Tuesday, April 30, 2024

ကျောက်မဲမြို့နယ်အတွင်း မြေငှားဂရမ်နှင့်ပတ်သက်ပြီး လျောက်ထားမှုအရေအတွက်များပြား၊ ၃ နှစ်စာအတွက် အမှုတွဲ ၆၀ ကျန်

Must read

သျှမ်းပြည်နယ် ၊ မြောက်ပိုင်း ကျောင်းမဲမြို့နယ် အတွင်း NLD ပါတီအစိုးရသစ်လက် ထက်တွင် မြေဂရမ် လျှောက်ထားခြင်း ၊ သက်တမ်းတိုးခြင်းလျှောက် ထားခြင်းနှင့်ပတ်သက်ပြီး ကျန်ရှိအမှုတွဲ မှာ ၆၀ ရှိနေသေးကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံးကျော်ကဖြေကြားသည်။

ကျောက်မဲ မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ၄င်းနှင့်ပတ်သက်ပြီး မတ်လ၂၈ ရက်နေ့က ကျင်းပခဲ့သောဒုတိယအကြိမ် ၊ သျှမ်းပြည် နယ်လွှတ် နဝမပုံမှန်အစည်းအဝေး ၊ ဒုတိယနေ့ တွင် ကြယ်ပွင့်ပြ မေးခွန်းအဖြစ်မေးမြန်းခဲ့သည် ။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံးကျော်က- ကျောက်မဲမြို့နယ်အတွင်း မြေငှားဂရမ် အမည်ပေါက် သက်တမ်းတိုး ဂရမ်သစ် လျှောက်ထားမှုအရေအတွက် မှာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် (၁၁၂) ခု၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် (၁၁၃) ခုနှင့် ၂၀၁၇ -၁၈ ဘဏ္ဍာရေး နှစ်တွင် (၁၁၅) ခု စုစုပေါင်း (၃၄၀) ခု ရှိ ကြောင်း ၊ လက်ရှိချိိန်အထိ ၂၈၀ ခုအားဖြေရှင်းပေးပြီး ကျန်ရှိနေသည့်ဖြေရှင်းရန်မှာ ၆၀ ခုရှိနေကြောင်း -ဖြေကြားသည်။

မြေငှားဂရမ် အမည်ပေါက် သက်တမ်းတိုး ဂရမ်သစ် လျှောက်ထားမှုအား ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ၁၁၀ ခု ၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ၄၉ ခု ၂၀၁၇ -၁၈ ဘဏ္ဍာရေး နှစ်တွင် ၈၄ ခုထုတ်ပေးနိုင်ခဲ့ပြီး ဂရမ်ဆိုင်ရာမြေတွဲလျှောက်ထားရန် အတွက် အမှုတွဲ ၂၄ တွဲ အားပိတ်သိမ်းခဲ့သည် ။

ထို့အပြင် လျှောက်ထားသူကွယ်လွန်ခြင်းအမည် ပြောင်း၍ ပြန်လည်လျှောက်ထား လိုခြင်းအတွက် ကာယကံရှင် ဆန္ဒအရ အမှုတွဲ (၁၃) ခုပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းဆိုပါသည်။

ထို့အတွက်ကျောက်မဲမြို့နယ်အတွင်း မြေငှားဂရမ်ထုတ် ပေးမှုအရေအတွက်မှာ စုစုပေါင်း (၂၄၃) ခုရှိပြီး ပိတ်သိမ်းခဲ့သည့်အမှုတွဲပေါင်း (၃၇) ခုရှိကြောင်းသိရသည်။

ထုတ်ပေးရန် ကျန်ရှိသည့် အမှုတွဲ (၆၀) အား ပြေငှားဂရမ်ဆက်လက် ထုတ်ပေး နိုင်ရေး မြေယာဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article