရောဂါကြောင့် ကြီးကြီးကျယ်ကျယ် မလုပ်ဘူး။ အမှတ်တရ အနေနဲ့ ပဲ လုပ်တာ။ အခမ်းအနား တက်ရောက်တဲ့ ပြည်သူတွေ တပ်သားတွေကို နှာခေါင်းစည်းတွေ ပေးဝေပြီး လက်ဆေးခိုင်းတယ်။ ၅ ပေ အကွာ မှာ ထိုင်ခိုင်းတယ်။” ဟု ဝမ်ဟိုင်း လူငယ် စိုင်းလျှန်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo by Taihunmai Radio

RCSS/SSA တပ်ဖွဲ့သည်လည်း သျှမ်းပြည်သူများ အတွက် မေ့မရနိုင်သော တစ်နေ့ ဖြစ်ပေမယ့် လူစုလူဝေး မဖြစ်အောင် ရောဂါကို ကြိုတင် ကာကွယ်သည့် အနေဖြင့် သံယာတော်များ ဆွမ်းကပ်ခြင်း ၊ လွမ်းသုပန်းခွေချခြင်း နှင့် သူရဲကောင်းတို့ကို ဆုချီးမြင့်ခြင်း စသည့် အမှတ်တရ အနေဖြင့် ကျင်းပခဲ့ကြောင်း ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

၁၉၅၈ ခုနစ်မှ စတင်ခဲ့သည့် သျှမ်းပြည် တော်လှန်ရေး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများမှာ

၁။ ပြည်ထောင်စု အစိုးရ က သျှမ်းပြည် အမျိုးသား၏ အခွင့်အရေးကို မတရားနှိပ်ကွပ်ခြင်း။

၂။ ဗမာပြည်ခေါင်းဆောင်များက ၁၉၄၇ ခုနစ် ပင်လုံ ကတိ ကဝတ်ကို မလိုက်နာ၍ တဖက်စောင်းလုပ်ဆောင်လာခြင်း။
၃။ဗမာ့ တပ်မတော်ဖက် ကလည်း မဟာဗမာ လူမျိုးကြီး ဝါဒ ကို ကျင့်သုံးလာခြင်း စသည့် အကြောင်းများကြောင်းပေါ်ပေါက်လာရခြင်းဖြစ်သည်။

သျှမ်းပြည်အမျိုုးသားများက ကိုယ့်တိုင်းပြည်၊ ကိုယ့်ရသင့် ရထိုက်သည့်အခွင့်အရေးများနှင့် ကိုယ့် ဘဝတည်မြဲအတွက် ကာကွယ်စောင့်ရှောက်နိုင်ရန် ရရာ လက်နက်စွဲကိုင်ပြီး စစ်တပ်ဖွဲ့စည်းကာ စတင်တော်လှန် သည့်နေ့တနေ့ဖြစ်သည်။

၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့ကို သျှမ်းပြည်သားမျိုးချစ်များနှင့် သျှမ်းပြည်တော်လှန်ရေးခေါင်းဆောင်များက သျှမ်းပြည်တော်လှန်ရေးနေ့ ( ကိုယ့်ရသင့်ရထိုက်သော အခွင့်အရေးများကို ပြည်လည်ရရှိရေးအတွက် တော်လှန်ပုန်ကန်ရန် စစ်တပ်တည်ထောင်ဖွဲ့စည်းသောနေ့) ဟု ဆုံးဖြတ်သတ်မှတ်မခဲ့သည်။

ထို့ပြင် နောင်လာနောက်သား သျှမ်းပြည်မျိုးဆက်သစ်များ သတိရဂုဏ်ယူပြီး ဆက်လက်တာဝန်ထမ်းဆောင်သွားနိုင်ရန် နှစ်စဉ်နှစ်တိုင်း သျှမ်းပြည်တော်လှန်ရေးနေ့ ဂုဏ်ပြုကျင်းပခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...