Friday, April 19, 2024

ယူအေအီး နိုင်ငံပြန် တောင်ကြီးဒေသခံ ကိုဗစ်-၁၉ တွေ့

Must read

ယနေ့ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂ဦး ထပ်မံတိုးလာပြီး တဦးမှာ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန မှ ယနေ့ ည ထုတ်ပြန်ချက်တွင် သိရသည်။

ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် ၁၉၂ သည် ပိုးရှိ လူနာ အတည်ပြု လူနာ များ နှင့် ထိတွေ့မှုမရှိသော်လည်း နိုင်ငံခြား ခရီးသွား ရာဇဝင် ရှိပြီး ယူအေအီး နိုင်ငံ က ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို လူနာ သည် အသက် ၃၄ နှစ် အရွယ် အမျိုးသမီး ဖြစ်ပြီး အသွားအလာ ကန့်သတ်ထားသူ ဖြစ်ကာ ယခုခါမှာတော့ ရန်ကုန်မြို့ှ မြောက်ဥက္ကလာမြို့နယ်ရှိ ဝေဘာဂီ အထူးကုဆေးရုံ မှာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉ ၃ ဦး ရှိပြီး သေဆုံးသူ ၆ ဦး နှင့် ပြန်လည် သက်သာလာသူ ၁၀၄ ဦး ရှိထားပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article