Thursday, April 25, 2024

တောင်ကြီး ကိုဗစ်-၁၉ နောက်ဆုံးလူနာ ဆေးရုံဆင်းခွင့်ရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ လူနာ အမှတ် ၁၂၁ သက်သာပျောက်ကင်းပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ရပြီကြောင်း သတင်းရရှိသည်။

Photo by NRC

လူနာအမှတ် ၁၂၁ သည် သျှမ်းပြည်တောင်ပိုင်း ကိုဗစ်-၁၉ လူနာအဖြစ်  ဧပြီလ ၂၁ ရက်နေ့က အစိုးရ ကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရာ မေလ ၁၆ ရက် မှသာ ဆေးရုံမှဆင်းခွင့် ရခဲ့ကြောင်း ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဆေးရုံက ဆင်းပြီး ပြည်နယ်ကျန်းမာရေး ဧည့်ရိပ်သာမှာ Facility Quarantine ၇ ရက် နေနေပါမယ်။ ပြီးရင် Home Quarantine ၇ ရက် နေနေရပါတယ်” ဟု ဒေါက်တာနှင်းအိဖြူ က ဆိုသည်။

လူနာအမှတ် ၁၂၁ သည် အင်္ဂလန်   နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ဆရာ၀န် တဉီးဖြစ်ကြောင်းသိရသည်။

“ဧပြီ ၂၁ ရက်နေ့က ဆေးရုံ စတက်တယ်။ မေလ ၁၆ ရက်နေ့မှာ ဆေးရုံဆင်းတယ်။ကျန်းမာရေးတော့ အားလုံး ကောင်းနေတယ်” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  လူနာ ၁၈၇ ဦး ရှိပြီး ပြန်လည် သက်သာလာသူ ၉ ၇ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိသည်။

သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်းမှာ ကိုးဗစ် ပိုးရှိ လူနာ ကင်းစင်လာပြီး သျှမ်းပြည်အရှေ့ပိုင်းမှာ ကိုးဗစ်-၁၉ လူနာ ၃ ဦး သာ ကျန်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article