သျှမ်းပြည် ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများ ငွေကြေး ထောက်ပံ့မည်

Covid-19 ကာလတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားရန် ရှိကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ စုံစမ်းသိရှိရသည်။

Photo by SHAN

အဆိုပါ ငွေကြေးထောက်ပံ့သည့်ကာလသည် မေလ ၁၅ ရက်မှ ၃၀ ရက်နေ့အတွင်း တစ်ကြိမ် နှင့် ဇွန်လ ၁၅ ရက် မှ ၃၀ ရက် အတွင်း တစ်ကြိမ် ၂ ကြိမ် ခွဲပြီး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“တောင်ကြီးမြို့နယ်ထဲမှာ အိမ်ထောင်စု တစ်သောင်းလေးထောင်ကျော် ရှိတယ်။ တစ်အိမ်ထောင်ကို ဘယ်လောက် ထောက်ပံ့မလဲ ဆိုတာတော့ မသိရသေးဘူး။ တစ်နိုင်ငံလုံးကို တစ်ပြေးညီ ထောက်ပံ့သွားမယ်”ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ စည်းဝေး ဆုံးဖြတ်ချက်အရ ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများကို ငွေကြေး ထောက်ပံ့သွားမည် ဖြစ်သည်။

ဧပြီလ လယ်ပိုင်းက သျှမ်းပြည်တွင်းရှိ မြို့နယ် (၅၅) မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း ၁ သိန်းကျော် ကို နိုင်ငံတော်မှ ပစ္စည်း ၉ မျိုး ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု အခါမှာတော့ ဒုတိယအကြိမ် အဖြစ် ငွေကြေး ထောက်ပံ့ခြင်း များ ဖြစ်သည်။


eastern_breeze
SHARE