တီကျစ် ကျောက်မီးသွေး စက်ရုံ လည်ပတ်ခွင့် ဥပဒေနှင့် ညီညွတ်မှု မရှိ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစမ်းသပ်လည်ပတ်ခွင့် ပြုထားခြင်းသည် ဥပဒေဘောင် နှင့် ညီညွှတ်မှု မရှိကြောင်း စုံစမ်းသိရသည်။

တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး လည်ပတ်နိုင်ရန်အတွက် EIA အစီရင် ခံစာ လုပ်ထုံး လုပ်နည်းအရ အတည်ပြုထားခြင်း မရှိကြောင်း နှင့် အစီရင်ခံစာပေါ်တွင်လည်း ECG လက်မှတ် လုပ်ငန်း လိုင်စင်မရှိဘဲ စက်ရုံ သက်တမ်းတိုးခြင်း များ စက်ရုံ လည်ပတ်ခွင့်များ ပြုလုပ်နေခြင်းသည် ဥပဒေ နှင့် ညီညွတ်မှု မရှိကြောင်း MATA အဖွဲ့ဝင် ကိုအောင်ကျော်မိုး ကပြောသည်။

“စက်ရုံကို ဥပဒေမဲ့ စမ်းသပ်လည်ပတ်မှု ခွင့်ပြုထားတယ်ဆိုတာ အစိုးရ တစ်ရပ်က ဥပဒေဘောင်တွေ နဲ့ ညီညွတ်အောင် မလုပ်ထားဘူးဆိုတဲ့ ကိစ္စ လက်ရှိဖြစ်ပေါ်နေတယ်” ဟု ကိုအောင်ကျော်မိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တီကျစ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံသည် ဒေသခံများ နှင့် ပတ်ဝန်းကျင် အပေါ် ထိခိုက်နှစ်နာ ပျက်စီးမှုကို မည်သူက တာဝန်ခံရှင်းလင်းမည်ဆိုတာ မရှိသေးကြောင်း ကိုအောင်ကျော်မိုး က ပြောသည်။

တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံလည်ပတ်မှုသည် ဥပဒေ နှင့် အညီ လည်ပတ်နေကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က မေလ ၁၉ ရက်နေ့မှာ ပြည်သူ့လွှတ်တော်တွင်း ပြောကြားခဲ့သည်။

ထို့ပြင် မေလ ၁၉ ရက် က တီကျစ် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ပေါ်လာသည့် အညစ်အကြေးများကြောင့် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုနှင့် ပတ်သက်ပြီး ၎င်း စက်ရုံအား ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ နှင့် ညွှန်ကြားချက်များ လိုက်နာပြီး အကောင်အထည်ဖော်ခြင်း ရှိမရှိ ပြည်သူ့လွှတ်တော် ကြယ်ပွင့်ပြမေးခွန်းကို မိုင်းရှုးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက မေးမြန်းခဲ့သည်။

ဆက်လက်ပြီး စက်ရုံလည်ပတ်ခွင့်ကို သုံးနှစ်ထိ သက်တမ်းတိုးပေးခဲ့ခြင်းကို အစိုးရမှ ပြန်လည် သုံးသပ်ပေးရန် အစီစဉ် ရှိ မရှိ စသည့် မေးခွန်းများကိုလည်း စိုင်းထွန်းအေး ကမေးမြန်းခဲ့သည်။

တီကျစ်ကျောက်မီးသွေး စက်ရုံသည် နိုင်ငံတော် အတွက် အကျိုးရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ပြောကြားခဲ့သည်။

တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ဟာ ကုမ္ပဏီများ နှင့် ပြင်ဆင်ပြီး ဆောင်ရွက် သည့်အချိန်တွင် စက်တစ်လုံးကို ၅၀ မဂ္ဂါဝပ် ဖြင့် စက်နှစ်လုံးပေါင်း ၁၀၀ မဂ္ဂါဝပ်သည် လျှပ်စစ်ဓာတ်အား လိုအပ်ချက် လုံလုံလောက်လောက် မဟုတ်သော်လည်း အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်မှ အကျိုးဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းနေသည့်အတွက် တီကျစ်စက်ရုံမှ ဓာတ်အား ထုတ်လုပ်မှုသည် အကျိုးကျေးဇူးရှိကြောင်း ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ဖြေကြားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ၊ အရပ်ဘက် မဟာမိတ်အဖွဲ့ ( MATA)  အဖွဲ့မှ ဝန်ကြီးဖြေကြားသည့် အပေါ် ဥပဒေပြဋ္ဌာန်းချက်အား မျက်ကွယ်ရာပြု ဖြေကြားခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

