ကျောက်မဲမြို့နယ်အတွင်း မြေငှားဂရမ်နှင့်ပတ်သက်ပြီး လျောက်ထားမှုအရေအတွက်များပြား၊ ၃ နှစ်စာအတွက် အမှုတွဲ ၆၀ ကျန်

သျှမ်းပြည်နယ် ၊ မြောက်ပိုင်း ကျောင်းမဲမြို့နယ် အတွင်း NLD ပါတီအစိုးရသစ်လက် ထက်တွင် မြေဂရမ် လျှောက်ထားခြင်း ၊ သက်တမ်းတိုးခြင်းလျှောက် ထားခြင်းနှင့်ပတ်သက်ပြီး ကျန်ရှိအမှုတွဲ မှာ ၆၀ ရှိနေသေးကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံးကျော်ကဖြေကြားသည်။

ကျောက်မဲ မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ၄င်းနှင့်ပတ်သက်ပြီး မတ်လ၂၈ ရက်နေ့က ကျင်းပခဲ့သောဒုတိယအကြိမ် ၊ သျှမ်းပြည် နယ်လွှတ် နဝမပုံမှန်အစည်းအဝေး ၊ ဒုတိယနေ့ တွင် ကြယ်ပွင့်ပြ မေးခွန်းအဖြစ်မေးမြန်းခဲ့သည် ။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံးကျော်က- ကျောက်မဲမြို့နယ်အတွင်း မြေငှားဂရမ် အမည်ပေါက် သက်တမ်းတိုး ဂရမ်သစ် လျှောက်ထားမှုအရေအတွက် မှာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် (၁၁၂) ခု၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် (၁၁၃) ခုနှင့် ၂၀၁၇ -၁၈ ဘဏ္ဍာရေး နှစ်တွင် (၁၁၅) ခု စုစုပေါင်း (၃၄၀) ခု ရှိ ကြောင်း ၊ လက်ရှိချိိန်အထိ ၂၈၀ ခုအားဖြေရှင်းပေးပြီး ကျန်ရှိနေသည့်ဖြေရှင်းရန်မှာ ၆၀ ခုရှိနေကြောင်း -ဖြေကြားသည်။

မြေငှားဂရမ် အမည်ပေါက် သက်တမ်းတိုး ဂရမ်သစ် လျှောက်ထားမှုအား ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ၁၁၀ ခု ၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ၄၉ ခု ၂၀၁၇ -၁၈ ဘဏ္ဍာရေး နှစ်တွင် ၈၄ ခုထုတ်ပေးနိုင်ခဲ့ပြီး ဂရမ်ဆိုင်ရာမြေတွဲလျှောက်ထားရန် အတွက် အမှုတွဲ ၂၄ တွဲ အားပိတ်သိမ်းခဲ့သည် ။

ထို့အပြင် လျှောက်ထားသူကွယ်လွန်ခြင်းအမည် ပြောင်း၍ ပြန်လည်လျှောက်ထား လိုခြင်းအတွက် ကာယကံရှင် ဆန္ဒအရ အမှုတွဲ (၁၃) ခုပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းဆိုပါသည်။

ထို့အတွက်ကျောက်မဲမြို့နယ်အတွင်း မြေငှားဂရမ်ထုတ် ပေးမှုအရေအတွက်မှာ စုစုပေါင်း (၂၄၃) ခုရှိပြီး ပိတ်သိမ်းခဲ့သည့်အမှုတွဲပေါင်း (၃၇) ခုရှိကြောင်းသိရသည်။

ထုတ်ပေးရန် ကျန်ရှိသည့် အမှုတွဲ (၆၀) အား ပြေငှားဂရမ်ဆက်လက် ထုတ်ပေး နိုင်ရေး မြေယာဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...