တောင်ကြီး ကိုဗစ်-၁၉ နောက်ဆုံးလူနာ ဆေးရုံဆင်းခွင့်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ လူနာ အမှတ် ၁၂၁ သက်သာပျောက်ကင်းပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ရပြီကြောင်း သတင်းရရှိသည်။

Photo by NRC

လူနာအမှတ် ၁၂၁ သည် သျှမ်းပြည်တောင်ပိုင်း ကိုဗစ်-၁၉ လူနာအဖြစ်  ဧပြီလ ၂၁ ရက်နေ့က အစိုးရ ကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရာ မေလ ၁၆ ရက် မှသာ ဆေးရုံမှဆင်းခွင့် ရခဲ့ကြောင်း ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဆေးရုံက ဆင်းပြီး ပြည်နယ်ကျန်းမာရေး ဧည့်ရိပ်သာမှာ Facility Quarantine ၇ ရက် နေနေပါမယ်။ ပြီးရင် Home Quarantine ၇ ရက် နေနေရပါတယ်” ဟု ဒေါက်တာနှင်းအိဖြူ က ဆိုသည်။

လူနာအမှတ် ၁၂၁ သည် အင်္ဂလန်   နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ဆရာ၀န် တဉီးဖြစ်ကြောင်းသိရသည်။

“ဧပြီ ၂၁ ရက်နေ့က ဆေးရုံ စတက်တယ်။ မေလ ၁၆ ရက်နေ့မှာ ဆေးရုံဆင်းတယ်။ကျန်းမာရေးတော့ အားလုံး ကောင်းနေတယ်” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉  လူနာ ၁၈၇ ဦး ရှိပြီး ပြန်လည် သက်သာလာသူ ၉ ၇ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိသည်။

သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်းမှာ ကိုးဗစ် ပိုးရှိ လူနာ ကင်းစင်လာပြီး သျှမ်းပြည်အရှေ့ပိုင်းမှာ ကိုးဗစ်-၁၉ လူနာ ၃ ဦး သာ ကျန်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး သင်္ကြန်မဏ္ဍပ် (၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါးကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်တွင် အတာသင်္ကြန် မဏ္ဍပ် (၉) ခုထက်မနည်း ဆောက်လုပ်ထားပြီး စစ်ကော်မရှင်က စက်သုံးဆီချွေတာရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်လည်း ပြုလုပ်ထားသည်။ ထိုသို့ သင်္ကြန်ပွဲတော် ဆင်နွှဲရန် တောင်ကြီးမြို့တွင် စိတ်ဝင်စားသူ...

တောင်ကြီး ရွှေတောင်ရပ်ကွက် ဖုန်းဆိုင် မီးလောင်မှုဖြစ်ပွား၊ သံသယရှိသူကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထား

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက် ပုပ္ပါးလမ်းဆင်းရှိ ဖုန်းဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ ယမနနေ့ ဧပြီလ (၈)ရက်နေ့ညတွင် ကုန်သည်လမ်းရှိ “My Dream” မိုဘိုင်းဖုန်းဆိုင် ပိုင်ရှင်မှ ဆိုင်သိမ်း၍ နေအိမ်သို့ ပြန်ခဲ့ပြီး အဆိုပါ ဖုန်းဆိုင်ဘေးတွင် အဆောင်ငှားနေထိုင်သူ အသက်...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

တောင်ကြီးတွင် စုံ-မ ယာဉ်များ စစ်ဆေးစဉ် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်တွင် စုံ-မ စနစ်ဖြင့် ယာဉ်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကိုပါ ဖမ်းဆီးနေသည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၁၈) ရက်တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း အပါအဝင် ဝါးပြားလမ်းဆုံနှင့် ဧရာဝတီလမ်းခွဲဘက်တွင် စစ်ကော်မရှင်လက်အောင်ခံ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များက အုပ်စုလိုက်စောင့်ဆိုင်းကာ စုံ-မ...

တောင်ကြီး အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများကို အင်အားသုံးဖြိုနေ၊ ပြည်သူများ နေစရာမရှိ ဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဆောက်လုပ်ထားသည့် ပင်စင်စားအများစုနေထိုင်သော တိုက်ခန်းများနှင့် ဈေးဆိုင်ခန်းများကို အင်အားသုံးကာ စတင်ဖြိုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၁၅)ရက်မှစ၍ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ တိုက်ခန်းများနှင့် ဈေးဆိုင်ခန်းများကို အင်အားသုံးဖြို့ဖျက်နေသောကြောင့် မဖြစ်မနေပြောင်းရွှေ့နေရပြီး သက်ဆိုင်ရာမှ...