ဓလေ့ထုံးတမ်းကြောင့် အမျိုးသမီး အရေး ခက်ခဲနေ

“ မယားဝတ္တရား၊ ယုံကြည်မှု ဓလေ့” ကို ကိုင်စွဲနေ သရွေ့ အမျိုးသမီး အခွင့်အရေး ပညာပေးဖို့ က ခက်ခဲနေမည် ဟု လို့ သျှမ်း ပြည်နယ် အတွင်း အမျိုးသမီး စွမ်းရည် မြှင့်တင်ရေး သင်တန်း ပေးနေသူ များက ဆိုကြသည်။

သျှမ်းပြည်နယ် အတွင်း တွင် အမျိုးသမီး အခွင့်အရေး နှင့် ပတ်သတ်ပြီး သင်တန်းများ ပေးရန် အများကြီး လိုအပ်နေသေးကြောင်း သျှမ်းပြည်နယ် အတွင်း အမျိုးသမိး စွမ်းရည် မြှင်တင်ရေး သင်တန်းပေးနေသူ တဦးဖြစ်သည့် နောင့်ဟွမ် ပြောသည်။

အမျိုးသမီး အခွင့်အရေးများ နှင့် ပတ်သတ်ပြီး သင်တန်းသွားပေး ပါက “ ပုံစံခွက်ထဲကနေ ရုန်းမထွက်နိုင်ကြသေးတာ၊ ဓလေ့ ထုံးစံ ကို ဖက်တွယ် နေတာ၊ အမြင်ဖွင့်ဖို့ တော်တော်ခက်တယ်” ဟု သူမ က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောသည်။

အမျိုးသမီး စွမ်းရည် မြှင့်တင်ရေး ဆွေးနွေးမှု ကို သွားရောက် ပြုလုပ်သည့် အခါ သား၊ သမီးရေး ကို ရှေ့တန်းတင် ဦးစားပေးမှု များကြောင့် အမျိုးသမီး များ ဆွေးနွေးပွဲ ကို လာရောက် ပါဝင်ဖို့ ခက်ခဲနေကြတာကိုလည်း တွေ့မြင်ခဲ့ရကြောင်း နန်းနောင့်ဟွမ် က ဆိုသည်။

အဓိက အနေနဲ့ အခြေခံ လူ့အသိုင်းအဝန်း က အမျိုးသမီးတွေကို ပညာပေးလုပ်ပေးဖို့ အခက်အခဲဆုံးပါပဲ လို့ သူမ က ပြောသည်။

“ ကျေးလက်ဒေသ မှာနေထိုင်တဲ့ အမျိုးသမီးတွေ က ဂျန်ဒါ ဆိုတာ သူတို့ မသိရှိသေးတာ။ နောက် အိမ်တွင်း အကြမ်းဖက်မှု ယောကျင်္ားက မိန်းမ ရိုက်တာ တိုင်လို့ရတယ်ဆိုတာ လည်း မသိ နားမလည်ကြဘူး” ဟု သူမ က ဆက်လက်ပြောသည်။

“သားကို သခင်၊ လင်ကို ဘုရား” ဆိုတဲ့စကားပုံ အရလည်း အမျိုးသားများ က အမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှု ပြုလုပ်လျှင်လည်း ငြိမ်ခံရ မည် ဟု ရှေးလူကြီး များ ဆို ဆုံးမ ခဲ့ကြသည်။ လက်ရှိ အချိန်ထိ ထို ဆိုရိုး စကားကို လက်ဆင့်ကမ်း သုံးစွဲနေကြသေးသည်။

“ အိမ်တွင်း ကိစ္စ အိမ်ပြင်မထုတ်ရဘူး။ ကြား ၃ကြား မဝင်ရဘူး။ လင်ယောကျင်္ား ရိုက်ရင်လည်း ခံရမယ်။ သူက ကိုယ့်ယောကျင်္ားပဲ လေ”ဆိုတဲ့ အယူအဆတွေ ပျောက်ကွယ်ဖို့ လိုအပ်နေကြောင်းလည်း အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြသည်။

အမျိုးသမီးများသည် ဓလေ့ထုံတမ်း၊ ယဉ်ကျေးမှု အစွဲအလမ်းများကို ပယ်ဖျက်ဖို့ ခက်ခဲကြကြောင်း နန်းမြဦးက ပြောသည်။

“ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသူတွေကို ထူး ဆန်းတဲ့ သူလို့ သတ်မှတ်ကြပါတယ်။ နောက် ပြီး ဂျန်ဒါ မမတွေလို့ လည်း နောက်ကွယ်မှာ ပြောဆိုစနောက်တက်ကြပါတယ်” ဟု နန်းမြဦးက ပြောသည်။