တီကျစ် ကျောက်မီးသွေး စက်ရုံ နှင့် ကျောက်မီးသွေး မိုင်းမှ စွန့်ပစ်ရေဆိုး၊ စွန့်ပစ်ပြာ လေထု ညစ်ညမ်းမှု များကြောင့် ဒေသခံ လူထု ၏ နေ့စဉ် ကြုံတွေ့နေရသည့် လူမှုရေး စီးပွားရေး ကျန်းမာရေး ထိခိုက်နေမှု နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေမှု များကို လစ်လျူရှု့ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ် တပ်၍ ကုမ္ပဏီ ၏ အကျိုးစီးပွားကို ကာကွယ်ပေးနေသည် ဟု MATA က သုံးသပ်လိုက်သည်။

“အစိုးရက ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေအတွက်ပဲ အကျိုးစီးပွားဖြစ်ထွန်းတယ်လို့ ကျနော်တို့ သုံးသပ်ထားပါတယ် ” ဟု MATA အဖွဲ့ဝင် ကိုအောင်ကျော်မိုး ကပြောသည်။

တီကျစ် စက်ရုံ ကို ၂၀၁၉ ခုနစ်မှ ၂၀၂၂ ခုနစ် အထိ ၃နှစ် သက်တမ်း ထပ်မံတိုးပေးလိုက်ပြီး ဥပဒေ မူဘောင် နှင့် မညီညွတ်ကြောင်းလည်း ကိုအောင်ကျော်မိုး က ဆိုသည်။

ကျောက်မီးသွေး တူးဖော်ခြင်း၊ ကျောက်မီးသွေးမှ ထွက်ရှိလာသည့်လောင်စာများ၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ပြန်လည်ကုစား၍ မရနိုင်သည့် သာဓကများကမ္ဘာတဝှမ်းတွင်ရှိသည်။

လူနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးရွားထိခိုက်နိုင်သည့် အပြင် နိုင်ငံတော် ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု များကို အထောက်အကူ မဖြစ်နိုင်သည့် ကျောက်မီးသွေး တူးဖော်မှုနှင့် စက်ရုံလည်ပတ်နေမှု ကို အမြန်ဆုံးပိတ်သိမ်းပေးရန် လည်း MATAက တောင်းဆိုလိုက်သည်။

“ စက်ရုံက ထွက်လာတဲ့ အနံ့က တော်တော်ဆိုးဆိုးဝါးဝါးပဲ။ ကျနော်တို့ နှစ်ပေါင်းများစွာ ရှုရှိုက်နေရတယ်။ ကျန်းမာရေး ပြဿနာကတော့ ကျနော်တို့ စတင်ရင်ဆိုင်နေရပြီ” ဟု ပင်လောင်းမြို့ နယ် အတွင်းနေထိုင်သည့် အမျိုးသား တဦး က ပြောသည်။

တီကျစ် ကျောက်မီးသွေး တူးဖော်မှုကြောင့် ရေ အရင်းအမြစ်များ ဆုံးရှုံးက စိုက်ပျိုးရေး ခက်ခဲခြင်း၊ သောက်သုံးရေများခက်ခဲခြင်း နှင့် စက်ရုံမှ ထွက်လာသည့် အနံ့ ကြောက် ကိုယ်ဝန်သည် အမျိုးသမီးများ ကိုယ်ဝန်မကြာခဏ ပျက်ကျခြင်း၊ မသန်စွမ်း၊ ကိုယ်အင်္ဂါမပြည့်စုံသော ကလေးငယ်များကို မွေးဖွားလာကြောင်း ပင်လောင်းဒေသခံများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...