ဂျန်ဒါ ဆိုသည့် စကားလုံး ကို ပြောဆိုလိုက်သည့်အခါ အမျိုးသားများ ကိုယ်တိုင် က ကြောက်လန့်နေကြတာကို တွေ့ရ ကြောင်း၊ ဂျန်ဒါ ဟု ဆိုလိုက်ကာ အမျိုးသမီးများ နေရာလိုချင်ကြသည်ဟုလည်း တချို့ အမျိုးသားများက ပြောဆိုကြ သည် ဟု အမျိုးသမီး အရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။

လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ဆိုသည့် စကားလုံးကို ကျေးလက်ဒေသနေ အမျိုးသမီး များအနေနဲ့ အလွန်စိမ်းနေသေးသည့် စကားလုံး ဖြစ်ကြောင်း လည်း ကျွန်းတထောင်မြေဖောင် ဒေးရှင်းတည်ထောင်သူ နန်းဝါနုက ပြောသည်။

အခြေခံအမျိုးသမီးတွေကို ကိုယ်တိုင်ရုန်းထွက်ဖို့နဲ့ ကိုယ်တိုင်ယုံကြည်ချက်ရှိလာအောင် တွန်းအားပေး၊ မြှင့်တင်ပေး ဖို့ လိုအပ်ကြောင်း အမျိုးသမီးအရေး လုပ်ဆောင်နေသူတွေက ပြောကြသည်။

ကျေးလက်ဒေသ တွင် အမျိုးသမီး အခွင့်အရေး ဆွေးနွေးပွဲ ပြုလုပ်မည်ဟု ပြောဆိုလိုက်ပါက အမျိုးသား များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အလိုလို လက်မခံ ဖြစ်ကြသည် ဟု လည်း အမျိုးသမီး စွမ်းရည် မြှင့်တင်ရေး ပညာပေး သင်တန်းပေးသူများက ပြောကြသည်။

“ ကျမတို့ အဖွဲ့တွေသွားရင် ကျေးရွာက လူကြီးတွေက ဒါ ယဉ်ကျေးမှု နဲ့ မကိုက်ညီတဲ့ အဖွဲ့ ဆိုပြီး သတ်မှတ်ကြတယ်။ နောက်ပြီး အမျိုးသမီးတွေကိုယ်တိုင်ကလည်း မအားသေးလို့ ဆိုပြီး မလာကြဘူး” လို ဒေါ်နန်းဝါနုက ဆိုသည်။

အမျိုးသမီးအရေး ကို အမျိုးသမီးများကိုယ်တိုင် သာမက ပတ်ဝန်းကျင်မှာနေထိုင် သည့် အမျိုးသားများပါ သိဖို့ လိုအပ်သလို အမျိုးသမီးများကိုလည်းအကြမ်းဖက်မှုများ၊ လိင်ပိုင်း ဆိုင်ရာ စော်ကားမှုများ မပြုရန် အမျိုးသားများကိုယ်တိုင် ကူညီ ဆောင်ရွက်ဖို့လိုအပ်သည် ဟု အမျိုးသမီး အရေး တက်ကြွဆောင်ရွက်နေသူများက တောင်းဆိုလိုက်သည်။

မြန်မာ နိုင်ငံ အနေဖြင့် အမျိုးသမီး များ အပေါ် နည်းမျိုးစုံ ဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် ( CEDAW) စီဒေါ ကို ၁၉၉၇ ခုနစ် တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

စီဒေါ တွင် အမျိုးသမီး များနှင့် မိန်းကလေး ငယ်များ ၏ အခွင့်အရေး သဘောတူစာချုပ်ဖြစ်သည်။

“ အမျိုးသမီးတိုင်း က မိမိ ရပိုင်ခွင့် အရေးကို သိဖို့လိုအပ်သလို၊ စီဒေါမှာ ပါတဲ့ အချက်တွေလည်း သိရှိဖို့လိုအပ်တယ်။ နောက်ပြီး ကိုယ်အကြမ်းဖက်ခံရရင် နှုတ်ဆက်မနေဖို့ အရေးကြီးပါတယ်”လို့ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး သင်တန်း ပေးနေသူ နောင့်ဟွမ် က ဆိုသည်။

အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရသည့် ဖြစ်စေ၊ မိမိပတ်ဝန်းကျင်တွင် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများကို တွေ့ရှိသည်ဖြစ်စေ နှုတ်ဆိတ် မနေကြဖို့အရေးကြီးကြောင်းလည်း နောင့်ဟွမ်က တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...